လူ့လောက ဘဝဟာ အမြဲတမ်း
အလင်းရောင်သန်းနေပါတယ်ဆိုတဲ့
ကြယ်ကလေးတွေကို တစ်ချိန်မှာ
မဲမှောင်နေသောတိမ်တွေ ဖုံးလွှမ်းခဲ့သလို
တိတ်ဆိတ်ခဲ့ရမယ့် အချိန်လေးမှာတော့
ကလေးမဟုတ်တော့ပေမယ့်လည်းလေ
ဝမ်းနည်းစွာနဲ့ဘဲငိုကြွေးခြင်းပေါင်း များစွာကြောင့်
ဟောဒိမျကိဝန်းအိမ်ထဲကနေ မျက်ရည်များလည်း ခမ်းခြောက်လို့နေခဲ့ပြီဘဲပေါ့ လွမ်းလိုက်ရတာတွေက ရင်မောစရာပါဘဲလား
နှလုံးသားထဲက အလွန်အားကြီးတဲ့ အစွဲလမ်းတွေကို
အဝေးဆုံးရောက်သွားအောင်တွန်းလှန်းနိုင်ဖို့ ကြိုးစားခဲ့ပါသည်
စိတ်ထဲမှာတော့လေ အမှတ်မထားခြင်းနဲ့ မေ့လွယ်အောင်
မပြတ်သားခြင်းတို့ရဲ့ရုန်းအားက ဘယ်လိုမှလည်း
အရာမရောက်ခဲ့တော့လေ အခုလက်ရှိမှာ
ရောက်နေတဲ့ နေရာလေးက စိတ်နှလုံးကို
တမြေ့မြေ့ပူလောင်မှုများနဲ့ မွန်းကြပ်လို့နေခဲ့ရပြီနော်