"အချစ်နဲ့ မကစားနဲ့လို့ မမက ပြောတယ်၊ အချစ်ဆိုတာဟာ ကစားစရာ မဟုတ်တာ ကျွန်တော် အသိဆုံးပါ၊ ကစားစရာ ဆိုရင် ပျော်ရွှင်ရမှာပေါ့၊ မမကို ချစ်မိကတည်းက ကျွန်တော် မပျော်ခဲ့ရဘူး...၊
အိပ်မပျော်တဲ့ညတွေ၊ ရှိုက်ခဲ့ရတဲ့ ပင့်သက်တွေ၊
သြော်...... ကျွန်တော် မရှက်ပါဘူး၊
တိတ်တိတ်ကျိတ်၍ ၀ဲခဲ့၊စို့ခဲ့ ရတဲ့မျက်ရည်တွေ
မမ ... ဒါတွေကို သိရဲ့လား"
"မလေးဝါက မဖြေ။ ကျွန်တော် မြတ်နိုးလှပါသော မျက်တောင် ကော့ကြီးများကို လှန်၍ ကျွန်တော့်ကို ကြည့်နေ၏။"
"အချစ်ကိုလဲ မကိုးကွယ်ရပါဘူး၊ ဒီအချစ်ကို ကိုးကွယ်ဖို့ နှလုံးသားဆီ ကျွန်တော် ပင့်ခေါ်ခဲ့ရတာ မဟုတ်ပါဘူး၊ သူ့ဘာသာ သူ လာတယ်လေ၊သူ့ ဘာသာသူ မျိုးချတယ်၊သူ့ဘာသာသူ အပင်ပေါက်
တယ်၊ ဒီအပင်ကို အခု ကျွန်တော် ဆွဲနုတ်ပစ်ရတော့မှာလား၊ မြက်ပင်သေးသေးလေးကိုပဲ ဆွဲနုတ်ပစ်ကြည့်ပါ မမ၊ မြေကြီးမှာ ဒဏ်ရာဒဏ်ချက်တွေ ကျန်ရစ်မယ်၊ကျွန်တော့်နှလုံးသားဟာ မြေကြီးထက်အများကြီး နူးညံ့ပါတယ်၊ မြေကြီးထက် ထူးပြီး ခံစားမှုလဲ ရှိပါသေး
တယ်..."
Writer by @minmaha