Today (19-5-2024) is Sunday
Twenty-Eight garbage collection
It is.
တနင်္ဂနွေရောက်လာပြီဆိုတော့
ထုံးစံအတိုင်း အမှိုက်ကောက်သည့်ပိုစ့်
တင်ရသည်။ အမှိုက်ဆိုသည်ကလည်း
အမြဲတမ်းရှိနေပေသည်။ မြန်မာပြည်နှင့်
အမှိုက်ဆိုသည်က ခွဲခြားမရသလိုဖြစ်
နေတော့သည်။ ဘယ်တော့များမှ
အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြပါမလဲ။
တနေ့က Facebook မှာတွေ့မြင်လိုက်ရသည်။
ဂျပန်နိုင်ငံရပ်ကွက်တခု၏ လမ်းကြားပုံဟူ၍
ဖြစ်သည်။ ကြည်လင်၍ မြင်ရတာပင်
ကြည့်၍ကောင်းလှပေသည်။ ထိုအပြင်
နောက်တခု အာစီယံနိုင်ငံများမှ တခုဖြစ်ပေမည်။
နောက်ဖေးလမ်းကြားရှိ မြောင်းတခုဖြစ်သည်။
ရေမြောင်းက ကြည်လင်၍ ကလေးများရေချိုးပြီး
အဝတ်လျှော်သူကို ပြသထားသည်။
ထိုသို့သော နိုင်ငံများကို မြင်ရသည့်အခါ
ကိုယ့်နိုင်ငံ၏ မြို့အဝင် မီးရထားလမ်း၊ ကားလမ်း
များဘေးရှိ အမှိုက်ပုံကြီးများကိုသာ မြင်ယောင်
နေရပါသည်။ စွန့်ပစ်အမှိုက်များက လူတို့
စည်ကမ်းမရှိလေ လမ်းမများပေါ် ပေါများလာ
သည်ဟု ထင်သည်။
အမှိုက်ဆိုသည့်အရာက သုံးစွဲပြီး၍
အသုံးမပြုလိုသော အရာဝတ္ထုများကို
စွန့်ပစ်ကြခြင်းဖြစ်သည်။ သို့ပေသိ အချို့သော
သူများက ထိုသို့စွန့်ပစ်ပစ္စည်း အမှိုက်များကို
နှမြောစွာ သိမ်းဆည်းထားတတ်ကြပြန်သည်။
နောင်တချိန် အသုံးလိုလေမလားဟူးသော
သံယောဇဉ်ဖြင့် သိမ်းဆည်းသည်။
ထိုသို့သော လူများက အများအားဖြင့်
လူကြီးပိုင်းအရွယ် အများဆုံးဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်ပင် တခါတရံပါဝင်
တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော်
လမ်းမှာ တွေ့သည့် ကြေးနန်းကြိုးလေးများ၊
မူလီလေးများကို ကောက်ယူသည့် အကျင့်
ရှိသည်။
ထိုပစ္စည်းများကို ကောက်ယူ၍
သိမ်းဆည်းထားသည်။ အသုံးလိုသည့်အခါ
ထုတ်သုံးရန်ဟူသော ဆန္ဒဖြင့် သိမ်းဆည်း
သည်။ တခါသုံးပလပ်စတစ်အိတ်များကိုလည်း
အသစ်အတိုင်း ရှိနေသေးပါမူ ပြန်သုံးစွဲရန်
သိမ်းဆည်တတ်ပြန်သည်။ ထိုသို့သော
အကျင့်များကို မြန်မာပြည်ရှိ လူကြီးပိုင်း
အများစု၏ စတိုင်လ်တခုဖြစ်နေသည်ဟုလည်း
ထင်မိပြန်ပါသည်။
@htwegyi
May 19, 2024