Do respect Housekeepers

''ဆရာ သူပဲဆရာ... ဖင်ပေါ့တယ် လိမ္မာတယ်... အဆင်မပြေတာရှိလဲပြောနော်
ကျမကို''

''ရပြီရပြီ ပွဲခကရှင်းပြီးပြီနော် ''

''ဟုတ်ဆရာ ရှင်းပြီးပါပြီ''

အရပ်အခေါ် ''အိမ်ဖော်ပွဲစား ''ပြန်သွားတော့
အဲ့ကလေးမရယ် ကျနော်ရယ် ကျန်ခဲ့တယ်

''ကလေးမ ''

''ဟိုအမျိုးသမီးမင်းကို ဘာမှာလဲ''

''လိမ်လိမ်မာမာနေပါ ဦးတို့ က စည်းကမ်းကြီး
တယ်လို့ ပြောပါတယ်...''

''မင်းဒီအိမ်ကိုရောက်လာတဲ့ရည်ရွယ်ချက်သိလား''

''ဟုတ်သိပါတယ် အိမ်ဖော်လုပ်ဖို့ ပါ''

''ရပြီ ရပြီမင်းကို ငါတို့ အိမ်ရဲ့ စိတ်နေ စိတ်ထား
ပြောပြရမယ်-
ငါတို့ အိမ်က စည်းကမ်းကြီးတာမဟုတ်ဘူး
စည်းကမ်းရှိတာ...
အဓိပ္ပာယ်မတူဘူး...

နောက်ပြီး ငါတို့ က အိမ်ဖော်ခေါ်တာမဟုတ်ဘူး
ငါတို့ မိသားစုလေး အဆင်ပြေအောင် ကူညီပေး
မယ့်တည်ဆောက်ပေးမယ့် နောက်ထပ်မိသားစု
ဝင်တစ်ယောက်ကို အလိုရှိတာ
မင်း ဟာအစေခံမဟုတ်ဘူး...
လုပ်အားနဲ့ ဝင်ငွေကိုထိုက်ထိုက်တန်တန်ယူ
မယ့် အလုပ်လုပ်နေသူတစ်ယောက်...
အလုပ်လုပ်ခြင်းဖြစ်တဲ့အတွက်
တစ်စုံတစ်ရာ သိမ်ငယ်စရာမရှိဘူး...
ကိုယ့်တာဝန်ကိုယ်ကျေရင်မင်းအလုပ်ခွင်ဖြစ်တဲ့
ငါ့အိမ်မှာ ရင်ကော့ပြီးနေလို့ ရတယ်'

မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်နဲ့ 
ကျနော့ကို နားမလည်သလိုကြည့်တယ်...

''ငါပြောတဲ့စကားမှာ မင်းနားမလည်တဲ့စကား
ပါလား''

''ဒါပေမယ့် ဟိုလေ... အရင်အိမ်တွေတုန်းက..''

''ရပြီ ... ငါသိတယ်... ဒီနိုင်ငံမှာ အိမ်အကူ
လုပ်ရတဲ့ အခြေအနေကိုငါသိတယ်...
ကလေးမ သိရမှာက လုပ်အားနဲ့ ဝင်ငွေကို
ဖလှယ်တာ... ကလေးမက လုပ်အားပေးတယ်
ဦးတို့ က လစာပေးမယ်...
သိက္ခာတွေပေးစရာမလိုဘူး
အောက်ကျခံစရာမလိုဘူး...
မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေသိပြီလား''

''အိမ်ဖော်က ကျမတစ်ယောက်တည်းမဟုတ်
ဘူးလား''

''ပြောပါတယ် ငါအိမ်ဖော်ငှားတာမဟုတ်ဘူး
ငါတို့ မိသားစုလေး အဆင်ပြေချောမွေ့ အောင်
ကူညီပေးမယ့် မိသားစုဝင်တစ်ဦးကို အလိုရှိတာ
လို့ ... မင်းရဲ့လုပ်ဖော်ကိုင်ဖက်က ငါတို့ တစ်မိသား
စုလုံးပဲ... ဒီအိမ်လေးသာယာဖို့ ...
အဓိကတာဝန်ရှိ သူက အိမ်ထောင်ဦးစီးဖြစ်တဲ့ငါ...
ငါ့မှာလည်းတာဝန်ရှိတယ်...
ငါ့မိန်းမနဲ့ ငါ့သားသမီးတွေမှာလည်း တာဝန်ရှိတယ်
မိသားစုဝင် အသစ်ဖြစ်တဲ့ နင့်မှာလည်း
တာဝန်ရှိတယ်... ငါပြောတာ သဘောပေါက်လား''

''ဟုတ် သဘောပေါက်ပါတယ်''

''အေး အလုပ်တစ်ခုလုပ်ရင် ရည်ရွယ်ချက်ရှိရတယ်
နင်အပါအဝင် ငါတို့မိသားစုလေးရဲ့လိုလားချက်က
တစ်နေ့ ချင်းစီကို အိမ်တွင်းမှုကိစ္စတွေမှာ
အဆင်ပြေချောမွေ့ ဖို့ 
သဘောပေါက်လား''

' ဟုတ်''

''အလုပ်လုပ်ရင် အလိုအပ်ဆုံးကိုသိလား''

''ဟုတ်...ဟို..''

''ရပြီ ငါပြောပြမယ်...
ဘယ်သူဖြစ်ဖြစ် ကိုယ့်အသက်မွေးဝမ်ကျောင်း
အလုပ်ကိုလုပ်ရင် ကိုယ့်အလုပ်ကိုသစ္စာရှိရ
တယ် တာဝန်ကျေရတယ်...စေတနာထားရတယ်
အဲ့ဒိအချက်တွေငါလိုချင်တယ်
နင်ပေးနိုင်မလား''

''ဟုတ် ပေးနိုင်ပါတယ်''

''ငါ့တောင်းဆိုမှုမှာ မတရားတာပါလား''

''မပါပါဘူး ဦး''

''အဲ့ဒါဆိုရပြီ နင်မိသားစုဝင်ဖြစ်ပြီ-
အဲ တစ်ခုတော့စိတ်ချ ...
နင့်လုပ်အားနဲ့ နင့်လုပ်အားခ
တန်စေရမယ် ငါကတိပေးတယ်...''

'ဟုတ်ကဲ့ပါ ဦး''


ကျနော်အထက်မှာဖော်ပြခဲ့သလို
အိမ်ဖော်ကို
ဒီလိုစကားပြောမယ့်အိမ်ရှင်က
မရှိသလောက်ရှားလိမ့်မယ်...
ဒါပေမယ် သူတို့ က
သမ္မာအာဇီဝနဲ့ အသက်မွေးနေတဲ့
နိုင်ငံတော်ရဲ့ နိုင်ငံသားတွေပဲလေ

ဘာကြောင့်များနှိမ်ချင်ကြတာလဲ
ကျနော်တော်လှန်လိုပါတယ်
ဒီအယူအဆဟောင်းတွေကို...

အိမ်အကူက ကျွန်မဟုတ်ဘူး...
အိမ်တွင်းဝန်ဆောင်မှုရောင်းချသူပဲ
အိမ်ရှင်ကလည်း အလုပ်ရှင်မဟုတ်ဘူး
သူက Customer...
ဝန်ဆောင်မှုကို ဝယ်ယူသူ
သူ့ တာဝန်သူကျေနေရင်
သိက္ခာရှိရှိရပ်တည်နိုင်သူဖြစ်ရမယ်...
သန့် စင်တဲ့လုပ်အားနဲ့ 
အသက်မွေးဝမ်းကြောင်းလုပ်နေသူလို့ 
မြင်ပေးရမယ်...

ဒီလိုသာဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ
သိပ်ကို ချစ်ဖို့ ကောင်းတဲ့
တိုင်းပြည်ဖြစ်လာလိမ့်မယ်
ကျနော်ယုံကြည်တယ်...

လူလူချင်းလေးစားနိုင်ကြပါစေရည်ရွယ်ရင်း

image
Writer by @minmaha

H2
H3
H4
3 columns
2 columns
1 column
Join the conversation now