Mobile Phone Service

Words
76
Reading
1 min
2y
Listen to this post
~1 min

Oppo Reno3ဖုန်းလေးဗျာ
Userက Factory Resetချလိုက်တာ
Bootပြန်တက်လာတော့ FRPလော့ကျပါလေရောဗျာ
သူလဲ သူ့နည်းသူ့ဟန်နဲ့ရမလားဆိုပြီးတော့ စမ်းပါသေးတယ်တဲ့
မရတဲ့အဆုံးမှပဲ သူငယ်ချင်းရေ လုပ်ပါဦးကွာဆိုပြီး
ကျနော့်နားကို ရောက်ချလာရောဗျာ
ကျနော်ကလဲ Phone Software Serviceစပြီး လုပ်တော့မယ်ဆိုပြီးတော့
နည်းနည်းချင်းစီ စုပြီးစနေတဲ့ကောင်ဆိုတော့ ရတယ်ပေးဆိုပြီး
သူငယ်ချင်းရဲ့ ဖုန်းကို ယူလာခဲ့တယ် အိမ်ရောက်တော့မှ
ငါအေးဆေးလုပ်ပေးမယ်ကွာဆိုပြီး ပြောခဲ့တာပေါ့
အိမ်ရောက်တော့ ကော်ဖီလေးဖျော်ပြီး လပ်တော့ဖွင့်
ဒီဖုန်းက ဘယ်CPUအမျိုးစားကို သုံးထားလဲဆိုပြီးတော့
Gsm Arenaဝဘ်ဆိုဒ်မှာ သွားရှာကြည့်တယ်
သူ့မှာသုံးထားတာ MediaTek(MTK) CPUဗျ
ကျနော်လဲ လိုင်းပေါ်ကနေ ဖရီးရထားတဲ့ Toolလေးတစ်ခုရှိတော့
ငါ ဒါနဲ့ပဲ စမ်းကြည့်မယ်ကွာဆိုပြီးတော့ စမ်းကြည့်လိုက်တာ
တစ်ခါတည်းနဲ့ပဲ အဆင်ပြေသွားပါရော
အဆင်ပြေပြီဆိုတာနဲ့ ကျနော်လဲ နည်းနည်းစမ်းသုံးကြည့်
ပုံစမ်းရိုက်ကြည့် ဘာညာပေါ့ဗျာ
သူငယ်ချင်းအရင်းကြီးရဲ့ ဖုန်းဆိုတော့ ငါ ဒီကောင့်ကို စရမယ်ဆိုပြီးတော့
ကျနော်စမ်းရိုက်ထားတဲ့ပုံကို Wallpaperမှာ တင်ပြီးတော့
အောက်ပုံလေးကို သူ့ဆီပို့ပေးလိုက်ရတယ်
သားရီးရေ အိုကီပြီပေါ့
အဲကျ အဲကောင်က ဘာပြောလဲဆိုတော့
ဟာ Wallpaperကြီးက ဆာလိုက်တာတဲ့၊
ဘာဆာလဲတော့ နားမလည်လိုက်ပါဘူးဗျာ

Mobile Phone Service | Ecency