ပရိသတ်မသိသေးတဲ့ ခင်ဝင့်ဝါရဲ့ လျို့ဝှက်ချက် ၅ ချက်

၁။ သရဲကြောက်တတ် imageတယ်

၂။ အလွဲတွေဆိုလည်း အများကြီးဖြစ်တတ်တယ်၊ ခဏခဏကိုလွဲတယ်။စိတ်အရမ်းလွှင့်လွယ်တယ်၊ ကိုယ့်ကိုမလုပ်ခိုင်းတာကို လုပ်ခိုင်းတယ်ထင်ပြီးလုပ်မိတာ အမျိုးစုံပါပဲ။

၃။ ယောင်္ကျားလေးဆန်ဆန်နေရတာ ကြိုက်တယ်။

၎။ ဆံပင်အရှည်ထက်စာရင် ဆံပင်အတိုကိုပိုကြိုက်တယ်။

၅။ အနုပညာအလုပ်လုပ်မှ မိတ်ကပ်လိမ်းဖြစ်တယ်။ အရင်တုန်းက မိတ်ကပ်မလိမ်းဘူး။

''အစားအစာနဲ့ပတ်သက်လို့လည်း ချဉ်ချဉ်စပ်စပ်လေး တွေအရမ်း ကြိုက်တယ်၊ ယူရိုဗီယန်အစားအစာတို့ကြိုက်တယ်။အနောက်တိုင်းအစားအစာတွေမကြိုက်ဘူး၊Asia Food တွေပဲ ကြိုက်တယ်။တရုတ်အစားအစာ၊ ထိုင်းအစားအစာတွေဆိုရင်တော့ ညီမအကြိုက်ဆုံးပေါ့'' လို့လည်း သရုပ်ဆောင်ခင်ဝင့်ဝါက Duwun Media ကို ပြောပြခဲ့ပါတယ်။

ခင်ဝင့်ဝါဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု ရခဲ့တဲ့ အပြင် ပရိသတ်အချစ်ဆုံး အလှမယ်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူမဟာ အနုပညာလောကထဲကို ခြေချခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကား အတော်များများမှာ ပါဝင်နေတာဖြစ်ပြီး အနုပညာအလုပ်တွေလည်းကို ဆက်တိုက်လုပ်ကိုင်နေပါတယ်။

Photo : ခင်ဝင့်ဝါ ဖေ့စ်ဘွတ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now