Introduction myself

Words
71
Reading
1 min
Listen
Play
3y

Introduction

ကိုယ်ဟာ ဘယ်သူလဲလို့ မေးတဲ့အခါ
မဖြိုးသက်ပါပေါ့
အသက်၃၅နှစ်အရွယ် အန်တီကြီးတစ်ယောက်ပါ

ပျော်ရွှင်စွာနေချင်တယ်
လေးလံမှုတွေ အပေါ်ယံတွေတော့ မကြိုက်ဘူး
စိတ်ပျက်မှုတွေကို ဟာသအဖြစ်နဲ့ပဲ မြင်နိုင်ဖို့ ကြိုးစားတဲ့အခါ
တစ်ခါတစ်လေ ဘောင်မဝင်ဘူး

သမ္မာအာဇီဝသာ ဖြစ်ပါစေလေ အလုပ်မရွေးဘူး
ရှက်တယ်ဆိုတာ မရှိဘူး

မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုထက်
ကိုယ်ဟာ လူတစ်ယောက်အဖြစ်သာ လက်ခံတယ်
Gentle ခွဲခြားမှုလုပ်တဲ့သူတွေကိုတော့ အထင်မကြီးဘူး

ကိုယ်ရဲ့တည်ရှိခြင်းဟာ
ကိုယ့်မိသားစုအတွက်
ကိုယ့်ချစ်ရတဲ့သူငယ်ချင်းနဲ့
ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ

ဝါသနာအနေနဲ့ကတော့
အစားစားရတာ အရမ်းကြိုက်တဲ့သူတစ်ယောက်ပါ
အအိပ်လည်း ဘာမက်သလား မမေးနဲ့

စာတွေရေးရတာကလည်း ကိုယ်ကြိုက်တဲ့အလုပ်တစ်ခုပဲမို့
Hiveကို ရောက်လာခဲ့ပါပြီ
Hiveမှာ ကိုယ့်ရဲ့အတွေးအမြင် တစ်ချို့ရယ်
ကိုယ်နေ့စဉ်လေ့လာမိသမျှ Universe energy နဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုလေးတွေ
ရေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်

Hiveရဲ့ မိတ်ဆွေတွေဆီကလည်း
ပျော်ရွှင်မှု, ရသစုံ, လေ့လာစရာတွေအများကြီးမို့
ရင်ခုန်စိတ်လှုပ်ရှားစွာြဖင့်

အားလုံးကို ကောင်းသောနေ့သစ်လေးပါလို့
နှုတ်ခွန်းဆက်ပါရစေနော်

ချစ်တဲ့ တီဖြိုး
31th Jan 2024

#introduce myself

Introduction myself | Ecency