ပျင်းနေရင် စာရေးဖို့စိတ်ကူးပေါက်တတ်တဲ့သူက ကျမပါ။ ဘာအကြောင်းကို ခေါင်းစဉ်တပ်ပြီး ရေးရမလဲတွေးတော့ လူသားတွေရဲ့ စိတ်ဓာတ်ရေးရာနဲ့ဆိုင်တဲ့အကြောင်းလေး ပြေးစဉ်းစားမိတယ်။ ကျမဆိုတာကလေ တစ်ယောက်တည်းနေရတဲ့အချိန်မျိုးတွေဆို ပတ်ချာလည် လိုက်တွေးနေတတ်တဲ့သူမျိုးလေ။ အခုလည်း facebookကြည့်ရင်း နဲ့ပျင်းလာတယ်၊ကြည့်စရာ celebrity တွေအကြောင်းလဲ ပျင်းတိုင်းကြည့်နေတော့ ကုန်ပြီ။ ဒါနဲ့ပဲဟိုတွေး ဒီတွေး ၊ဟိုရောက်ဒီရောက် နဲ့ စာရေးမယ်ဆိုပြီး ဖြစ်သွားရော့။ ကဲ...ကြည့် လူ့စိတ်ဆိုတာ ခဏလေးအတွင်းမှာကို မငြိမ်ဘူး။သူသွားရာလိုက်ရတာပေါ့။ မလိုက်လို့မဖြစ်ဘူးလေ စိတ်သွားရာကိုယ်ပါတဲ့ စကားပုံတောင်ရှိသေးတာကိုနော။တော်ပြီ...တော်ပြီ စာရေးဖို့အကြောင်းလေး ဖြစ်ပေါ်ပုံကို ပြောပြနေတာ မပြီးနိုင်ဘူး။အတော်စကားများပြီး လျှာရှည်တာလည်း ကျမပဲ(ဟားဟား)။
လူတွေရဲ့စိတ်က အတော်လေးနားလည်ရခက်တယ်။အေးပေါ့ ကိုယ့်စိတ်တောင်ကိုယ် မသိလိုက်တာတွေကအများသားကိုနော..။သူတို့စိတ်ကိုနားလည်ဖို့ကြိုးစားနေတုန်း သူတို့ပြောင်းသွားကြပြန်ပြီ။ အခုကိုယ့်ပေါ်ကောင်းနေတယ်၊ကိုယ့်အပေါ်ခင်နေတယ်လို့ အတွေးလေးမတွေးလိုက်နဲ့ အဲ့အချိန်မှာပဲပြောင်းသွားတတ်တာမျိုး။ လူအမျိုးမျိုးစိတ်အထွေထွေတဲ့ မဟုတ်ဘူး လူတစ်ယောက်ကိုပဲ စိတ်အထွေထွေဖြစ်နေကြတယ်။ အခုပဲ သူကငါ့ဆိုအလိုလိုက်တယ် ငာ့အပေါ်အရမ်းကောင်းတာ နောက်သိပ်မကြာဘောင် ငါ့အပေါ်ကောင်းတယ်ထင်မိတာ အခုတော့အလကားပဲတဲ့။ကဲ...ကြည့် ပြောင်းသွားကြပြီ။ ကျမထင်တယ် လူတွေကလေ ကိုယ့်ခံစားချက်၊ယူဆချက်တွေနဲ့ ကိုက်ညီပြီးထွက်လာတဲ့အဖြေတစ်ခုကိုပဲ ကိုယ့်အတွက်လို့မှတ်ယူတတ်ကြတယ်။ ဆိုလိုရင်းက တစ်ဖက်သားကကိုယ့်အပေါ်ကောင်းတယ်မကောင်းဘူးဆိုတာ ဖြစ်လာတဲ့လတ်တလောဖြစ်ရပ်အပေါ်မှာပဲဆုံးဖြတ်တတ်ကြတာ။ဒါကြောင့်လည်း အရင်ကကောင်းပြီး အခုမကောင်းဘူးဖြစ်ကြတာပေါ့။
စိတ်ခံစားချက်နောက်ကိုလိုက်ပြီး လုပ်ဆောင်တဲ့အရာတိုင်းက အကုန်မမှန်နိုင်ဘူး။ဒီနေရာမှာ ဆင်ခြင်တွေးတောခြင်းဆိုတဲ့ သတိလေးကပ်ဖို့လိုလာပြီ။ ဒါမှလည်းလုပ်သင့်၊မလုပ်သင့်၊ဖြစ်သင့်မဖြစ်သင့်ဆိုတဲ့ဒွိဟထဲကထွက်လာနိုင်မှာလေ။ ဆင်ခြင်သုံးသပ်မှုက အတော်လေးအရေးပါသလို တကယ်လည်းအကျိုးပြုတယ်။ ဒီသတိလေးတာရှိနေရင် အမှားနည်းပြီး ပျော်ရွှင်မှုတွေများလာမှာ။ လူတွေလိုနေတာက အဲ့ဒါလေးပဲ။ ဘာကြောင့်ဒီလိုဖြစ်သွားတာပဲ ဆိုတဲ့အဖြေကိုရှာဖို့မေ့ထားပြီး ပြသနာကိုဒေါသနဲ့ရှာပြီး အပူမီးကိုမှလှမ်းကိုင်ချင်ကြတာမသိကြဘူး။ နောက်ဆုံးပူလောင်ရတာ အခြားသူမဟုတ်ဘူး ကိုယ်ပဲ။ ဒါစိတ်ခံစားချက်ပေါ်မှာပဲလျှောက်တတ်တဲ့ ဂျလေဘီလေးတွေအသိဆုံးနေမှာပါ။ နောက်မှ အဲ့တုန်းက အဲ့လိုမဖြေရှင်းဘဲ ဒီလိုဖြေရှင်းလိုက်ရင် အကောင်းဆုံးအဖြေရနိုင်တယ်ဆိုတာကို အချိန်တွေ နောင်တတွေပေးဆပ်ပြီးမှ ရလိုက်ကြတယ်။ အဲ့ချိန်မှာ သိပ်နောက်ကျသွားပြီ။ ပြန်ပြင်ဖို့မလွယ်ကူသလို ပြင်မရတာတွေလည်းတပုံကြီးပဲ။ ဒါကြောင့် လက်ရှိအချိန်ဟာအကောင်းဆုံးဆိုရင် လက်ရှိအချိန်လေးမှာ စိတ်ခံစားချက်ကြောင့် အမှားမလုပ်ဖို့လည်း မေ့ထားလို့မရဘူး။ သတိဆိုတာ ပိုတယ်မရှိဘူးတဲ့ ..ဟုတ်တယ်မလား?? ဒါကြောင့်ဆင်ခြင်ပြီးလုပ်ပါ၊သုံးသပ်ပြီးမှ အဖြေရှာပါလို့နော်။ ကျမကတော့ အမှားကမလွတ်သေးပေမယ့် မများတော့ဘူး။ အားလုံးလည်း အမှားနည်းကြပါစေ......