My Entry For Shadow Hunters/SMASh Contest -Round 307

Hello everyone, have a good day 😊

အားလုံးပဲ မင်္ဂလာပါ။ ကောင်းသောနေ့လေးပါ။


Yesterday, at the request of the children, I went on a short trip. They went to relax by swimming next to the stream that flows through the forest and mountains. The moment you reach between the forest and the mountains, you forget the busyness of the city for a while.

မနေ့ ကလေးတွေရဲ့တောင်းဆိုမှုကြောင့် ‌ခရီးတိုတစ်ခုသွားဖြစ်ခဲ့တယ်။ တော‌တွေ ‌တောင်တွေကြားကနေစီးဆင်းနေတဲ့ စမ်းချောင်းဘေးမှာ ရေကူးရင်း အပန်းဖြေသွားခဲ့ကြပါတယ်။ တော‌တွေ တောင်တွေကြားမှာ ရောက်သွားတဲ့အခိုက်မှာတော့ မြို့ပြရဲ့မွန်းကြပ်မှုတွေကို ခဏတာမေ့လျော့နေပါတယ်။




It's not the rainy season and the surrounding trees are no longer green. Dust and fog covered the sky, so the sky was not clear. But the cool water, quiet environment and clean fresh air refreshes the mind.

မိုးရာသီကာလမဟုတ်တော့ ပတ်ဝန်းကျင်ကသစ်ပင်တွေက စိမ်းလန်းစိုပြေမှုတော့မရှိဘူး။ ဖုန်မှုန့်တွေ မြူတွေကလွှမ်းခြုံထားတဲ့အတွက် ကောင်းကင်ကလည်း ကြည်လင်မှုတော့မရှိဘူး။ ဒါပေမယ့် အေးမြတဲ့ရေ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်နဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေတို့ကြောင့် စိတ်ကိုလန်းဆန်းသွားစေပါတယ်။



The sun was hot, but the water was cool and clear. People are taking pictures in various poses under the hot sun. The water that flows through it seems to run rough when it rains. That's why they made suspension bridges to make it easy to cross the one side of the cliff and the other side of the cliff.

နေရောင်က ပူပြင်းပေမယ့် ရေကတော့ အေးစိမ့်ပြီး ကြည်လင်နေတယ်။ လူတွေကတော့ ပူပြင်းတဲ့နေရောင်အောက်မှာ အမူအရာ အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်နေကြတယ်။ ဖြတ်သန်းစီးဆင်းနေတဲ့ရေက မိုးရွာရင် ရေ စီးကြမ်းကြမ်းနဲ့ စီးဆင်းပုံရပါတယ်။ ဒါကြောင့် တဖက်ဖက်ကမ်းပါး နဲ့ နောက်တဖက်ဖက်ကမ်းပါးကို ကူးဖို့အတွက်သွားလာရလွယ်ကူအောင် ကြိုးတံတားတွေပြုလုပ်ထားကြတာတွေ့ရတယ်။



The photo below is my entry photo for this week's SMASh Contest Round 307.

SMASh Contest Round 307 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။



Thank you all.

အားလုံးကို ကျေးဇူတင်ပါတယ်။


@ansoe


H2
H3
H4
3 columns
2 columns
1 column
13 Comments