ချစ်ခဲ့ဖူးသော ( or ) သူမ

ချစ်ခဲ့ဖူးသော
( or ) သူမ

စစ်နှင့် ဖြူ နံနက်စာ စားပြီး ကျောင်းသို့ တက်ကြွသော
ခြေလှမ်းများနဲ့ လာခဲ့ကြသည်။
ကျောင်းဝမှာ လွှာက စောင့်နေသည်။
"စစ် ဟိုမှာ လွှာ မဟုတ်လား "
"အေးဟ "
သူမတို့ လွှာ အနားသွားကာ
"ဟေ့ လွှာ ဒီနားဘာရပ်လုပ်နေတာလဲ "
"နင်တို့ကို စောင့်နေတာလေ "
"ငါတို့ကို ဟုတ်လား "
"အင်းလေ ဘာလဲ စောင့်လို့မရဘူးလား "
"ဟာ ရပါတယ် လာ သွားကြမယ်လေ "
"အင်း "
ထိုစဉ် သူမ တို့ နားတွင် ရပ်လိုက်သော ကားတစ်စီး
ဈာန် နဲ့မာန် ဈာန်က
"ချာတိတ် နှစ်ယောက် "
ဖြူ နဲ့ စစ် ကြည့်လိုက်တော့ ဖြူ က
"ဟင် ဈာန် "
"အေး ငါဘဲ "
"လာဖြူ ငါတို့ ကျောင်းထဲ ဝင်မယ် "
"စစ် မင်းဘာဖြစ်နေတာလဲ ဘာလို့ ငါတို့ကို ရှောင်နေတာလဲ "
"ငါတို့က နင်တို့ကို ရှောင်နေတာ ဟုတ်လား "
"ဟူတ်တယ်လေ မနေ့က ဘာလို့ "
"ဖြူ သွားမယ် "
စစ် ဖြူ လက်ကို ဆွဲကာ ကျောင်းထဲဝင်တော့သည်။
လွှာကလည်း နောက်က ထပ်ကြပ်မခွာ လိုက်သွားသည်။
ဖြူ စစ် ကိုင်ထားသော သူ့လက်ကို ဆောင့်ချကာ
"စစ် နင်ဘာဖြစ်နေတာလဲ ဘာလို့ ဈာန် နဲ့မာန်နဲ့ကို
ရှောင်နေရတာလဲ "
"နင် သိစရာ မလိုပါဘူးဟာ "
"နင် ပြောခဲ့တဲ့ ကိစ္စကြောင့်လား အဲ့ဒီကိစ္စကြောင့်ဆိုရင်
ငါ ဘာမှ မဖြစ်ဘူး ဒါပေမဲ့ သူတို့ကို ဆက်ခင်ရအောင်နော်"
"ဖြူ "
"ငါ့ကို မအော်နဲ့ စစ် နင့်သဘောအတိုင်း ငါလိုက်လျောပေးနိုင်တယ်
ဒါပေမဲ့ ဘာကြောင့် လဲ ဆိုတာ ငါသိသင့်တယ် ထင်တယ် "
သူမတို့ အသံကြောင့် ဖြတ်သွားသူတွေက ကွက်ကြည့်ကွက်ကြည့်
လွှာကဘဲ ကြားကနေ
"တော်ကြပါဟာ သူငယ်ချင်း အချင်းချင်းကို လာ အခန်းထဲ
ဝင်ရအောင် လာဖြူ "
"မသွားဘူး ငါ သူ့ဆီက ဘာကြောင့်လဲ ဆိုတဲ့ ဖြေရှင်းချက် မရသ၍"
"ကျစ် "
စစ် စုပ် တစ်ချက်သပ်ကာ
"လွှာ နင်သူ့ကို အခန်းထဲ ခေါ်သွားတော့ "
"နင်ကရော အတန်း မတက်ဘူးလား "
"မတက်ဘူး စိတ်ပိန်တယ်ကွာ သွား ခေါ်သွားတော့ "
"သွားမယ် သွားမယ် ငါ့လာ မခေါ်နဲ့ "
ဖြူ စိတိတိုပြီး ရွဲ့ပြောလိုက်သည်။
လွှာကဘဲ ကြားကနေ "နင် ဘယ်မှ လျောက် မသွားနဲ့နော်
စိတ်ညစ်ရင်လည်း အိမ်ပြန်လိုက် ဒါမှ မဟုတ်
သူတို့ကို လာမပတ်သက်ဖို့ ပြောချင်လည်း ပြောပေါ့
နင် က စိတ်ထိန်းချုပ် နိုင်ပါတယ် ငါနင့်ကို ယုံကြည်တယ် "
"အင်း ငါသွားတော့မယ် လွှာ ဖြူ ကို ဂရုစိုက် လိုက်ဦး "
"အင်း "


ဒေါ်ကေသီ တစ်ယောက် ခြံထဲတွင် ဝယ်လက်နဲ့
စကားပြောနေသည်။
"ဟုတ်ကဲ့ ကျွန်မတို့ ခြံက ထွက်တဲ့ သီးနှံတွေက
လတ်ဆက်ပါတယ် အချိန်လွန် ခူးတာမျိုးလည်း မရှိပါဘူး
ရက် အတိကျနဲ့ ခူးတာပါ "
"ယုံပါတယ် ဗျာ ဒါကြောင့် ဒေါ်ကေသီရဲ့ ခြံထွက် ပစ္စည်းတွေက
လက်မလည်အောင် ရောင်းနေရတာပေါ့ ဝယ်သူတွေကလည်း
ပေးရတဲ့ အဖိုးနဲ့ တန်အောင် ပြန် အကျိုး ရတာပေါ့"
"ကို မင်းသစ်ကလည်း ညွှန်းနေပြန် ပါပြီရှင် "
"တကယ်ပါဗျာ ဒါနဲ့ မကေသီ သမီးလေးရော "
"aww စစ်လေးလား သူက ရန်ကုန်မှာ ကျောင်းတက်နေတာလေ "
"ဟုတ်လား ကောင်းပါတယ်ဗျာ ရန်ကုန်မှာဆိုတော့
အခွင့်လမ်းက ပိုများတယ်လေ "
"ဟူတ်ပါ့ရှင် "
"ကဲ ဒါဆို ကျွန်တော်တို့ စာရင်းတွေ လုပ်ပြီး ရှင်းကြတာပေါ့
နောက် ဝယ်လက်တွေလည်း လာတော့မယ်ထင်တယ်"
"ဟုတ်ကဲ့ "
"ဒါတိုက် ငွေချေ ပေးခဲ့တယ်နော် "
"'ကျေးဇူးပါရှင် "
"ဟုတ်ကဲ့ ခွင်ပြု ပါဦးဗျ ကဲ ဟိုကောင်တွေ လိမ္မော်ပုံး
ပါကင်တွေကို ကားပေါ် တင်မယ်ဟေ့ "
"ဟုတ်ကဲ့ သူဌေး "

©©©©©©©©©©©©©©©©©©©©©©©©©©©

စစ် တစ်ယောက် ဖြူကို ပွင့်ပွင့်လင်းလင်း ပြောထားရင်
ပြီးရဲ့ သားနဲ့ သူမ ကိုယ်တိုင်ကိုက မပြောချင်
သူမဆိုတာ ပြောချင်စိတ် မရှိရင် ဘယ်လောက်မေးမေး
ဖြေမဲ့သူ မဟုတ် ဘူးလေ
စစ် ကန်ဘောင်တွင် တစ်ယောက်တည်း ထိုင်ကာ
ကန်ရေပြင်ကို ငေးကြည့်နေမိသည်။
"ငါနဲ့ ဘာတွေ ပတ်သက်နေလို့ စိတ်ညစ်နေရတာလဲ
ပြသနာက ဘာမှ ကြီးမားတာလည်း မဟုတ်ဘူး
စိတ်ထဲ မထားရင်လည်း ရတဲ့ကိစ္စကို ဟူး စစ် နင်တော့ ရူးနေတာဘဲ
နင့် အကျင့်ကိုက ဘယ်သူ့က်ုမှ ဂရုမစိုက်တတိတာ
ခုမှ ဘာလာ ဂရုစိုက်နေသေးလဲ နင်ထင်ယောင် ထင်မှား
မဖြစ်နဲ့စစ် သူက စစ်လွန်းသာ မဟုတ်ဘူး
ဒီတော့ နင်သံယောဇဉ် ထားပြီး ငဲ့ညှာနေစရာ မလိုဘူး"

မာန် စစ် ကျောင်းထဲက ထွက်သွားတာ မြင်လိုက်လို့
စိတ်ပူမိပြီး
အတန်းချိန်ဖျက်ကာ စစ်နောက်လိုက်လာခဲ့သည်။
"သူ ဒီကန်ဘောင်ကို လာတာပါ ဘယ်ခုံမှာ ထိုင်နေလလဲ "
ူသူ အတန်ငယ် လိုက်ရှာပြီးမှ ရေပြင်ကို ငေးနေသော သူမ
"aww တေမိမက ဒီကို ရောက်နေတာကိုး "
ဟုတ်တယ်လေ သူများစကားပြောရင် ပြန်ပြောချင်မှ
ပြန်ပြောတာ တစ်ဖက်လူက အာပေါက်အောင်ပြောနေလည်း
သူ စိတ်မပါရင် တစ်ခွန်းမှတောင် ပြန်မပြောတဲ့သူ
မာန် သူမ နားဝင်ထိုင်ကာ
"ဟူး မောလိုက်တာကွာ "
"ဟင် နင်ဘယ်လိုလုပ် ဒီရောက်နေတာလဲ "
"မင်းနောက် လိုက်လာတာလေ "
"ငါ့နောက် "
"ဟုတ်တယ်လေ မင်းဖြူ နဲ့ရန်ဖြစ်ပြီး ကျောင်းထဲက
ထွက်သွားတာ မြင်လိုက်လို့ ငါမင်းနောက်လိုက်လာတာ"

စစ် မာန်ကို တစ်ချက်သာ ကြည့်ပြီး ရေပြင်သို့ မျက်နှာ
ပြန်လှည့်ကာ ငေးနေမိသည်။
"စစ် "
"စစ် "
စစ် မထူးမိပါ
"စစ် စစ် စစ် စစ် စစ် စစ် စစ် စစ်းးးးးးးးး"
နောက်ဆုံး စစ်နား ကပ်ခါ မာန်အော်လိုက်သည်။
"အ ဘယ်လိုဖြစ်နေတာလဲ "
"ဘယ်လို ဖြစ်ရမှာလဲ ဒီလောက် ခေါ်နေတာ ဘာလို့
မထူးလဲ "
"ကြားသားဘဲ မထူးချင်လို့ မထူးတာ ပြော"
"အယ် ပြောဆိုတော့ မင်းလုပ်တာနဲ့ မေ့သွားပြီ "
စစ် မာန်ကို တစ်ချက်ပြန်ကြည့်ပြီး မျက်နှာ လှည့်လိုက်သည်။
"ဟာ ဘာလို့အဲ့ ရေပြင်ကိုဘဲ ကြည့်နေရတာလဲ
အဲ့ရေပြင်က ဘာရှိလို့လဲ "
"ရေ "
တိန်းးးးးး "ရေပြင်ပါဆိုမှ ရေမရှိလို့ စစ် မင်းကွာ
တော်တော် ကပ်သီကပ်သပ် နိုင်တယ် ရေပြင်မကြည့်နဲ့
ကိုယ့်ကို ကြည့် "
စစ် ခေါင်းလေးကို သူ့ဖက် လှည့်လိုက်သည်။
ဒါကို စစ်က ရုန်းတော့
"ငြိမ့်ငြိမ်နေစမ်းပါကွာ ငါ့ကိုဘဲ ကြည့်ခိုင်းတာ မင်းကို
ငါမကိုက်စားဘူး "
"ငါကလည်း အကိုက်ခံစရာလား ဖယ် "
"မဖယ်ပါဘူး ငါ့ကိုဘဲကြည့် အဲ့ကန်ရေပြင်က မလှပါ
ငါကတောင် ပိုချောသေး ဟဲဟဲ "
"အရူး "
"ဟ အဲ့ဒါတော့ မင်းလွန်သွားပြီ "
"အဲ့တော့ ဘာလုပ်ချင်လဲ "
"ဖက် နမ်းပလိုက်မှာ "
"သတ္တိရှိရင် လုပ်လိုက်လေ စတုတ္ထ ကမ္ဘာစစ် ဖြစ်သွားပြီမှတ် "
"ငိ တတိယ ကမ္ဘာစစ် ဖြစ်ရမှာမလား ဘယ်လိုဖြစ်ပြီး
စတုတ္ထ ကမ္ဘာစစ် ဖြစ်ရမှာလဲ"
"အေး တတိယကို နင့်ချစ်သူသျှားက လုပ်လိမ့်မယ်
ငါက တတိယထက် ပြင်းထန်တဲ စတုတ္ထ ကမ္ဘာစစ် လုပ်မှာ"
"အမလေး ကြောက်တောင် ကြောက်တယ် နင့်ကို
ချစ်သူတော်ရမဲ့ သူအတွက် ငါရင်တောင်လေးမိတယ် "
"သူ့အလိုလို ဖြစ်လာမဲကိစ္စအတွက် ငါမပူဘူး "
"စစ် မင်းသိလား ကိုယ်က လူတွေရှေ့မှာဆို အရမ်းတည်ငြိမ်
ရင့်ကျက်တဲ့သူ ဆိုပေမဲ့ မင်းနဲ့ဆိုရင် ကလေးလေးလို
ဖြစ်သွားတတ်တာ မင်းသတိထားမိလား"
"အင်း "
"ဟဲ ဟဲ လာသွားကြမယ် "
"ဘယ်ကိုလဲ "
"ကျောင်းပြေးတဲ့နောက်တော့ ကိုယ်တို့ ပျော်စရာဖန်တီး
ရမှာပေါ့ ဒါမှ ကျောင်းပြေးရကျိုးနပ်မှာ မင်ဘယ်သွားချင်လဲ
ကိုယ်လိုက်ပို့ပေးမယ် "
"မြို့ပြင် "
"ဟင် မြို့ပြင် ညက နေရာလား "
"အင်း အဲ့နေရာက လူသိပ်မရှိဘူး ငါစိတ်ညစ်နေတယ်
အဲ့ဒီကို သွားချငိတယ်
ဒါနဲ့ နင်ကျောင်းမတကိတာ သျှားသိရင် နင့်ကို ရစ်မှာ
မကြောကိဘူးလား"
"လာပါ အပိုတွေ တွေးမနေနဲ့ နောက်ကိစ္စ နောက်မှ ရှင်းတာပေါ့"
"ပြီးရောလေ "

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ဖြူ နှင့်လွှာ ကန်တင်းထိုင်နေရင်း
"လွှာ "
"အင်း "
"စစ်က ဘာဖြစ်နေတာလဲ နင်သိတယ်မလား "
"သိတယ် ဒါပေမဲ့ စစ်ကို ကိုယ်တိုင်မေးတာ ပိုကောင်းမလားလို့"
"ဟင့်အင်း သူက မဖြေချင်ရင် သေအောင်မေးလည်း မပြောဘူး "
"အင်းးးးးး ဒီကိစ္စက နင်နဲ့ တိုက်ရိုက်မပတ်သက်ပေမဲ့
ဲအဲလေ ပတ်သက်တယ်လို့ဘဲ ဆိုရမလား "
"ဟာ မိလွှာရယ် ရှင်းရှင်းပြောစမ်းပါဟာ "
"အေး ပြောမယ် ဒီလိုဟ "
လွှာပြောပြီး အစာတစ်လုတ်စားလိုက်သည်။
"အမလေးး ငါ့နှယ်နော် သိချင်ပါတယ်ဆိုမှ မိလွှာရယ်
မြန်မြန်ပြောစမ်းပါ "
"အေးပါဟာ ဒီလိုဟ နင်တို့နဲ့ မာန်တို့က ခင်ပြီး
ရင်းနှီးတယ်မလား "
"အေးလေ "
"ငါမေးမယ် မာန်နဲ့ ဈာန်နဲ့က တစ်ကျောင်းလုံး ရဲ့
king နဲ့ princes မဟုတ်လား "
"ဟုတ်မှာပေါ့ ငါမသိဘူး "
လွှာ ဖြူကို ရွဲ့ကာ
"သိတယ်ထားလိုက် သူတို့နှစ်ယောက်က ဒီလောက်ချောပေမဲ့
သူတို့အနားကို မိန်းကလေးတွေ ကပ်တာ နင်မြင်လား "
"အေး ဟုတ်သားဘဲ မမြင်မိဘူး တစ်ချို့ သူတွေဆို
ဈာန်တို့လောက်သာ ချောရင် မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာ
သူတို့နှစ်ယောက်ကျ မိန်းကလေးတွေ ရှောင်နေသလိုဘဲ "
"အဲ့ဒါဘဲလေ ဘာကြောင့် မိန်းကလေးတွေ သူတို့ကို ရှောင်နေတယ် ထင်လေ "
"ဘယ်သိမလဲ "
"မာန်ရဲ့ ချစ်သူ သျှားကို ကြောက်ကြလို့ "
"ဟမ် "
"ဟုတ်တယ် သျှားဆိုတဲ့ မိန်းမက မာန်တို့နဲ ပတ်သက်တဲ့
မိန်းကလေး မှန်သမျှကို လိုက်ဒုက္ခပေးနေတာ တစ်ချို့ဆို
ဘဝတောင်ပျက်တဲ့အထိ "
"ဟင် တကယ် မာန်က ဘာမှပြန်မလုပ်ဘူးလား "
"aww ဟယ် မာန်က သူ့က်ု ချစ်တယ်လေ ဒီတော့ လည်းဟာ
သူ ဆိုးသလောက် ခွင့်ပြု ထားတာပေါ့
ဒါကြောင့် စစ်က မာန်တို့နဲ့ မပတ်သက်ချင်တာ
ဟို သျှားဆိုတဲ့ကောင်မကို နင်ကို ထိလာမှာ ကြောက်လို့"
"ငါ့ကို ဘာဆိုင်လို့လဲ သူ့ကိုလည်း ထိနိုင်တာဘဲကို"
"မယ်မင်းကြီးမရယ် စစ်က သူ့ကိုယ်သု ကာကွယ်နိုင်တယ်
နင်ကသာ ဟိုလူယုံ ဒီလူယုံ အူးထူးအားထားနဲ့ "
"အမလေး ဖြေးဖြေးပြောပါဟာ ငါ့သိက္ခာ တစ်ပြားမှကို
မရှိတော့ဘူး ပြီး ငါတို့နဲ့ မာန်နဲ့က
ရိုးရိုးချင်တာလဲကို သူက ငါတို့ကို ဘာလာလုပ်မှာလဲ"
"အမလေး ဖြူမရယ် ရိုးရိုးခင်ခင် ဆန်းဆန်းခင်ခင်
သူ့လို မိန်းကလေးက ချစ်စိတ်မွှန်နေတာ မခွဲခြားနိုင်ဘူးလေဟာ
မပတ်သက်တာ အကောင်းဆုံးပါဟာ
သူ့က်ု ကြောက်လို့တော့ မဟူတ်ပါဘူး ပြသနာ မဖြစ်ချင်လို့ "
"အေးပါဟာ ငါသူတို့ကို ရှောင်ပါ့မယ် "
ထိုစဉ် ဈာန် သူမတို့ဝိုင်းလာကာ
"ဟိတ်ကောင်မလေးတွေ "
"ဟင် ဈာန် လွှာ ငါတို့ ပြန်ကြမယ်လေ "
"အော အေး ပြန်မယ်လေ "
သူမတို့ အမြန်ထရပ်ကာ ပြန်လှည့်လာသည်။
ဈာန်ကလည်း ကြောင်တောင်တောင် ရပ်ကြည့်နေမိသည်။
"ဘာဖြစ်နေကြတာလဲဟ ငါလည်းဘာမှ မသိရပါလား
မာန်နဲ့ရန်ဖြစ်ထားတာလား မသိဘူး စိတ်ညစ်တယ်ကွာ"
ဈာန် ခေါင်းက ဆံပင်ကို ထိုးဖွ လိုက်သည်။

"ဖြူ နင်ဘာလို့ ထွက်လာတာလဲ "
"ဈာန် ငါတို့ဆီ လာလို့လေ နင်ဘဲ သူတို့ကို ရှောင်ဆို"
"အမလေး ဖြူ မရယ် နင့်ကို တုံးတယ်ပြောတော့လည်း
မခံနိုင်ဘူး အန္တာရယ်က မာန် ဈာန် မဟုတ်ဘူး
ဈာန်က မာန်နဲ့ တပူးပူး တတွဲတွဲ နေနေလို့သာ
ရှောင်ခိုင်းတာ ခုလို သူတစ်ယောက်တည်း ကျတော့လည်း
ငါတို့ ခေါ်သင့်တာပေါ့ "
"ဟုတ်လား အေးနော် "
"အေးနော် မလုပ်တော့နဲ့ အတန်းထဲဘဲ ဝင်တော့မယ် "
"အင်း "
ဖြူ စိတ်ရှုပ်သွားတာ အမှန် ဘာတွေမှန်းမသိ ကြားညှပ် ဖြစ်နေတာကို
မကျေနပ်မိ စစ်ကိုလည်း မမေးရဲ ဟူး

H2
H3
H4
3 columns
2 columns
1 column
Join the conversation now