နားထောင်စေချင်သည်

တစ်ပါးသူပြောစကားကို သေချာဂရုစိုက်နားထောင်ရင် အကျိုးရှိပါတယ်။မိမိအတွက်သာမက
စကားပြောသူမှလည်း မိမိကိုဂရုစိုက်ကြောင်းမိမိစကားကို အလေးအနက်ထားကြောင်း မှတ်ယူစေပါတယ်။ဒါဟာလူမှု့ဆက်ဆံရေးမှာ တကယ် အသုံးအ၀င်ဆုံးနဲ့ အထင်ရှားဆုံးအချက်ပါ။
ဒီလို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးရင်ရနိုင်မယ့် အကျိုးကျေးဇူးတွေရှိပါတယ်။

၁။ စကားစကားပြောပါများ စကားထဲကဇာတိပြ ဆိုသလို တစ်ဘက်သူပြောစကားထဲက သူ့ရဲ့ စိတ်နေစိတ်ထား စိတ်သဘောထားတွေ သိခွင့်ရပါတယ်။စိတ်ကောင်းရှိသူလား၊ စိတ်ယုတ်မာသူလား
ဆိုတာ နားထောင်ရင်းကသိရမှာပါ။

၂။ တစ်ဘက်လူစကားကို နားထောင်ရင်း ကိုယ်မှားနေတာရှိရင် သိနိုင်သလို တစ်ပါးအဖြစ်အပျက် ကနေလဲ သင်ခန်းစာယူနိုင်တယ်။မမှား ခင်က အမှားကိုကြိုသိနိုင်လို့ အမှားကိုမလုပ်မိနိုင်တော့ဘူး။မှားနေခဲ့ရင်တောင် မိမိအမှားကိုသိပီး ပြုပြင်နိုင်မယ်။

၃။မိမိ မသိသေးမကြားဖူးသော အကြောင်းအရာတွေ သိရှိစေနိုင်တယ်။

၎။သိပီးကြားပီး တွေနားထောင်ရလျှင်လည်း သတိတရား၊အသိတရားဖြစ်စေတယ်။

၅။နားထောင်နေတဲ့အတွက် စိတ်တည်ငြိမ်မူ့ အာရုံ စူးစိုက်မူ့ ရှိစေတယ်။

၆။နားထောင်နေရင်းက အယူအဆ၊အတွေးအခေါ်တွေ ကျယ်ပြန့်တိုးတက်လာမယ်။
မှန်ကန်တဲ့လမ်းကိုလည်းမြင်ရမယ်။

၇။နားထောင်ခြင်းဖြင့် အကြံသစ်ဥာဏ်သစ်တွေလည်း ထွက်လာတတ်ပါတယ်။

၈။တကယ်တော့ နားထောင်ခြင်းက တကယ့်အစွမ်းထက်တဲ့ ပီယဆေးတော်ကြီးပါ။ နားထောင်တတ်သူကို လူတွေခင်မင် တတ် ကြတယ်။နားထောင်တတ်သူဟာ ဆက်ဆံရေးကျယ်ပြန့်တယ်။နားထောင်တတ်မူ့ကြောင့် မိတ်ဆွေများသလို မိမိကို ပြန်လည်စောင့်ရှောက် ကူညီမည့်သူလည်း များပါတယ်။
index.jpg
photo--google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center