ငယ်​ငယ်​ကအ​ကြောင်းတစ်​ချို့

ကျွန်​​တော်​ ငယ်​ငယ်​ကဆို ရည်​မှန်းချက်​​တွေ အများကြီးရှိခဲ့တာ​ဗျ အင်​ဂျင်​နီယာကြီးတစ်​​ယောက်​ဖြစ်​ရမယ်​၊ ကွန်​ပျူတာကျွမ်းကျင်​တဲ့သူဖြစ်​ရမယ်​​ပေါ့။ ​ကျောင်းတက်​မယ်​ စာကြိုးစားမယ်​ ပညာတတ်​ကြီး​ တစ်​​ယောက်​ဖြစ်​​စေရမယ်​ ရည်​မှန်းချက်​​တွေ ပြည့်​​အောင်​လုပ်​မယ်​​ပေါ့။ ငယ်​ငယ်​က ငယ်​ငယ်​က။ ကိုးတန်း၊ဆယ်​တန်း လဲ ​ရောက်​​ရော ရည်​မှန်းချက်​​တွေက တစ်​ဖြည်းဖြည်းနဲ့ မဖြစ်​နိုင်​မှန်းသိလာတယ်​​ဗျ။ ​အောင်​မို့ကို မနည်းကြိုးစားရတာကိုး။ လူကြီး​တွေ​ပြောတဲ့ စကားတယ်​မှန်​သကိုး ဘာတဲ့ ရင်​​လောက်​တင်​မှ ဒူး​လောက်​ကျတာဆိုတာ​လေ။ အဲတာနဲ့ ကျွန်​​တော်​ ဆယ်​တန်း​အောင်​ပြီး​တော့ တက္ကသိုလ်​ဆက်​တက်​တယ်​ အင်္ဂါလိပ်​စာ​မေဂျာနဲ့ပါ။ အခုအချိန်​ကျ​တော့ ငယ်​ငယ်​က ရည်​မှန်းချက်​​တွေ ​မျှော်​မှန်းထားတာ​တွေ အလိုလို​ပျောက်​သွားတယ်​​ဗျ။ တက္ကသိုလ်​​ရောက်​​တော့ ပိုဆိုးတယ်​ ​ကျောင်းကိုမတက်​ဖြစ်​ဖူး။ တစ်​နှစ်​တစ်​တန်းကို မနဲ ​အောင်​​အောင်​လုပ်​ရတယ်​။ စာ​မေးပွဲကျလို့လဲမဖြစ်​ဖူး​ဗျ အိမ်​က စီးပွား​ရေးလည်းမ​ကောင်းဘူးဆို​တော့ ​အောင်​မှဖြစ်​မှာ​လေ ကျရင်​လဲ မထားနိုင်​​တော့ဘူး။ အဲတာနဲ့ ကျွန်​​တော်​ ကြိုးစားပါတယ်​။ တစ်​နှစ်​တစ်​တန်း​တော့ ​အောင်​သွားတယ်​​ဗျ အခု​နောက်​ဆုံးနှစ်​​တောင်​​ရောက်​သွားပြီ။ သူများ​တွေက ​မေးကြတယ်​ ဘွဲ့ရပြီးရင်​ဘာလုပ်​မှာလဲတဲ့ ကျွန်​​တော်​က​တော့ သူတို့​မေးမှ ကိုယ်​ကိုတိုင်​ စဉ်းစားမိတယ်
ဘာလုပ်​ရမယ်​မှန်းလဲမသိဘူး။ အိမ်​က​တော့​ပြောတယ်​ အစိုးရဝန်​ထမ်းလုပ်​ရမှာတဲ့။ အစ်​ကိုဝမ်းကွဲက​တော့ သူ့လုပ်​ငန်းနဲ့ဆိုင်တာပဲလုပ်​​စေချင်​တာ​ပေါ့။ သူက လမ်း​ကြောင်းလဲ​ဖောက်​ပြီးသား​လေ။ ကျွန်​​တော်​ကလဲ သူ့လုပ်​ငန်းကိုစိတ်​​တော့ ဝင်​စားသ​ဗျ။ လုပ်ငန်းက ​​ဓာတ်​ပုံရိုက်တယ်​၊​ဗီဒီယိုရိုက်​တယ်​ ကိုယ်​တိုင်​ editor ​ပေါ့။ ပြီး​တော့ အစ်​ကိုကထပ်​​ပြောတယ်​ မင်းငလုပ်​ငန်း စိတ်​မဝင်​စားရင်​လဲ သူနဲ့ အသိ ကွန်​ပျူတာ​တွေ ပြင်​တဲ့ဆိုင်​မှာ ပညာသွားသင်​ပါလား ဒါမှမဟုတ်​ ဖုန်းနဲ့ဆိုင်​တဲ့အလုပ်​မှာ ပညာသွား​သင်​​ပေါ့။ အဲကြမှ ကျွန်​​တော်​လမ်း​ကြောင်း​တွေ ပွင့်​သွားတယ်​​ဗျ။ အဲထဲကပဲ ဘဝအတွက်​တစ်​ခုခု​ရွေးရမယ်​​ပေါ့။ ဒါ​ပေမဲ့ ကျွန်​​တော်​အခုထိ​တော့ မ​ရွေးရ​သေးဘူး​ဗျ။
ကျွန်​​တော့အ​ကြောင်းက​တော့ ဒီ​လောက်​ပါပဲ။ အဲဒီမှာ မိတ်​​ဆွေတို့ကို တစ်​ခု​ပြောချင်​တာက ငယ်​ငယ်​ကထဲကတိုင်​ ရည်​မှန်းချက်​ကို အမြင့်​ဆုံးမှာ ထားသင့်​​ကြောင်း​ပေါ့။ ငယ်​ငယ်​က ရည်​မှန်းချက်​​တွေ မပြည့်​ဝလဲ ကိုယ်​​ရောက်​တဲ့​နေရာ ကိုယ်​တက်​တဲ့​ကျောင်း​တွေမှာ အ​ကောင်းဆုံးကြိုးစားဖို့ပါပဲ။ ကျွန်​​တော့လိုလဲ မဖြစ်​​စေချင်​ဖူး​ဗျ။ ​နောက်​ပြီး အလုပ်​ဆိုတာက ​ကျောင်းတက်​တုန်း ကိုယ်​လုပ်​မယ့်​ လုပ်​နိုင်​မယ့်​ လုပ်​ချင်​တဲ့ အလုပ်​ကို တစ်​ဖက်​တစ်​လမ်းက​နေ ကြိုပြီးသင်​ယူထားသင့်​တယ်​​​​ဗျ။ အဲတာမှ လုပ်​ငန်းထဲ​ရောက်​တဲ့အချိန်​ ကြိုပြီးတတ်​​နေ​တော့ ကိုယ့်​အတွက်​ပို​ကောင်းတာ​ပေါ့။ ဆရာကြီးလုပ်​တာ​တော့မဟုတ်​ပါဘူး ကိုယ်​သိသ​လောက်​​ရေးဖြစ်​တာဘာ။ ဘဝအ​ကြောင်းနဲနဲလဲပါတာ​ပေါ့။ ဒီ​မျှနဲ့​တော်​​သေးပြီ။ ​နောက်​လဲဘာ​ရေးရမယ်​မသိစဉ်းစားလိုက်​ဦးမည်​။
လျှောက်​​ရေးထားတာပါ။ မရီကြပါနဲ့။
@yairthiha ​မြှောက်​​ပေးတာလဲပါတာ​ပေါ့
Written by mjoker FB_IMG_1503062614797.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now