စိတ်လေစရာနေ့ များ

တခါတလေ ဘာမဟုတ်တာလေးတွေကလည်း ပြသနာဖြစ်တတ်လေရဲ့
ဒီနေ့ တော့ steemit မှာpost တင်လို့ ရလောက်ပီထင် လို့  ပြန်စမ်းတင်ပါ
တယ်.တက်တော့ မတွဲထားသေးပါဘူး..ဘာဖြစ်မှန်းမသိပဲ ဒေါင်း ဗုတ်ထိ
တာတော့ စိတ်ပျက်စရာပါ..user အချင်းချင်း မေးဖို့ ကလည်းမေးဖို့ ကိုပဲ
ဘယ်ကစလို့  ဘယ်လိုပြောရမယ်တောင်မသိတော့...
တခါတလေ ကံမကောင်းခြင်းက အပေါင်းအသင်းတွေပါ ခေါ်လာတတ်
တယ်တယ်တဲ့ သူများတွေတော့မသိဘူး ကိုယ့်အတွက်တော့ ၁၁၀%
ဖြစ်နေသလားပဲ..လာလိုက်တာတွေမှ အတွဲလိုက် စက်သေနတ်ထဲထည့်
လွှတ်လိုက်ရသလားမှတ်ရ..ဘယ်ချောင်ကနေ အခွင့်ကောင်းကို ချောင်း
နေကြလည်းမသိ..ချစ်သူကဆုံး ဖဲကရှုံးဆိုတဲ့ စကားထဲမှာ နောက်ဆုံး
ပိတ် ကတုံးပါ တုံးလွှတ်ခံရတာထပ်ဖြည့်သင့်တယ်ထင်ပါ့ ( ကျွန်တော့်
ကိုယ် ကျွန်နော်ပြောတာနော်တော်ကြာ ဟိုကတုံးနဲ့အကိုကြီးစောင်း
ပြောနေတယ် ထင်နေမစိုးလို့ ...ဟီး)
ကတုံတွေထဲမှာလည်း ကံကောင်းတဲ့သူတေရှိပါတယ်နော်..ဥပမာ ဂျပန်
ကတုံးတို့ ဘာတို့ ပေါ့လေနော်..ဟီး..
တခါတလေတော့လည်း သတိတော့ရမိသား..ခုချိန်လောက်ဆို သြော်
သူလေး ခလေးဘယ်နှစ်ယောက်လောက်များရနေပါလိမ့်..တွံတေးကြီး
ဆိုထားသလို ညဉ်းကြည့်လိုက်ရင် လေးဆယ်ကျော် ငါးနှစ် နားရောက်
မှ ငှက်ပြောသီး နင်သလို..အဟုဟု နဲ့ နင်နေမလားပဲ..စာရေးဆြာ နီကိုရဲ
ကတော့ မကြည်ပြာကိုမြင်လိုက်တာ ပန်းသီး အလုံးလိုက်နင်သွားသလိုပဲ
တဲ့..အင်းပေါ့လေ နောက်ဆုံးတော့ ကြံဖန် စိတ်ဖြေသိမ့်ရ တာပေါ့လေနော်
နောက်များကြ ကိုက်စားလို့  ညက်အောင်လည်းဝါးပေါ့လေနော် နို့ ကျန်းမာ
ရေးနဲ့ မညီ ဖြစ်နေမယ်လေနော်..
တခါတလေတော့လည်း steemit ကို ဘရော့ဆာကနေ ရေးရတာ အတော်
အကုသိုလ်များတယ်..ငုံးမ သဝေထိုး စရေးပီဆို မတာ ဘယ်ချောင်ရောက်
နေလည်းမသိ မပေါ်ဘူး..သဝေထိုးနဲ့စပီးရေးရမဲ့ဟာ ရှောင်နေရတာကိုအ
လုပ်ကြီးတခုကိုဖြစ်လို့ ..သူများတွေတော့မသိ ကျုပ်ဆီမှာတော့ စာလုံးသဝေ
ထိုးကပါ လိုက်သဝေထိုးနေတော့တာ..
တခါတလေတော့လည်း အင်တာနက်ဆိုတာကြီးပေါ်လာတာ ကောင်းတယ်
လို့ ထင်မိသား..ဘယ်ကမှန်းမသိတဲ့သူတွေနဲ့လိုင်းပေါ်တွေ့ ဘလွတ်ဒွတ်
ဘွတ်ရွှတ် တတ်ယောင်ကမ်းလျှောက်ပြောရတာ အရသာ အသစ်တခုလိုပါ့
တော်သေးတာက ဟိုး ဘယ်နေမှန်းမသိ သူတို့ ပြောတာ လေးလုံးကွဲအောင်
မသိလို့  သုံးလေးခါ ထပ်မေးလည်း စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတတ်ကြ
တာ အတော်များများက နိုင်ငံခြားသားတွေပဲများတယ်..ဗမာလိုရေးထားတာ
နားမလည်လို့ တော့ သွားမမေးရဲပေါင်ဗျာ..ရိုးရိုးသားသားမေးလည်း ထင်ချင်
ရာထင်ပီး ဖာ့ တွေမိုးမွှန်သွားမှာ ကြောက်ပါရဲ့..အနော်တို့ ဆီရောက်မှပဲ ဖေ့
ဘုတ် လည်း ဆဲဘုတ် ဖြစ်သွားတော့တာပဲ..ဟီး..
တခါတလေတော့လည်း ညဘက်အိပ်မပျော်တာ အတော်ဆိုးတယ်ထင်မိတာ
ပဲ..ဟုတ်တယ်လေ သူများတွေကြအိပ်နေလိုက်ကြတာ ဒီလိုချိန်ဆို သိုးးလို့ 
ဒါမယ့် တိတ်ဆိတ်ငြိမ်းချမ်းတဲ့ အရသာကို ကြိုက်တတ်တဲ့သူတွေကျတော့
လည်း ည အချိန်လေးကို အိပ်ပြီး ကုန်ဆုံးရမှာ နှမြောကြတတ်လို့ နေမယ်ပေါ့
နော်..မအိပ်တတ်ကြဘူးလေ (မှတ်ချက်..ကိုယ့်ဘက်ကိုယ် ယက်ပီး ပြောချင်း
မဟုတ်..ဟီး..)..
ပြောချင်ရာတွေပြောပီး ရေးချင်ရာတွေရေးထားတာ ဖတ်မိသူများ မေတ္တာရှေ့
ထားပီး အပ် ဗုတ်လေးတေ ပေးပေးကြပါဦးလို့ ..တခါ ဒေါင်းထိတာ ၂ ပြုတ်
သွားလို ထားချင်ရာရှေ့မှာထားပီး များများလေး အပ် ဗု ပေးကြပါ သူတော်
ကောင်းအပေါင်းတို့ ..ဟီး..
မှတ်ချက်..အိပ်မရသေးသဖြင့် ဂယောင်ဖတ်ပီး ရေးထားသဖြင့် အသဲငယ်တတ်
သူ နှလုံးရောဂါရှိသူများမဖတ်ရ..ဖတ်မိပီး မျက်ရည်ကျရင်တာဝန်မယူ..
တား တော့အိပ်ဘီ..ဟိုလူကြီး မမ ဘလဘိုင်...။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now