မတောင်းဆိုတော့ပါဘူး

" သတိရ​ပေးဖို့လား "...
ကိုယ်​မ​တောင်းဆို​တော့ပါဘူး...
ရေစက်​ကုန်​လို့ ​ဝေးကြရတာဘဲ
ငါ့ဘက်​ကလွမ်း​နေ​ရယုံနဲ့ ​ကျေနပ်​​နေရသူပါ...

"ပြန်​လာခဲ့ဖို့လား".
ကိုယ်​မ​တောင်းဆို​တော့ပါဘူး...
အနားမှာမ​နေချင်​လို့ ​ကျောခိုင်းထားခဲ့သူဘဲ
တိတ်​တဆိတ်​​မျှော်​လင့်​​နေယုံ​လေးသာ
ငါတက်​နိုင်​ခဲ့တာပါ...

"ပြန်​ချစ်​ဖို့လား"...
ဘယ်​​တော့မှမ​တောင်းဆို​တော့ပါဘူး..
မချစ်​ချင်​လို့ ပုန်း​ရှောင်​ထွက်​​ပြေး​နေတဲ့သူဘဲ
ပြန်​ချစ်​​ပေးပါလို့ ​တောင်းဆိုဖို့အတွက်
ငါ့သိက္ခာငါ့မာနကို စ​တေးပစ်​လိုက်​ဖို့
မဝံ့ရဲ​တော့ပါဘူး...

ခုချိန်​မှာ နင့်​ကိုမုန်းပစ်​ဖို့ထက်
ကိုယ့်​ကိုမချစ်​တဲ့​သူတစ်​​ယောက်​ကို
မျှော်​​ငေးတမ်းတ​နေမိတဲ့
အဖြစ်​ဆိုးကြီးထဲက ရုန်း​​ထွက်​ခွင့်​ရချင်​လို့ပါ..

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center