လူငယ်ဆိုတာ

လူငယ်ဆိုတာ

လူငယ်ဆိုတာ ပျော်ရွှင်တဲ့ဘ၀နဲ့ အောင်မြင်မှု ရအောင် ငယ်ငယ်ထဲက ကြိုးစားရမယ်။လူငယ်ဆိုတာ အချိန်ကို ဘယ်လိုအသုံးချရမလဲ။မိမိကိုယ်ကို မေးသင့်တယ်။နောက်တစ်ခု အချိန်တိုင်း စက္ကန့်တိုင်း ဘာလို့ သူများအကြောင်းတွေ တွေးနေမှာလဲ။သူတို့အကြောင်း တွေးနေဖို့ မိမိမှာရော အချိန်တွေ အရမ်းပိုနေတာလဲ။ဒါမျို မိမိကိုယ်ကို မေးကြည့်ဖူးလား။အချိန်ကို အကျိုးရှိရှိအသုံးချဖို့က မိတ်ဆွေတို့ ဘာသာစဉ်းစားပြီး တွေးပါ။ကျွန်တော် ပြောပြမှာက
တကယ်လို့ မိတ်ဆွေကို အမြဲအပစ်တင်သူတွေအကြောင်း နှလုံးသားကို နာကျင်အောင် လုပ်သောသူတွေ အကြောင်း စဉ်းစားနေမည်ဆို ခုအချိန် ရပ်သင့်ပါတယ်။မိတ်ဆွေတို့အနေနဲ့သူတို့ အကြောင်းကို စဉ်းစားပြီး အချိန်ကုန်ခံတော့မှာလား။နှလုံးသား နာကျင်အောင် လုပ်သောသူကိုလည်း အချိန်တိုင်းစဉ်းစားပြီး မအိပ်နိင် မစားနိင် တမှိုင်မှိုင် နဲ့ တွေးနေတော့မှာလား။
မိတ်ဆွေသူအကြောင်း တွေးနေရင်တော့ မိမိသူငယ်ချင်းတွေ မိဘ မောင်နှမတွေနဲ့ အစားထိုးပြီး အချိန်ကို အကျိုးရှိရှိ သုံးသင့်ပါတယ်။သူအကြောင်းတွေးလိုက် အချစ်သီချင်းနားထောင်လိုက်နဲ့ အချိန်မကုန်ပါနဲ့။ခုလို မိမိအပေါ်အပစ်ပြောပြီး ထားသွားခဲ့ရင် မပတ်သတ်တော့ပါနဲ့။ဒါက မိတ်ဆွေအတွက် လောကဘ၀က သူထက် ပိုကောင်းသောသူနဲ့ ပေးတွေ့ပါလိမ့်မယ်။မိတ်ဆွေအတွက် ကံကောင်းခြင်းပါ ။

မိတ်ဆွေအနေနဲ့ဘ၀ရဲ့အောင်မြင်မှုရလာပြီး စင်မြင့်ထက်က ဆင်းလာရင် ပထမဆုံး အားပေးစီကြိုမှာက မိဘတွေပါ။နောက်မောင်နှမ သူငယ်ချင်းမိတ်ဆွေတွေပါ။နောက်ဆုံးအတန်းမှာတော့ သူစိမ်းတွေပါ။ထိုသူစိမ်းတွေထဲမှာ မိတ်ဆွေကို ထားရစ်ခဲ့သူလည်း ပါနိင်ပါတယ်။ထိုသူသည် မိမိအရင်က အပစ်ပြောသူတစ်ယောက် ခုလိုအောင်မြင်တဲ့အခါ သူအမှားသူသိကာ သိပ်သိပ်လေးငိုနေမှာ အမှန်ပါ။သို့သော် နောင်တသည် နောင်မှသိတာဖြစ်သောကြောင့် အချိန်လွန် နောင်တ ဖြစ်ပါလိမ့်မယ်။ဒါဆို သူစီသွားကာ ကျေးဇူးတင်ကြောင်း ပြောပါ။ဘာကြောင့်ဆို သူထားရစ်သောကြောင့် မိတ်ဆွေခုလိုအောင်မြင်လာတာပါ။ကြိုးစားလိုမှုဖြစ်လာတာ။မိတ်ဆွေ ဘ၀ရည်မှန်းချက်အကောင်အထည်ဖော်လာတာပါ။ဒါကြောင့် ဂါရ၀ပြုသင့်ပါတယ်။
ခုစာဖတ်တဲ့မိတ်ဆွေတို့ရော အဲလိုတွေအချိန်ကုန်သူတွေရှိရင်တော့ထားခဲ့ပါ။မိမိတန်းဖိုးထားသလောက် တန်ဖိုးမရှိရင်တော့ မစွဲထားပါနဲ့။နောက်ဒီထက်ကောင်းသော သူနဲ့တွေ့ဆုံပါလိမ့်မည်။

ကြိုးစားလျက်
Author-@tunnaingwin
Date-17.4.202£
Time-15:30PM

#photography #liketu #appreciator #trafficinsider #proofofbrain #leofinance #neoxian #wiovio #cent #ctp #creativecoin #palnet #mancave #original-content

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center