Xiaomi Mi 6X

AI Camera များပါတဲ့ Xiaomi Mi 6X ကိုကြေညာ”

Xiaomi က စွမ်းဆောင်ရည်သင့် စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက် လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ တရုတ်တွင် Mi 6X ဖြစ်ပြီး ကမ္ဘာအ၀န်းမှာ Mi A2 အမည်ဖြင့် ရောင်းချမှာပါ။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပေမယ့် သူ့ရဲ့ AI ပါတဲ့ အနောက်ကင်မရာများဟာ Apple iPhone X ထက်တောင် ကောင်းမွန်တယ်လို့ ရှောင်မီက ပြောပါတယ်။ Mi 6X မှာ ၅.၉၉ လက် မ Full HD+ LCD Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ပါ။ Octa-Core Snapdragon 660 Chipset ထည့်သွင်းထားပြီး 4/64 GB, 6/64 GB, 6/128 GB များ ထုတ်လုပ်ပေး ထားပါတယ်။ ၂၅၃ ၊ ၂၈၅ နဲ့ ၃၁၆ ဒေါ်လာ အသီးသီး ကျသင့်မှာပါ။ Android 8.1 Oreo အခြေပြု MIUI 9.5 ထည့်ပေးထားပါတယ်။ ROM ဟာ Project Treble ကို ထောက်ပံ့တဲ့အတွက် Android OS Update များကို အစောဆုံး ရရှိမှာပါ။ Quick Charge 3.0 ပါတဲ့ 3010mAh Battery ထည့်ပေးထားပါတယ်။ သူ့ရဲ့ အဓိက အစိတ်အပိုင်းမှာ အနောက် ကင်မရာများ ဖြစ်ပါတယ်။ ပင်မ ကင်မရာဟာ 12MP Sony IMX486 ဖြစ်ပါတယ်။ ဒုတိယကင်မရာဟာ 20MP Sony IMX376 ဖြစ်ပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများနဲ့ အလင်းရောင် ရရှိမှုနည်းပါးတဲ့ ဓာတ်ပုံ များအတွက် ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးပါတယ်။ ကင်မရာများက ဥာဏ်ရည်တုနည်းပညာကို အသုံးပြု၍ ရှုခင်းများ၊ အရာဝတ္ထုများ၊ လူများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အကောင်းဆုံး ဓာတ်ပုံများကို ဖန်တီးပေးပါတယ်။ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများမှာလည်း Foreground ရဲ့ အနားသပ်များကို တိကျစွာ ခွဲခြားပေးပါတယ်။ AI ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုမို ကောင်းမွန်တဲ့ ဓာတ်ပုံများကို ဖန်တီးပေးပါတယ်။ အရှေ့ဘက်မှာ 20MP Sony IMX376 ကို သုံးထားပါတယ်။ အရှေ့ကင်မရာဟာ Face Unlock ကို ထောက်ပံ့ပါတယ်။ Fingerprint Sensor ကိုလည်း အနောက်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ အနီ၊ ရွှေ၊ အပြာ၊ အနက်နဲ့ပန်းရောင်များ ရွေးချယ်နိုင်ပါတယ်။31819079_847433935435344_8363126775076618240_n.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center