Let her know How you love

ပုဂံမှာ တန်​ခိုးကြီးဘုရား​တွေဖူးရင်း သူမကို​မေးလိုက်​တယ်

"ငယ်​ ဘာ​တွေဆု​တောင်းလဲ" ဆို​တော့

"ဘုရားရှင်​ထံဆု​တောင်းတာက ​ပြောလို့မရဘူး​လေ" တဲ့
....

သူ့ဖာသာဆက်​​ပြောတယ်

ကိုယ့်​ဆီမှာလည်း ဆု​တောင်းချင်​တယ်​ တဲ့

တောင်းပါဗျား ...... ဆို​တော့

"တစ်​သက်​လုံး ချစ်​​နေ​ပေးပါ" တဲ့

"စိတ်​ချပါဗျား" ... လို့ မဆိုင်းမတွ​ဖြေလိုက်​မိ​တော့

အပိုဆုကျန်​​သေးတယ်​ တဲ့
.
.
သစ္စာရှိဖို့မဟုတ်​လား ဆို​တော့

ကိုကသိ​နေတာလား???? တဲ့

(သိတာ​ပေါ့ဗျာ ​ကို​ဆောင်းသီချင်းထဲကစာသားပဲကိုး ငိငိ)

ကျန်​​သေးတယ်​ တဲ့

ငယ်​​သွေးရည်​ဆိုတဲ့ အမျိုးသမီးက သူ့ခင်​ပွန်းဆီက
တောင်းချင်​တဲ့ဆုအပြည့်​အစုံက

~ တစ်​သက်​လုံးချစ်​ဖို့

သစ္စာရှိဖို့ နဲ့

ချစ်​တယ်​ဆိုတာကို သူမ ခံစားမိ​စေဖို့ 

ဆု​တွေပဲ ကို့ဆီက ဆု​တောင်းချင်​တာပါ တဲ့


ရေးခဲ့ဖူးတာ​လေး သွားပြန်​သတိရတယ်

ကျ​နော်​သိသ​လောက်​​တော့ မိန်းမ​တွေက ​ယောက်ျား​တွေရဲ့

"ငါရှာ​နေတာ မင်းအတွက်​ကြီးပဲ​လေ" ...
" ငါကြိုးစား​နေတာမင်းကိုချစ်​လွန်းလို့ပဲဆိုတာ မင်းမသိဘူးလားကွာ"
"ငါ့ကိုအာရုံလာမစားပါနဲ့ မင်းတို့ လိုသ​လောက်​ငါရှာ​ပေး​နေတာပဲ" ဆိုတာမျိုးကို မနှစ်​မြို့တတ်​ကြပါဘူး

ကိုယ့်​​ခြေ​ထောက်​​ပေါ် ကိုယ်​ရပ်​တည်​နိုင်​ပြီး
စိတ်​ဓာတ်​မာလှပါတယ်​ ဆိုတဲ့ ကျ​နော့်​အ​မေအပါအ၀င်​​ပေါ့
:-) :-)

မှတ်​သားကြပါ ညီ​လေးတို့
😌😁😁

..
..

(ကိုယ့်​ချစ်​သူကို လူတကာသိ​အောင်​ချစ်​ပြဖို့​တော့သိပ်​မလိုလှပါ ....
သို့​သော်​ ကာယကံရှင်​အမျိုးသမီး​တော့ ခံစားမိပါ​စေ)
Credit-Han Min Bo
Photo-googleimages.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center