This content got low rating by people.

ဂရုနာ

kns630(7)
Published in
#mind
Words
235
Reading
2 min
Listen
Play
8y

လွန်ခဲ့တဲ့ ၃ လ လောက်က ဝမ်းမြောက် အားတက်ဖွယ်ရာ သတင်းတစ်ပုဒ်ကို ကြားသိခဲ့ရပါတယ်။ အားလုံးလည်း သိကြပြီးသား ဖြစ်မှာပါ။ ကမ္ဘာ.အချမ်းသာဆုံးပုဂ္ဂိုလ် နှစ်ဦး ဖြစ်တဲ့ Warren Buffett နဲ. Bill Gates တို.ရဲ. ဦးစီးလှုံ.ဆော်မှုကြောင့် အမေရိကန် ဘီလျံနာ အယောက် ၄၀ (နယူးယောက် မြို.တော်ဝန် Michael Bloomberg အပါအဝင်) တို.ဟာ သူတို. ပိုင်ဆိုင်မှုအစုစုရဲ. တစ်ဝက်ထက် မနည်း လှူဒါန်းသွားမယ်လို. ကတိပြုခဲ့ကြတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ.က ဝန်ခံကတိလက်မှတ်တွေ ထိုးခဲ့ကြတယ်။ Warren Buffett က စတော့ရှယ်ယာ ကစားတတ်သူ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သူဌေးကြီး ဖြစ်ပြီး Bill Gates ကတော့ Microsoft တည်ထောင်သူ (နောက်ပိုင်းတွင် Bill & Melinda Gates Foundation တည်ထောင်) သူဌေးကြီး ဖြစ်ပါတယ်။ (စက်တင်ဘာတုန်းက သူတို.နှစ်ဦး တရုတ်ဘီလျံနာတွေဆီ စည်းရုံးရေး ခရီးထွက်ခဲ့ပေမယ့် တရုတ်တို.က အတွေ.မခံခဲ့ဘူး)

အဲဒီ သူဌေးကြီး နှစ်ဦးဟာ လူမျိုးမရွေး၊ ဘာသာမရွေး ကမ္ဘာအရပ်ရပ်က ဆင်းရဲမွဲတေသူတွေ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ.နေရသူတွေ၊ ရောဂါဘယ အမျိုးမျိုး ခံစားနေရသူတွေ၊ ပညာရေး ချို.တဲ့သူတွေကို ကိုယ်ပိုင်ငွေကြေး ဘီလျံပေါင်းများစွာ လှူဒါန်း ကူညီနေကြသူတွေ ဖြစ်တယ်ဆိုတာ အထူးပြောဖို. လိုမယ် မထင်ပါ။ တခြား သူဌေးတွေပါ လှူဒါန်းလာအောင် လှုံ.ဆော်စည်းရုံးနိုင်ခဲ့တာကလည်း ကျေးဇူးတင်ဖွယ်၊ ချီးကျူးဖွယ်ရာ ကောင်းပါတယ်။ (နိုဘယ်ငြိမ်းချမ်းဆုကို ပူးတွဲ ပေးသင့်ပါတယ်)

သူတို.လိုပဲ မြန်မာနိုင်ငံမှာလည်း သီတဂူဆရာတော်ကြီး၊ ယောဆရာတော်၊ ကုသိုလ်ဖြစ်ဆေးခန်းများ ဖွင့်လှစ်ကုသပေးနေသော ရွှေပြည်ဟိန်းဆရာတော်၊ မေတ္တာရှင်ဆရာတော်၊ ကိုးဘွဲ.ရဆရာတော် စသဖြင့်…..ကရုဏာရှင် ဆရာတော်တွေ အများကြီး ရှိပါတယ်။ အဲဒီဆရာတော်ကြီးတွေရဲ. ဦးစီး တက်ကြွ ဆောင်ရွက်မှုတို.ကြောင့်ပဲ အလှူရှင်တွေဘက်ကပါ တက်ကြွပါဝင်လာပြီး ကူညီ လှူဒါန်းလာကြ၊ သဒ္ဒါတရား ထက်သန်လာကြတာပဲ ဖြစ်ပါတယ်။

သီတဂူဆရာတော်ကြီးဆိုရင် စစ်ကိုင်းတောင် တစ်တောင်လုံး ရေရရှိရေးအတွက်သာမက အာယုဒါန ဆေးရုံတွေကိုလည်း ဦးဆောင် တည်ထောင်ပြီး လူနာတွေကို ကယ်တင် စောင့်ရှောက်ပေးလျက် ရှိပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ခံ လေဘေးသင့် ပြည်သူတွေအတွက်လည်း ကုသိုလ်ရှင်တွေကို လှုံ.ဆော်ပြီး ကူညီ လှူဒါန်းခဲ့တာ ကျပ်ငွေ သန်းပေါင်း ၇၇၀၀ (သိန်း မဟုတ်ပါ၊ သန်း ၇၇၀၀) ရှိခဲ့တယ်လို. သိရပါတယ်။ လှူဒါန်းတယ်ဆိုတာလည်း တစ်ပွဲတိုး (ဆန်အိတ်တွေ) လှူဒါန်းရုံနဲ. မပြီးပါ။ တခြား လိုအပ်သေးတဲ့ Infra-structure (အခြေခံ အဆောက်အဦ၊ စာသင်ကျောင်းများ၊ ဆေးရုံများ ဆောက်လုပ် လှူဒါန်းခြင်း) တွေကိုလည်း ဆက်လက် ဆောင်ရွက်နေဆဲပါပဲ။

သီတဂူဆရာတော်ကြီးလိုပဲ လူပုဂ္ဂိုလ်တွေထဲမှာ ဆင်းရဲဒုက္ခရောက်နေသူတွေကို တတ်နိုင်သမျှ ကူညီ ထောက်ပံ့ လှူဒါန်းနေတဲ့ ကရုဏာရှင်တွေ ရှိပါတယ်။ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်း ၊ ဦးကျော်သူရဲ. သာရေး နာရေး ကူညီမှု အသင်းများ၊ မင်္ဂလာဗျူဟာ ပရဟိတအဖွဲ.၊ Shine Hope ပရဟိတအဖွဲ.၊ I Love Myanmar ၊ ရတနာ့မေတ္တာ၊ AFXB ၊ Save the Children ၊ ပရဟိတ မိဘမဲ့ ဂေဟာများ၊ ဘုန်းတော်ကြီး စာသင်ကျောင်းများ……စသဖြင့်….အများကြီး ရှိပါတယ်။ လေးစား အားကျ ကျေးဇူးတင်ဖို.လည်း ကောင်းပါတယ်။

အဲဒီလို ကရုဏာရှင်တွေကို စံနမူနာထားပြီး မြန်မာနိုင်ငံထဲမှာ နေထိုင်ကာ စီးပွားရေး မျိုးစုံ လုပ်ကိုင် ငွေရှာနေတဲ့ ကြွယ်ဝချမ်းသာ ပြည့်စုံတဲ့ သူဌေးကြီးတွေအနေနဲ. ကိုယ့်နိုင်ငံတွင်း ဆင်းရဲဒုက္ခရောက်နေသူတွေကို ထောက်ပံ့ ကူညီ လှူဒါန်းကြသင့်ပါတယ်။

ဂရုနာ | Ecency