YBS YANGON BUS SYSTEM

Yangon Bus System
20545187_1423856451037915_3579002283759142441_o.jpg

အများပြည်သူအကြား YBS လို့ လူသိများတဲ့ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုကို (၂၀၁၇) ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်က စတင်ခဲ့တာဖြစ်ပါတယ်။
စတင်ပြေးဆွဲကာစမှာ အဆင်မပြေမှု ၊ အသားမကျသေးမှု စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းအသားကျလာတာကိုတွေ့ရပါတယ်။ ဒါကြောင့် YBS နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ စီမံနေတဲ့အဖွဲ့အစည်းများ

YBS စနစ်ကြီးတစ်ခုလုံးကို YRTA လို့ အသိများကြတဲ့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က စီမံကွပ်ကဲနေပြီး YRTA လက်အောက်မှာ ယာဉ်လိုင်းတွေကို တာဝန်ယူပြေးဆွဲနေတဲ့ ဘတ်စ်ကားကုမ္ပဏီတွေရှိပါတယ်။ လက်ရှိမှာ ကုမ္ပဏီ ၊ အစုအဖွဲ့ (၈) ခုက YBS ဘတ်စ်ကားယာဉ်လိုင်းတွေကို တာဝန်ယူပြေးဆွဲနေတာဖြစ်ပါတယ်။

၂။ ယာဉ်လိုင်းအရေအတွက်

စတင်ခါစမှာ ယာဉ်လိုင်းပေါင်း (၆၁) လိုင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယာဉ်လိုင်းပေါင်း (၉၁) လိုင်းထိ ရှိနေပြီဖြစ်ပါတယ်။ ပြေးဆွဲနေတဲ့ ဘတ်စ်ကားအရေအတွက်ကတော့ ၄၀၀၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

၃။ ယာဉ်လိုင်းအရောင်များ

YBS ဘတ်စ်ကားတွေရဲ့ ယာဉ်လိုင်းနံပါတ်ဖော်ပြထားတဲ့အောက်ခံအရောင်တွေဟာ တစ်လိုင်းနဲ့ တစ်လိုင်း မတူတာကို တွေ့ရမှာပါ။ အရောင်အလိုက်ခွဲခြားထားမှုတွေကတော့ အညိုရောင်ကို မြို့တွင်း (Downtown) ပတ်လိုင်းများ ၊ အနီရောင်ကို အရှေ့ပိုင်းခရိုင်အခြေပြုလိုင်းများ ၊ ခရမ်းရောင်ကို တောင်ပိုင်းခရိုင် အခြေပြုလိုင်းများ ၊ အပြာရောင်ကို မြောက်ပိုင်းခရိုင်အခြေပြုလိုင်းများ ၊ အစိမ်းရောင်ကို ပင်မလမ်းတွေနဲ့ ချိတ်ဆက်တဲ့ လိုင်းများ အစရှိတဲ့အတိုင်း ခွဲခြားထားတာဖြစ်ပါတယ်။

၎။ ကျင့်သုံးနေတဲ့စနစ်

YBS ဘတ်စ်ကားတွေအားလုံးကို ယာဉ်နောက်လိုက်မပါပဲ ပိုက်ဆံပုံး ၊ ကတ်စနစ်တွေနဲ့ ပြေးဆွဲဖို့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ဘတ်စ်ကားတချို့မှာတော့ အဲဒီပုံစံနဲ့ ပြေးဆွဲနေကြပြီဖြစ်ပါတယ်။

၅။ ဘတ်စ်ကားမှတ်တိုင်အရေအတွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ YBSဘတ်စ်ကားမှတ်တိုင်အရေအတွက် ၄၀၀၀ နီးပါးရှိပါတယ်။ လက်ရှိမှာတော့ ဘတ်စ်ကားမှတ်တိုင် (၅၀၀) ကို နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားမှတ်တိုင်တွေအဖြစ် အဆင့်မြှင့်တင်ဖို့ စီစဉ်နေပါတယ်။

၆။ ခရီးသည်အရေအတွက်

ရန်ကုန်မြို့အတွင်း နေ့စဉ် သွားလာနေတဲ့ ခရီးသွား ၂ ဒသမ ၈ သန်းခန့်ရှိပြီး အများစုကတော့ ဘတ်စ်ကားတွေကို အဓိကထား အားပြုနေကြတာဖြစ်ပါတယ်။ မြို့ပတ်ရထား ၊ အငှားယာဉ် နဲ့ ကိုယ်ပိုင်ယာဉ်အသုံးပြုသူကတော့ ရာခိုင်နှုန်းအနည်းငယ်သာရှိပါတယ်။

20507417_1423856514371242_7516676327495265642_o.jpg

၇။ ငွေပေးချေမှုစနစ်

လက်ရှိမှာတော့ ငွေအကြွေတွေနဲ့ ပိုက်ဆံပုံးထဲ ထည့်သွင်းစီးနင်းတဲ့ ပုံစံသာ ဆောင်ရွက်နေတာဖြစ်ပြီး ငွေအကြွေရှားပါးမှု အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ကတ်စနစ်လို့ အများသိကြတဲ့ Yangon Payment Services (YPS) ကို အကောင်အထည်ဖော်ဖို့ YRTA က လုပ်ဆောင်နေပါတယ်။ ဒီ YPS ကို YBS ဘတ်စ်ကားတွေ တင်မကပဲ ၊ ရထား ၊ ရေယာဉ်နဲ့ ဈေးဝယ်ယူတဲ့အခါတွေမှာပါ အသုံးပြုနိုင်အောင် စီစဉ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

၈။ တိုင်ကြားနိုင်မှု

ခရီးသည်တွေအနေနဲ့ YBS ဘတ်စ်ကားတွေနဲ့ စီးနင်းသွားလာရာမှာ အဆင်မပြေမှု ၊ အကြံပြုလိုမှုတွေရှိရင် ဆက်သွယ်ပြောကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ ၀၉၄၄၈၁၄၇၁၅၃ ၊ ၀၉၄၄၈၁၄၇၁၄၉ ၊ ၀၉၄၄၉၂၁၆၅၇၂ တို့ဖြစ်ပါတယ်။ ဒါ့အပြင် Yangon Bus Report အက်ပလီကေးရှင်းကနေလည်း တိုင်ကြားနိုင်ပါတယ်။

20545276_1423856537704573_1059229734952343346_o.jpg

ref wow box app & ybs page
source photo( myanmar bus simulator facebook group )

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center