မာန ထောင်လွှားခြင်း ၆

image

မာနထောင်လွှားခြင်း
💮💮💮💮💮💮💮
( ၆ )

( ၂ ) သပ်က်ဝါတရား လက်ကိုင်ထားခြင်းနှင့်
လောကီစည်းစိမ်ကို စွန့်လွှတ်ခြင်း
================================
မာနစိတ်ဝင်ခြင်း၏ ဒုတိယအကြောင်းခံသည် သပ်က်ဝါတရား လက်ကိုင်ထားခြင်း ၊ လောကီစည်းစိမ်များကို စွန့်လွှတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အိဗာဒသ် ခဝပ်ကိုးကွယ်မှုများကို မလွတ်တမ်းပြုကျင့်သူတို့သည် သူတစ်ပါးအား ဒုက္ခပေးနိုင်ခြင်းကို မိမိတို့၏ အောင်မြင်မှု ၊ တန်ခိုးကြီးမှုဟု ယူဆကြပြီး မိမိတို့ တစ်ဦးဦးကြောင့် ဒုက္ခရောက်ကြပါက ဒေါသဖြင့် ” ငါတို့ကို ဒုက္ခပေးခဲ့တဲ့သူတွေကို အလ္လာဟ်အရှင်မြတ် ဘယ်လိုပြန်လည် ပြစ်ဒဏ်ခတ်မယ်ဆိုတာ သင်တို့ စောင့်ကြည့်ကြ ” ဟူ၍ ကြိမ်းမောင်းစကားကို ဆိုကြလေသည်။ ဤသို့ ကြိမ်းမောင်းသည်နှင့် ကြုံကြိုက်၍သော်လည်းကောင်း ၊ အလ္လာဟ်အရှင်မြတ်၏ ဘက်တော်မှ ဆုံးဖြတ်ခြင်းကြောင့်သော်လည်းကောင်း ၊ ကြိမ်မောင်းခံရသည့် ပုဂ္ဂိုလ်များ ဒုက္ခ အနာတရ ရသွားပါက ( သို့ ) သေဆုံးသွားပါက လူတို့အား ဝင့်ကြွားစွာဖြင့် ” တွေ့လား … ? အလ္လာဟ်အရှင်မြတ်ရဲ့ အချစ်တော်တွေကို ဒုက္ခပေးခဲ့သူ ဘယ်နှယ်နေသေးလဲ … ? ” ဟု မိမိတို့ ကြိမ်းမောင်းသည့်အတိုင်းဖြစ်ကြောင်း သက်သေထူကြလေသည်။

   အဆိုပါ အာဗိဒ် တရားအားထုတ်သူများသည် အသိဥာဏ်ကင်းမဲ့သူများဖြစ်ကြသည်။ အကြောင်းမှာ လွန်လေပြီးသော နဗီ တမန်တော် ؑ များကို ဒုက္ခကြီးငယ်ပေးသူများ ထိုခေတ်အခါက ပေါ်ပေါက်ခဲ့သော်လည်း နဗီ တမန်တော် ؑ များက ပြန်လည်လက်စားမချေခဲ့ကြပေ။ ခွင့်လွှတ်တော်မူခဲ့ကြသည်။ ဤသို့ ခွင်လွှတ်ခြင်းကြောင့်ပင် ကာဖိရ် မုယှ်ရစ်က် ဘာသာခြားတို့ အစ္စလာမ့်ရင်ခွင်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ အစ္စလာမ်ကို လက်ခံကျင့်သုံးခဲ့ကြသည်။ လောကီလောကုတ္တရာ နှစ်ဘဝလုံး၏ ကောင်းချီးမင်္ဂလာများကို ပြည့်ပြည့်ဝဝရရှိခဲ့ကြသည်။ နဗီတမန်တော် ؑ များက မိမိတို့အား ဒုက္ခကြီးငယ်ပေးသူများကို လက်စားချေခဲ့လျှင် လူအပေါင်းတို့ ဟိဒါယသ် လမ်းမှန်တရား ရကြမည်မဟုတ်ပေ။ အာဗိဒ် တရားအားထုတ်သူ ဝလီ သူတော်စင် ( အလ္လာဟ်အရှင်မြတ်၏ အချစ်တော်များ ) သည် မည်မျှပင် မြင့်မားသော အဆင့်အတန်းကို ရရှိစေကာမူ နဗီ တမန်တော် ؑ များထက် မမြတ်နိုင်ပေ။ ထို့ကြောင့် အာဗိဒ် တရားအားထုတ်သူများသည် သူတော်ကောင်းစိတ် ၊ ရိုကျိုးစိတ်ကို မွေးမြူကြရမည်။

” သပ်က်ဝါတရားကြောင့် စိတ်ကြီးဝင်ခြင်းကို ကုစားနည်း ”

إن شآءاللّه تعالى

( ၇ ) တွင် ဆက်လက်ရေးသား တင်ပြပါမည်။

📆 ဟိဂ်ျရီ ၁၄၃၉ ၊ ယှအ်ဗာန်လ ( ၉ )ရက်📆
📆 ၂၆ . ၄ . ၂၀၁၈ ( ကြာသပတေးနေ့ )📆

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center