iPhone 7 Plus ရဲ့ dual camera ဟာ Android ဖုန်း camera တွေနဲ့ ဘယ်လိုကွာခြားသလဲ

                                                              

  ကျွန်တော်တို့ လို စမတ်ဖုန်းတွေနဲ့ ရှင်သန်နေသူတွေအတွက် Android နယ်ပယ်မှာ နှစ်အတန်ကြာက ကျွန်တော်တို့ တွေ့ မြင်ထားပြီးသား feature တစ်ခုကို Apple မှာရောမြင်လာရပြီလား။ ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကစပြီး မျက်နှာပြင်ပိုကြီးတဲ့ ဖုန်းတွေကို ထွင်လိုက်တာ တို့  iPad Pro ပေါ်မှာ screen ခွဲပြီး multitask လုပ်လို့ ရအောင် လုပ်ခဲ့တာမျိုး။တစ်ခါတစ်ရံမှာ အခုလိုမှတ်ချက်ပြုတာက မျှတတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာတော့ သိပ်ပြီး မတရားပါဘူး။ (တစ်ခုရှိတာက Apple ဟာ ဒီ features တွေကို ပထမဆုံး စပြီး ထုတ်လေ့ မရှိတာများပါတယ်။)  ကျွန်တော့်အမြင်အရတော့ iPhone 7 Plus ရဲ့ dual – camera ထည့်တဲ့ features သစ်ပေါ်မှာ တောင်းဆိုချက်တွေ လည်း အသင့်အတင့် ရှိတာ တွေ့ ရပါတယ်။ သေချာတာက Android လောကမှာပါတဲ့ dual camera တွေ အသစ်အဆန်းရယ်မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Apple မှာတော့ အရေးကြီးပြီး အသစ်အသစ်ဖြစ်တဲ့အရာတွေ အများကြီးပါရှိပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်ခွဲတုန်းက ထွက်လာတဲ့ Android dual cameraတွေနဲ့  ယှဉ်ကြည့်ရင် Apple ရဲ့ ကင်မရာနဲ့  ဘယ်လို ကွာသလဲ ကြည့်ရအောင်။            

HTC One M8HTC ဟာ ပြီးခဲ့တဲ့ ၂၀၁၄ မှာ ဖြန့် ချီခဲ့တဲ့ One M8 ကို ကြည့်ရင် Apple ပေါ် လွှမ်းမိုးမှုရှိထားပါတယ်။ M8 ကင်မရာမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် သူ့ မှာ sensor နှစ်ခု ပါရှိပါတယ်။ အရံ sensor ကတော့ ဓါတ်ပုံမှာပါရှိတဲ့ pixels အရေအတွက်ဘယ်လောက်ရှိတာကို သိအောင်လုပ်ပြီး ကိုယ့်ရဲ့ ဓါတ်ပုံပေါ်မှာ အနုပညာ ပြုလုပ်ဖန်တီးချက် (effect) တွေကို ထပ်ထည့်ပေးတဲ့ အချက်အလက်တွေကို အကုန်လုံး အသုံးချ ထားပါတယ်။ယင်းအထူးပြုလုပ်ချက်တွေထဲက တစ်ခုကတော့ အဝေးကပုံတွေကို အနီးကပ်ဆွဲရိုက်တဲ့အခါ ဆော့ဖ်ဝဲလ် သုံးပြီး ရုပ်ထွက်အရည်အသွေးကောင်းအောင် လုပ်နိုင်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ သီးသန့် ဆော့ဖ်ဝဲလ်နဲ့ ဝါးအောင်လုပ်လို့ ရပြီး M8 မှာပါတဲ့ ဒုတိယ sensor ဟာ resolution နိမ့်တာ ဖြစ်လို ဆံပင်လို သိမ်မွေ့ တဲ့ အနားစွန်းလေးတွေအတွက့် HTC ရဲ့ ဆော့ဖ်ဝဲလ်ကို မှိန်မှိန်လေးဖြစ်အောင် လုပ်ရတာ လွယ်ကူစေပါတယ်။

Apple ကလည်း iPhone 7 Plus မှာ အလားတူ လုပ်ထားတယ်ဆိုပေမယ့် 7 Plus ကိုင်ဆောင်သူတွေ အတွက် နောက်ထွက် ဆော့ဖ်ဝဲ update တစ်ခု ထပ်ထည့်ထားပါတယ်။ (ဒီတော့ M8 နဲ့ ယှဉ်ကြည့်ရင် ပိုကောင်း တဲ့ ရလဒ်တွေ ထွက်လာဖို့ မျှော်လင့်ရပါတယ်။)LG G5 + V20            LG ဟာ Apple ရဲ့ ကြေငြာချက်ထွက်လာပြီးနောက် သူ့ ရဲ့ Twitter ဖော်ပြချက်ဟာ ပါမွှားပဲ ဖြစ်သွားပါပြီ။ ကိုရီးယားကုမ္ပဏီရဲ့ G5 နဲ့ V20 မှာ တပ်ဆင်ထားတဲ့ dual-sensorဟာ အခု Apple လုပ်နေတာနဲ့  တစ်ခြားစီပါပဲ။ G5 နဲ့ V20 မှာဆို အလင်းဝင်တဲ့ အပါချာအနေနဲ့ f/1.8 lens ပါရှိတဲ့ 16 MP sensor နဲ့ ဒုတိယကင်မရာ မှန်ဘီလူးမှာတော့ 8 MP sensor နဲ့ လာပါတယ်။ (Apple ရဲ့ ထောင့်ကျယ် မှန်ဘီလူးတို့ အဝေးရိုက် မှန်ဘီလူး တို့ နဲ့ တော့ ဆန့် ကျင်ဘက်ပါပဲ။)16 MP ကင်မရာကတော့ ပုံမှန်ရိုက်တဲ့ ကင်မရာဖြစ်ပြီး အလင်းအားနည်းချိန်မှာ ရိုက်ကူးနိုင်ပြီး ထောင့်ကျယ်ကင်မရာကတော့ landscape ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့ ဖြစ်ပြီး မှောင်နေရင် ရိုက်ဖို့ ခက်ပါတယ်။ ဒီတော့ LG မှာ အရံဖြစ်တဲ့ ဒုတိယကင်မရာကပဲ ပိုပြီကျယ်တဲ့ မြင်ကွင်းကို ရိုက်ကူးဖို့ သုံးပြီး အဝေးမြင်ကွင်းတွေကို နီးဝေးဆွဲကြည့်ဖို့ သုံးလို့ မရပါဘူး။            

Huawei P9 + Honor 8Huawei ရဲ့ UK Twitter account ဟာ Apple ရဲ့ iPhone ပြပွဲလုပ်နေစဉ်မှာ dual-lens ဖုန်းတွေ ထုတ်လုပ်သွားဖို့ လုပ်နေကြပါတယ်။ P9 ရဲ့ Leica တံဆိပ်ကင်မရာနှစ်ခု (Honor 8 မှာတော့ Leica တံဆိပ် မဟုတ်ပေမယ့် ကင်မရာတွေက အတူတူပါပဲ။) မှာ အလင်းဝင်တဲ့အပါချာက f/2.2 lens များနဲ့ 12 MP ကင်မရာ နှစ်လုံးပေါင်းစပ်ထားပြီး အရောင်တစ်မျိုးတည်းမှာ အရိပ်အမျိုးမျိုးထည့်သုံးထားပြီး ပိုမို ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ နဲ့ ရုပ်ထွက်အနုစိတ် ရရှိအောင် လုပ်ထားပါတယ်။ ကိုယ်ပိုင် Leica အက်ပ် ပါရှိတဲ့ P9 မှာဆို သပ်ရပ်တဲ့ အနက်ရောင်နဲ့ အဖြူရောင်ဖမ်းယူလို့ ရဖို့ အတွက် အရောင်တစ်မျိုးတည်းမှာ အရိပ်အမျိုးမျိုး ထည့်ပေးတဲ့ monochrome sensorကို သုံးလို့ ရပါတယ်။Huawei မှာ အရံ second sensor ကနေ ဖမ်းယူလို့ ရတဲ့ ရုပ်ထွက်တဲ့ အသေးစိတ်အချက်အလက်တွေ  ပေါ်အခြေခံပြီး အနီးအဝေးအကွာအဝေးကြား ပုံရိပ်ကြည်လင်အောင်လုပ်တဲ့ low depth of field mode တစ်ခု ပါရှိပါတယ်။ M8 မှာပါတဲ့ ရုပ်ထွက် resolution နဲ့ processing power ကိုတော့ ဆော့ဖ်ဝဲလ်သုံးပြီး visual quality ပိုကောင်းအောင်လုပ်ထားပေမယ့် Huawei ရဲ့ ကင်မရာကတော့ ကြည်လင်တဲ့ပုံရိပ်တွေနဲ့ သိမ်မွေ့ တဲ့ အနားစွန်းတွေကို ရအောင် လုပ်ပေးပါတယ်။            iPhone 7 Plusဒီတော့ Apple မှာတော့ ဘာတွေအသစ်ပါပြီး ဘာတွေ မတူကွဲပြားနေလဲ။

 iPhone 7 Plus ဟာ 12 MP ပဲသုံးထားပြီး f/ 1.8 အပါချာ နှင့် iPhone 7 မှာတော့ ရုပ်ငြိမ်ကင်မရာစနစ်ကိုသုံးထားပြီး iPhone 7 Plus ကတော့ 2X optical zoom နဲ့ အရံ second telephoto မှန်ဘီလူးတစ်ခု ထပ်ထည့်ထားပါတယ်။ ဆော့ဖ်ဝဲလ်အစွမ်း နဲ့ ပေါင်းစပ်လိုက်ရင် ဘယ်လောက်အထိ အလုပ်ဖြစ်မယ်ဆိုတာတော့ အတိအကျမသိရပါဘူး။ ဒီဖုန်းမှာတော့ zoom မှာ အမြဲသုံးတဲ့ အရံကင်မရာကို သုံးထားတာ ဖြစ်လို့  iPhone ဟာ 2X အထိ zoom ဆွဲနိုင်ပါတယ်။ ကုမ္ပဏီကတော့ ဒီdual camera စနစ်ဟာ 10X အထိ digital zoom ဆွဲလို့ ရနိုင်တယ်လို့ ပြောထားပါတယ်။အရင်တုန်းက Samsung Galaxy S4 Zoom ၊ K Zoom နျင့် ASUS Zenfone Zoom တို့ လို Android ဖုန်ျးွှေမှာ ပိုကောင်းတဲ့ digital Zoom ပေးထားတယ်ဆိုပေမယ့် တစ်ခြား ကဏ္ဍတွေလည်း အများကြီး ပါရှိတာ ဖြစ်လို့ အတော်များများ အဆင်မပြေတာ တို့  ဆွဲဆောင်မှုမရှိတာတို့ ဖြစ်လာပါတယ်။ Apple ရဲ့ တယ်လီဆွဲရိုက်နိုင်တဲ့ မှန်ဘီလူးမှာ ပိုပြီး ကန့် သတ်ချက်များတယ်ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ GS4 Zoom လိုမျိုး လက်မအပြည့် ထူတာမျိုး မရှိပါဘူး။ပြောခဲ့သလိုပဲ Apple ဟာ ကိုယ်ရိုက်လိုတဲ့ ပုံရိပ်ကို ပြတ်သားမှုရအောင်လုပ်ဖို့ နောက်ခံ background တွေကို ဝါးအောင်လုပ်ပြီး Portraits ရိုက်တာမျိုးမှာ ဓါတ်ပုံတွေမှာ အနီးအဝေးအကြား ပေါ်လွင် ထင်ရှားအောင် depth of field effects တွေ ထပ်ထည့်ဖို့  အရံ second camera ကို သုံးပါတယ်။ 

iPhone 7 Plus ဖြန့် ချီတုန်းက ပါမလာပေမယ့် နောက်မှာ software update ကနေ ထပ်ထည့်ပေးသွားမှာပါ။မိုဘိုင်းလ်ဖုန်းလောကမှာ အသစ်အဆန်းတွေ ပါလာတာနဲ့ အမျှ Apple ဟာလည်း အဓိကကဏ္ဍ တစ်ချို့ မှာ အရှိန်မြှင့်တင်လာဆဲ ဖြစ်ပါတယ်။ ဒီတော့ လာမယ့် နှစ်ထဲမှာ Apple ရဲ့ ဟန်ဖြစ်တဲ့ dual-camera တပ်ဆင်မှုကို တစ်ချို့ Android ဖုန်းထုတ်လုပ်သူတွေအနေနဲ့ အနည်းဆုံး အတုခိုးလို့ ရမယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ Android ရော iOS ရော နှစ်ဖက်စလုံးဟာ တစ်ဦးဆီက features ကောင်းတွေကို တစ်ဦးက ပွားယူကူး copy လုပ်လာပါတယ်။HTC ၊ Huawei နဲ့ LG ဘယ်သူက ပထမဆုံးလုပ်သလဲဆိုတာကတော့ လုံးဝ မတိကျပါဘူး။ သေချာတာကတော့ ဖုန်းတွေမှာ ကင်မရာ နှစ်လုံးနဲ့ ထုတ်လာပေမယ့် လုံးဝကွဲပြားတဲ့နည်းလမ်းတွေနဲ့  လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။နောက်ဆုံးပြောရရင် ဖုန်းတွေမှာ နာမည်ကြီးလာတဲ့ ကင်မရာသစ်သုံးတဲ့ နည်းပညာဟာ လူတိုင်းအတွက် ကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက အကြီးဆုံး iPhone ကင်မရာ အဆင့်မြှင့်တင်မှုတွေလုပ်ခဲ့ တဲ့ iPhone 7 Plus ရော အခုလို အပြိုင်အဆိုင်ထွက်လာတဲ့ ဖုန်းတွေကို ဝယ်လာတဲ့ လူတိုင်းအတွက်ပါ ကောင်း တဲ့အချက်ဖြစ်ပါတယ်။ Camera နည်းပညာဟာ မိုဘိုင်းလ်ဟာ့ဒ်ဝဲလ်အခန်းကဏ္ဍတွေထဲက တစ်ခု ဖြစ်ပြီး ကင်မရာ နှစ်လုံးတွဲလာတဲ့ပုံစံဟာ လာမယ့် ၂၀၁၇ မှာ ပိုပြီး နာမည်ကျော်လူကြိုက်များလာဖြစ်သလို စိတ်ဝင်စားဖို့ လည်း ကောင်းလာတော့မှာ ဖြစ်ပါတယ်။  

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center