နည်းပညာတက္ကသိုလ် မှ အလုပ်သင် အင်ဂျင်နီယာ သို့

စိန်ပန်းတွေရဲရဲနီအောင် လှိုင်လှိုင်ဖြဖြပွင့်နေသည့် တက္ကသိုလ်ကျောင်းများဖွင့်သည့်ရာသီရောက်တိုင်း အင်ဂျင်နီယာတစ်ယောက်အဖြစ် ကြိုးစားရပ်တည်ခွင့်ရအောင် တက်ရောက်သင်ကြားခဲ့သည့် နည်းပညာတက္ကသိုလ်အား လွမ်းဆွတ်အမှတ်ရမိပါသည်။မိမိဝါသနာပါရာဘာသာရပ်များကို ကျွမ်းကျင်သောဆရာ ဆရာမများ၏ပို့ချသင်ကြားမှုများဖြင့် ချစ်ခင်ရင်းနှီးရသောသူငယ်ချင်းအပေါင်းအသင်းများနှင့် အတူတကွသင်ယူခွင့်ရခဲ့သည်မှာလည်း တန်ဖိုးမဖြတ်နိုင်သော ကျွန်မဘဝ၏သင်ခန်းစာများဖြစ်ပေသည်။ဆိုလိုသည်မှာ ကျွန်မတို့လိုအလုပ်သင်အင်ဂျင်နီယာအငယ်လေးများမှစ၍ယခုခေတ်လုပ်ငန်းခွင်အသီးသီးတွင်အောင်မြင်နေကြသည့်အင်ဂျင်နီယာစီနီယာ အကိုအမများအထိ ကျောင်းမှာသင်ယူခဲ့သောသင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင်အတွက်များစွာအသုံးဝင်ကြောင်း သိခဲ့ရသောကြောင့်ဖြစ်သည်။အပြင်လောကတွင် အလွယ်တကူဝယ်ယူဖတ်မှတ်၍ရသော အင်ဂျင်နီယာဆိုင်ရာစာအုပ် စာစောင်များသည်လည်း များသောအားဖြင့် ကျောင်းသင်ခန်းစာများကို ကိုးကားရေးသားထားခြင်းဖြစ်ပေသည်။

image
ယနေ့ခေတ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အဆောက်အဦးတစ်လုံးအတွက် ဦးစွာပထမပြုလုပ်ရမည့် foundationအပိုင်းအား စတုတ္ထနှစ်Soilဘာသာရပ်နှင့်နောက်ဆုံးနှစ်foundationဘာသာရပ်အား နှံ့စပ်ပိုင်နိုင်အောင်သင်ကြားခဲ့ခြင်းဖြင့် လက်တွေ့လုပ်ငန်းအားကျွမ်းကျင်မြန်ဆန်စွာဆောင်ရွက်နိုင်ပေမည်။ဒါ့အပြင် တံတားလုပ်ငန်းများနှင့်အဆောက်အဦးလုပ်ငန်းများ၏ကိုယ်ထည်ပိုင်းsub-structureနှင့်super-structureများ၏ခိုင်ခံ့မှု safeဖြစ်မှုများတွက်ချက်ရာတွင်လည်း ကျွန်မတို့ပထမနှစ်မှနောက်ဆုံးနှစ်အထိသင်ကြားခဲ့ရသောmechanics,structure,RC,steel,selected,building services အစရှိသည့်ဘာသာရပ်များ၏အသုံးဝင်ပုံများကိုတွေ့ရပါသည်။ဒါ့အပြင်နေ့စဉ်လူသားများသွားလာလှုပ်ရှားနေကြရသောလမ်းများဖြစ်သည့်မြို့တွင်းမြို့ပြင် rigid,flexible လမ်းများနှင့်မီးရထားလမ်း,လေယာဉ်ကွင်းများဖောက်လုပ်သည့်ပညာရပ်များအကြောင်းကိုလည်းဒုတိယနှစ်မှစတုတ္ထနှစ်အထိသင်ကြားခဲ့ရသော Transporting Engineering for highway,railway and airport ဘာသာရပ်များတွင် အကျယ်တဝင့်လေ့လာမှတ်သားနိုင်ပါသည်။ကျွန်မတို့လူသားများအတွက်အဓိကကျသော ကျေးလက်နှင့်မြို့ပြပြည်သူများအားလုံးအသက်ရှင်နေထိုင်ရေးအတွက်မရှိမဖြစ်လိုအပ်သောရေ အရင်းအမြစ်ရရှိမှုနှင့်စိုက်ပျိုးရေးမွေးမြူရေးဘာသာရပ်များ,မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်များရေလှောင်ကန်များ ဆည်မြောင်းတာတမံများနှင့်အဝီစိတွင်းများအပါအဝင်အိမ်တွင်းအိမ်ပြင်ရေသွယ်တန်းမှုစနစ်များအားhydraulics,hydrology&environmental engineering ဟူသည့်ဘာသာရပ်များအားကျွမ်းကျင်သေချာအောင်လေ့လာသင်ကြားခဲ့ခြင်းဖြင့်အထွေထွေသောဗဟုသုတများပညာရပ်များဖြင့်ဖွဲ့စည်းထားသောမြို့ပြအင်ဂျင်နီယာတစ်ဦးအဖြစ်ရပ်တည်နိုင်ပေမည်။အခြားသောမြို့ပြဘာသာရပ်များ၏အသုံးဝင်ပုံများကိုလည်းလက်တွေ့လုပ်ငန်းများလုပ်ဆောင်ရင်းဖြင့် တွေ့ရပေဦးမည်။

image

ထို့ကြောင့်မြန်မာနည်းပညာကျောင်းသား/သူများအား အကြံပြုလိုသည်မှာ မိမိချစ်ခင်ရသောသူငယ်ချင်းအပေါင်းသင်းများဖြင့်ပျော်ရွှင်စွာကျောင်းသားဘဝကိုဖြတ်သန်းရင်း ဆရာဆရာမများပို့ချသော မြို့ပြဘာသာရပ်အပါအဝင်အခြားသောတန်ဖိုးရှိလှသည့်အင်ဂျင်နီယာဘာသာရပ်များအားဂရုတစိုက်သင်ကြားခဲ့စေလိုပါသည်။ကျွန်မကိုယ်တိုင်ကျောင်း၌တန်ဖိုးထားသင်ယူခဲ့သော မြို့ပြအင်ဂျင်နီယာဘာသာရပ်တစ်ခုခြင်းစီ၏ဗဟုသုတရစရာအကြောင်းအရာတစ်ခုခြင်းစီကိုလည်း steemit မှသူငယ်ချင်းမိတ်ဆွေများအားအလျဉ်းသင့်သလို တတ်သိသလောက်ရေးသားဝေငှသွားပါဦးမည်။Steemitမှမိတ်ဆွေများမိမိဝါသနာပါရာ ပညာရပ် လုပ်ငန်းများအားချောမောအောင်မြင်စွာလေ့လာလုပ်ဆောင်နိုင်ပါစေဟုဆန္ဒပြုလိုက်ပါသည်။
image
Thanks Steemit
မူရင်းရေးသာသူ @sandipoe
Own writer ; @sandipoe
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now