ပြင်ဦးလွင်မြို့ရဲ့အထင်ကရနေရာများ

ကျွန်တော်တို့မြို့လေးရဲ့အလည်ပက်ကောင်းမဲ့နေရာများကိုအစဥ်လိုက်လည်လို့ရအောင်အတိုချုပ်ရေးပေးလိုက်ပါတယ်။

img_0.26339094690585546.jpg
image credit

ကျွန်တော်တို့မြို့လေးဟာအခုလို့ဆောင်းတွင်လေးမှာဆိုရင်မြူမှုန်များနှင့်ဖုံးလွှမ်းနေတောမြို့လေးတစ်မြို့ပါ။ကျွန်တော်တို့မြို့လေးကို
Hive platformပေါ်ကမိတ်ဆွေများကိုမြန်မာပြည်ကြီးပြန်အေးချမ်း
ရင်အလည်တစ်ခေါက်လာလည်ပါလို့ဖိတ်ခေါ်လိုက်ပါတယ်။

img_0.41834170955250277.jpg
image credit

ကျွန်တော်တို့မြို့လေးကိုရောက်ရင်အရင်ဆုံးသွားဖူးရမှာက မဟာကံထူးကံသာပြည်ချစ်ဘုရားပဲဖြစ်ပါတယ်။ ဘာလို့
အရင်ဖူးခိုင်တာလည်းဆိုတော့ ကိုယ်ရဲ့စိတ်တွေအလွန်အေးချမ်း
သွားအောင်လို့ပါ။ ဘုရားရောက်ရင် စိတ်ကောလူပါအေးချမ်း
မှာအမုန်ပါ။

img_0.7953659394965373.jpg
image credit
ဘုရားကနေထွက်တာနဲ့ ပွဲကောက်ရေတံခွန်ကိုလည်သွား
လည်နိုင်ပါတယ်။

img_0.8841508520859642.jpg
image credit
အဲဒီကနေအထွက်ဒီဇင်ဘာခြံကိုလည်းလည်လို့ရပါသေး
တယ်ဗျာဒီဇင်ဘာခြံကဘာတွေလည်လို့ကောင်းမလဲဆိုတော့
စိတ်ကိုအပန်းဖြေနိုင်မဲ့ရေတံခွန်လေးတွေရှိမယ်ပန်းခြံလေးတွေ
ရှိမယ်ချစ်သူအတွဲလေးနဲ့လည်လည်မိသားစုနဲ့လည်းလည်လို့
ကောင်းမဲ့နေရာလေးတစ်ခုပါဓာတ်ပုံလှလှလေးတွေလည်ရိုက်လို့
ရပါတယ်ဗျာ။အစာအစားများလည်စုံသောခြံလေးဖြစ်ပါတယ်။
ဒီဇင်ဘာခြံမှာနာမည်ကြီးတာကခြံထွက်နွားနို့ဖြစ်ပါတယ်။

img_0.16282652030026132.jpg
image credit
ဒီဇင်ဘာကနေလည်ချင်သေးရင် နာမည်ကြီး
ဝက်ဝံရွှာလေးကပိတ်ချင်းမြောင်လိုဏ်ဂူလေးပါ။
လိုဏ်ဂူအပေါက်ရောက်တာနဲ့စိတ်နှလုံးပျော်ရွှင်နေမှာအမုန်ပဲ။ရေလည်ကစားလို့လဲရ၊ ဓာတ်ပုံလှလှလေးတွေလည်းရိုက်လို့ရ။
ဂူထဲရောက်ရင်ကျောက်ပန်းဆွဲလေးတွေကနေရေကျသံလေးတွေ၊ စမ်းချောင်းလေးတွေကတသွင်သွင်စီးဆင်းနေတာလေးတွေလည်းတွေ့ရမှာဖြစ်ပါတယ်။

img_0.45519778228277963.jpg
image credit
အဲဒီကနေအပြန်နောက်ဆုံးလည်ရမဲ့နေရာလေးကတော့ပြင်ဦးလွင်မြို့ရဲ့အလည်ပက်အကောင်းဆုံးနေရာလေးဖြစ်တဲ့ရုက္ခဗေဒမျိုးသားကန်တော်ကြီးဥယျာဥ်ဖြစ်ပါတယ်ဥယျာဥ်ထဲမှာဆိုရင်ပန်းပေါင်းစုံလေးတွေရှိမယ်။တိရစ္ဆာန်ဥယျာဥ်လေးတွေရှိမယ်။လည်နိုင်ရင်
တစ်ရက်လောက်အချိန်ပေးပြီးလည်နိုင်ရင်အကောင်းဆုံးပါပဲ။
အရင်ဆိုအခုလိုလဒီဇင်ဘာမှာ ပန်းပွဲးတော်လုပ်လေ့ရှိပါတယ်။ ခေတ်ပြန်ကောင်းရင်အလုံးကိုအလည်လာလည်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာပြည်ကြီးမြန်မြန်အေးချမ်းပါစေလို့ဆုတောင်းလိုက်ပါတယ်။

@zawzaw007

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center