Life Of Pi (Movie Review)

" ဘုရား​တွေအများကြီးကို
လိုက်​ပြီးကိုးကွယ်​​နေဖို့မလိုဘူး သား
တစ်​ခုကိုပဲ အ​ကြောင်းပြချက်​​ပေးပြီး​ရွေးချယ်​လိုက်​ "

အရာရာကိုစူးစမ်း​လေ့လာရင်း
မြင်​သမျှ ဘာသာတရား​တွေကို​ဆီးကပ်​ကိုးကွယ်​​နေတဲ့
Pi ကို ဖခင်​ဖြစ်​သူက ​ပြောခဲ့တဲ့စကားတစ်​ခွန်း
(​ခေါင်းထဲမှာသံမှိုစွဲသလိုကျန်​​နေခဲ့တဲ့အထိပဲ)
သူ့ပုံစံကဘုရားကိုအယုံအကြည်​ရှိတဲ့ပုံမ​ပေါ်​ပေမယ့်
တရားမဲ့​နေတဲ့သူမဟုတ်​ဘူးဆိုတာသိပ်​ကို​ပေါ်လွင်​တယ်
ဟိန္ဒူရိုးရာယုံကြည်​ကိုးကွယ်တဲ့သတ်​သတ်​လွတ်​သမား
မိခင်​ဖြစ်​တဲ့သူနဲ့ အ​ကြောင်းပါခဲ့ပုံကိုက​​တွေးစရာပါ
ဘာသာ​ရေးကိုင်းရှိုင်း(အယူသီး)တဲ့အ​မေနဲ့
ဘုရားဆိုတာကိုအယုံကြည်​မရှိတဲ့အ​ဖေရဲ့ကြားက
အိမ်​​ထောင်​​ရေးဟာ ဘာသာမတူလို့ချစ်သူခြင်း
ပြိုကွဲရတယ်​ဆိုတဲ့စကား​တွေကိုပျက်​ရယ်​ပြု​နေသလိုပဲ
ပြောရရင်​ဒီဇာတ်​လမ်းကဘာသာ​လေးခုကို
အ​တော်​​လေးနွယ်​ထားသလိုရှိ​ပေမယ့်​လည်း
တကယ်​​အ​ရေးကြုံလာရင်​ ဘယ်​ဘုရားကမှ
ဘုန်း​တော်​ဖွဲ့​ဇာတ်​လမ်းတွထဲကလို
တန်​ခိုးပါနိ​တော်​​တွေပြပြီး
ရောက်​မလာဘူးဆိုတဲ့သ​ဘောတရား​လေးကို
ပြသတဲ့အခန်းက ကြက်​သီး​တွေထပြီး
ကိုယ်​ပါလိုက်​ပြီး​အော်​ဟစ်​​ပေါက်​ကွဲချင်​လာ​​တဲ့အထိ
ခံစားမှုကို​ပေးတယ်​ သို့​ပေမယ့်​ ဒါနဲ့ပဲ
Pi က ဘာသာမဲ့တစ်​​ယောက်​ဖြစ်​မသွားဘူး 
လောကမှာရှိတဲ့ တစ်​ဆူထဲ​သော
ဘုရားသခင်​ကိုသူယုံကြည်​​နေတုန်းဖြစ်​သလို
ဖခင်​ဖြစ်​သူရဲ့ မိမိကိုယ်​သာကိုးကွယ်​ရာဆိုတဲ့
စကားကိုလည်းမေ့​လျော့မထားဘူး ၊
တခြားသူ​တွေအတွက်​​တော့မသိဘူး
မမြင်​ရတဲ့ဘုရားကိုယုံကြည်​ကိုးစား​နေတဲ့
ကိုယ့်​အတွက်​​တော့ Pi ရဲ့ဘဝဟာ
ကိုယ့်​စိတ်​​ကိုအ​တော်​​လေးလှုပ်​ခတ်​နိုင်​ခဲ့တယ်

အပူပင်းကင်းမဲ့တဲ့ သာမန်​လူငယ်​​တစ်​​ယောက်ဘဝထဲကို
မ​မျှော်​လင့်​ပဲ​ရောက်​ရှိလာတဲ့ကံကြမ္မာမုန်​တိုင်းက
တရားမျှမှုကင်းစွာ ရက်​စက်​ခဲ့​ပေမယ့်
လောကဓံကိုလွယ်​လွယ်​နဲ့အရှုံး​ပေးလိုစိတ်​မရှိတဲ့အပြင်
အသက်​အန္တရာယ်​ကို ​ချောင်း​မြောင်း​နေတဲ့
ရန်​သူကို​တောင်​ မိတ်​​ဆွေတစ်​​ယောက်​အဖြစ်
ပြောင်းလဲလာ​အောင်​ ထိန်း​ကျောင်းနိုင်​ခဲ့တယ်
အသက်​ကိုဥာဏ်​​စောင့်​ ဆိုတဲ့ စကားပုံအတိုင်း
ဘဝပင်​လယ်​ထဲမှာ ကမ်းမမြင်​လမ်းမမြင်​​မျော​နေတုန်း
တစ်​ခါတစ်​ရံမှာ ​သာယာကြည်​နူးတဲ့အခိုက်​တန့်​ကို
ကြုံ​တွေ့ရ​သလို တစ်​ခါတစ်​ရံမှာလည်း
ကြမ်းတမ်းတဲ့ မုန်​တိုင်းရဲ့ဒဏ်​ကိုရင်​ဆိုင်​ရပြန်​တယ်
ဒီလိုဒုက္ခ​တွေရင်​ဆိုင်​​နေရတဲ့အချိန်​မှာ​တောင်
သူက ဘုရား(ကံကြမ္မာ)ကိုအပြစ်​တင်​ရိုးမယ်​ဖွဲ့မ​နေဘူး
သူရရှိထားတဲ့အခွင့်​အ​ရေး ​လှေငယ်​​လေး​ပေါ်မှာ
မျှော်​လင့်​ချက်​​တွေနဲ့ ဆက်​ပြီးရွက်​လွှင့်​​နေခဲ့တယ်

ဒါ​တွေကိုဘာလို့ ​ပြော​နေရလဲဆိုရင်
တကယ်​တမ်း Pi ​မျော​နေတဲ့တာက
ပင်​လယ်​ထဲမှာဆိုတာထက်​ ဘဝထဲမှာ​မျော​နေတာလို့
သတ်​မှတ်​လို့ရသလို ကြုံ​တွေ့ခဲ့ရသမျှအရာ
ကောင်းခြင်းဆိုးခြင်း​တွေဟာလည်း
လူ့ဘဝဆိုတာကြီး​ကောင်း​ကောင်းထင်​ဟပ်​​စေတယ်​လို့
မြင်​တယ်​ ချစ်​ရတဲ့သူပဲ​ဖြစ်​​စေ မုန်းတဲ့ရန်​သူပဲဖြစ်​​စေ
အချိန်​တန်​ရင်​နှုတ်​ဆက်​လမ်းခွဲရတာပဲဆိုတဲ့
အခိုက်​အတန့်​လေးက Pi နဲ့အတူအသည်းကွဲ​စေတယ်
ပိုတယ်​လို့ပဲဆိုပါ​စေ ဒီဇာတ်​လမ်းအ​ပေါ်မှာ
ခံစားမှုဘယ်​​လောက်​ထိပြင်းထန်​လဲဆိုရင်
Poster ကိုမြင်​လိုက်​တာနဲ့ ငိုင်​သွား​စေတတ်​သလို
ဘာသား​ရေးပိုင်းမှာ​ရော ၊ ရုပ်​ပိုင်းဆိုင်​ရာမှာပါ
စိတ်​ခွန်​အား​တွေဖြစ်​​စေတဲ့ အကြိုက်​ဆုံး​သော
ရုပ်​ရှင်​ကားတစ်​ကားအဖြစ်​ရှိ​နေမှာ​သေချာပါတယ်

#LifeOfPiIMG_20180711_183250.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center