Evening Rainbow Phone Photography and My Mind

Hello.

Yesterday evening, I went out of the village for a walk.
I went for a walk to relieve the daily fatigue.
Mind Fatigue is worse than work fatigue.
Starting yesterday, gas stations near where I live have been out of fuel.
To date, we have not yet purchased fuel.

My job is to go to other villages by motorbike, so it's difficult if I can't buy fuel.
I started to think while walking.
Would it be good to buy a bike and ride it?
It's been a long time since I've ridden a bicycle, so going to other villages by bicycle will be very tiring.
I don't know how long the fuel shortage will be.
The idea is to go to the city and buy fuel.
Fuel stations in urban areas also sell only by putting it in the vehicle once.
It Cannot be purchased in boxes.
I walked outside the village to relax, but my thoughts troubled me again.
Although...

There are thick clouds in the sky.
A few drops of rain fell in the evening.
As I was going back to the village to avoid getting wet, I saw a big rainbow.
And I was delighted to see the colorful rainbow.
I was happy with the thought that I had a photo of natural beauty to post on the Hive Blockchain.
So I opened the phone camera and took a picture of the beauty of the rainbow.
Before entering the village, I were able to take a picture of the natural landscape before the rainbow disappeared from the sky along the road.

I may not be able to see the rainbow in the sky for a long time, but I, who have seen the beauty of nature for a moment, want to be happy forever.

Burmese language,

မင်္ဂလာပါ။

မနေ့ညနေက ရွာအပြင်ထွက်ကာ လမ်းလျှောက်ဖြစ်ခဲ့သည်။
တနေ့တာ ပင်ပန်းမှုတွေ ပြေလျော့အောင် လမ်းလျှောက်ထွက်ခဲ့ခြင်း ဖြစ်သည်။
ပင်ပန်းမှု ဆိုတာက အလုပ်ပင်ပန်းမှုထက် စိတ်ပင်ပန်းမှုက ဆိုးပါသည်။
မနေ့က စတင်၍ ကျွန်တော် နေတဲ့ အနီးအနားက လောင်စာဆီဆိုင်ကြီးတွေမှာ စက်သုံးဆီ ပြတ်တောက်သွားခဲ့သည်။
ယနေ့ အထိ လောင်စာဆီ ဝယ်ယူ၍ မရသေးပါ။

ကျွန်တော်၏ အလုပ်က ဆိုင်ကယ်ဖြင့် အခြားရွာတွေကို သွားရလေ့ရှိသောကြောင့် လောင်စာဆီ ဝယ်ယူမရလျှင် အခက်တွေ့ပါသည်။
လမ်းလျှောက်ရင်း တွေးတော့ဖြစ်ခဲ့သည်။
စက်ဘီး ဝယ်ယူကာ စီးနင်းရလျှင် ကောင်းမလားဟုပါ။
စက်ဘီး မစီးဖြစ်တာ ကြာခဲ့ပြီဆိုတော့ အခြားရွာတွေ ဆီသို့ စက်ဘီး ဖြင့် သွားရလျှင် အတော် ပင်ပန်းပါလိမ့်မည်။
လောင်စာဆီက ဘယ်အချိန်ထိ ပြတ်လပ်မည်လဲ မသိပါ။
မြို့ပြသို့ သွားကာ လောင်စာဆီ ဝယ်ယူရန် စိတ်ကူးရှိသည်။
မြို့ပြက လောင်စာဆီဆိုင်တွေကလည်း ယာဉ်ထဲ တခါတည်း ထည့်ပေး၍သာ ရောင်းချပေးသည်။
ပုံးများဖြင့် ဝယ်ယူ၍ မရပါ။
စိတ်အပန်းပြေရန် ရွာအပြင်ထွက် လမ်းလျှောက်ပါသော်လည်း အတွေးများက ဒုက္ခပေးခဲ့ပြန်သည်။
သို့ပေမယ့် ...

ကောင်းကင်၌ တိမ်တွေ ထူထပ်နေသည်။
ညနေခင်းမှာ မိုးစက် အနည်းငယ်ကျခဲ့သည်။
မိုးရေမစိုစေရန် ရွာထဲ ပြန်ဝင်မည် ပြုစဉ် သက်တန့်ကြီးကို မြင်တွေ့ခဲ့ရသည်။
သို့နှင့် ရောင်စုံသက်တန့်ကြီးကို ကြည့်ရင်း ကြည်နူးမိခဲ့သည်။
Hive Blockchain မှာ Post ရန် သဘာဝအလှ ဓာတ်ပုံ ရပြီဟူသော အတွေးဖြင့် သာယာခဲ့ရသည်။
သို့ကြောင့် Phone camera ကို ဖွင့်ကာ သက်တန့် ၏ အလှကို ဓာတ်ပုံရိုက်ယူခဲ့သည်။
ရွာထဲ မဝင်ခင် လမ်းတလျှောက်မှာ ကောင်းကင်က သက်တန့်ကြီး မပျောက်ကွယ်ခင် သဘာဝရှုခင်းပုံကို ရယူနိုင်ခဲ့သည်။

ကောင်းကင်က သက်တန့် ကို ကြာရှည် မမြင်ရနိုင်ပေမယ့် သဘာဝအလှကို အခိုက်အတန့် မြင်တွေ့ခဲ့ရသူ ကျွန်တော်ကတော့ ထာဝရ သာယာနေချင်မိပါတယ်။

@golden.future

H2
H3
H4
3 columns
2 columns
1 column
14 Comments