Understanding is love

COVID-19 ဆိုတဲ့ စိတ်ပျက်စရာကာလကြီးမှာ
ဘယ်မှသွားလို့လာလို့မရဘဲ အားလုံးဟာ Stay
at home နေကြရတာဆိုတော့....... မိသားစုတွေ
ပြန်စုံကြပြီး အတူတကွ နေထိုင်ကြရတယ်။
မရှိရှိတာလေးထုခွဲရောင်းချ၊ခြိုးခြံခြွေတာပြီး ဝေမျှစားသောက် နေထိုင်ကြရတယ်၊၊ဒါလဲ တစ်မျိုးတော့ ကောင်းပါတယ်လေ၊မိသားစုတွေစုစည်း နွေးထွေးမှုတော့ဖြစ်တာပ။ အချို့ဆို
ကိုဗစ်ကြီးကိုတောင် ကျေးဇူးတင်နေကြတယ်
ဟုတ်။
ဒါပေမဲ့......အတူနေထိုင်ကြရတဲ့ အချိန်မှာ
စားရေး ၊ ဝတ်ရေး ၊ နေရေးဆိုတဲ့ ရေးသုံးပါးက
အဆင်ပြေနေတဲ့အချိန် မသိသာပေမဲ့၊ ကိုဗစ်ရဲ့
တစ်နှစ်တာ ကာလအတွင်းမှာ......ခက်ခဲလာတဲ့ အချိန်ဆိုတာ သာမန် လူတန်းစားတွေ အနေနဲ့
တွေ့ကြုံရမယ်ဆိုတာ သေချာပါ့ဗျာ။
အဲဒီကာလတွေဟာ ..... မိသားစုအတွင်း
" ပွတ်တိုက်မှု" တွေပေါ်ပေါက်လာတတ်ပါတယ်။
မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ မိတ်ဆွေ
အပေါင်းအသင်းဆက်ဆံရေးတွေနဲ့ " ပွတ်တိုက်
မှုကို .....ကိုဗစ် ကာလ စိန်ခေါ်မှုလို့တောင် တင်
စားပြောချင်မိတယ်ဗျာ။

IMG_20201221_100435.jpg

      ကျွန်တော်နေထိုင်တဲ့ ရွာက မိသားစုတွေ

" ပွတ်တိုက်မှု" ဖြစ်ရာက ....နင်ပဲ ငဆ နဲ့ စကား
စစ်ထိုးပွဲကနေ.... တိုက်ပွဲငယ်တခုအသွင် ရောက်
နေကြရတယ်။ အဓိကအကြောင်းရင်းကတော့
" နားလည်မှု" လွဲမှားကြတာ ကနေ အခြေခံပြီး
ပေါ်ပေါက်လာကြတာပါ။
နားလည်မှု ဆိုတဲ့ အသုံးအနှုန်းဟာ လူမှု
အသိုင်းအဝိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံး
ပြုနေတဲ့ စကားလုံး ဖြစ်ပါတယ်။

         နားလည်မှု ဆိုတဲ့ ဝေါဟာရ ကို မြန်မာ့

အဘိဓါန် ကျန်းမှာ (၁) အခြေအနေကို သဘော
ပေါက်မှု၊(၂) စိတ်သဘောချင်း တိုက်ဆိုင် ညီ
ညွတ်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ဒီလိုဆိုတော့......နားလည်မှုဟာ ..... တစ်ဦးတစ်ယောက်
အစုအဖွဲ့မှ သည် .... လူသားအားလုံးနှင့် သက်
ဆိုင်လာသည့် စကားဖြစ်လာခဲ့ပါတယ်။
နားလည်မှုမှာ......သီးခံခွင့်လွှတ်ခြင်းနဲ့ စာနာစိတ်တို့ဟာ အခြေခံလေ့ကျင့်မွေးမြူရမယ့်
စိတ်နေသဘောထားတွေဖြစ်ကြောင်း ကိုလည်း
မှတ်သားဖူးပါတယ်။ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး
အထင်အမြင်သေးမှု၊ ရှုတ်ချမှူနဲ့ မာန်မာနတို့ဟာ
လည်း " နားလည်မှု" ကို ပျက်စီး ပျောက်ကွယ်
သွားနိုင်တာကိုလည်း သတိချပ်သင့်ပါတယ်။

IMG_20201221_100325.jpg

      နားလည်မှုကို တည်ဆောက်ရာမှာ အပြန်

အလှန် စိတ်သဘောထား ညီညွတ်ဖို့ ညှိနှိုင်းယူ
တတ်မှုဟာ အခြေခံကျပါမယ်၊၊တဦးက အချို
ကြိုက်လို့ ကိုယ်က အချိုလိုက်ကြိုက်ဖို့မဟုတ်ပဲ
" ဪ......သူက အချိုကြိုက်သူ တစ်ယောက်
ပါလား...." ဆိုတာကို အသိအမှတ်ပြုထားတတ်
ရမှာပါ။
နားလည်မှု တိုင်းဟာ အခွင့်အရေးရှိကြပါ
တယ်။အခွင့်အရေး လက်လွှတ်ဆုံးရှုံးသွားပေမဲ့
နှိမ့်ချမှု၊စာနာမှု၊များနဲ့ ပြန်လည်တည်ဆောက်နိုင်
မယ်ဆိုတာ အသေအချာပါ။

IMG_20201221_100147.jpg

            တစ်ပါးသူအပေါ် ဘယ်လောက် နား

လည်ထားပြီလဲ၊ အခြားတစ်ရောက်သောသူက
ရော တစ်ပါးသူအပေါ် ဘယ်လိုနားလည်နေတာလဲ၊အမှား / အမှန်ခွဲခြမ်း စိပ်ဖြာ ကြည့်ပြီးပြီလား၊ အခြားသူ လွဲမှားနေသည့် နားလည်မှုကို ဝိုင်းဝန်းပြုပြင်ကြပြီလား၊ အခြားသူရဲ့ လွဲမှားမှုကို ... မစဉ်းစား....မဆင်ခြင်ပဲ......မိမိကိုယ်တိုင် ပါဝင်ပြီး ပူးပေါင်းလိုက်မည်ဆိုပါက လွဲမှားတဲ့ နားလည်မှုဟာ .. ထုထည်ကြီ:မားလာမယ်ဆိုရင်လုပ်ငန်း....အနာဂတ်များ ပျောက်ဆုံး၊.ရပ်ဆိုင်း၊ ပျက်စီးသွားမှာ အသေအချာပါ။
ကိုဗစ် ကာလကြီးကို အတူတူလက်တွဲပြီး
ခုခံကာကွယ်ကြဖို့ အချင်းချင်း ညီညွတ်မှု၊ နား
လည်မှုတွေနဲ့ .....အပြန်အလှန် တည်ဆောက်ပြီး
အောင်မြင်စွာ.....ကျော်ဖြတ်နိုင်ကြဖို့ လိုအပ်ပါ
တယ်။

IMG_20201221_100242.jpg

      နားလည်မှုတည်ဆောက်ရန်အတွက် မာန်

မာနကို ဖယ်ထုတ်ပါ ၊ ပွင့်လင်းစွာ ပြောဆိုဆွေး နွေးပါ၊ တစ်ကိုယ်ကောင်းစိတ်သည် အချင်းချင်း
နားလည်မှု ......အရင်းခံစိတ်ဓါတ်ကို ပျက်ပြယ်
စေနိုင်ပါကြောင်း.......... တွေးမိသမျှကို ..... ရေးမိလိုက်ပါတယ်........။

                victornawawng
H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center