"" နူးညံ့တဲ့  လက်တစ်စုံ """
ကိုယ့်..အိမ်မက်နဲ့
မျှော်လင့်ချက်တွေ
ဘယ်လောက်ပဲ
အရောင်ချယ်ချယ်
ဘောင်မဝင်တဲ့ ပန်းချီကားတစ်ချပ်လို့
"ဥပေက္ခာ "နံရံရဲ့ ထောင့်တစ်နေရာမှာ
ယူကျုံးမရ တဲ့ ခံစားမူတွေ ပေကျံလို့
နှလုံး သွေးနဲ့ ရေးထားတာမို့
တစ်ခါတစ်ရံ နာကျင်စရာ ညှီနံ့တွေ ပျံ့နေပြီ...။
ဘောင်ခတ်ပြီး သပ်ရပ်တဲ့
ပန်းချီ ကား တစ်ချပ်ဖြစ်ဖို့ကတော့
မင်းရဲ့ နူးညံ့ တဲ့ လက်တစ်စုံနဲ့
ဖုန်သုတ် ပေးမှ ရလိမ့်မယ်..။