ပန်းခရမ်းပြာဗေဒါ နှင့် ကျွဲတွေ

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ပန်းခရမ်းပြာ ဗေဒါလည်း ကမ်းစပ်နားမှာ ငြိတွယ်...
နန်းတံတားဖြူ နေရာလေး တေးသံလွမ်းခြုံဖွယ်...
အဆိုတော်ကြီး ဦးခင်ဝမ်း သီဆိုထားတဲ့ ပန်းခရမ်းပြာ သီချင်း တပိုင်းတစကို ဆိုညည်းမိခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ရေအိုင်ထဲမှာ ခရမ်းပြာရောင် ဗေဒါပန်းတွေ ဝေဆာစွာ ပွင့်လန်းနေတာ မြင်ရလို့ပါပဲ။

တောထဲက ရေအိုင် ထဲမှာ ဗေဒါတွေ ဝေဆာစွာ ပွင့်ဝေနေပေမယ့် တံတားလည်း မရှိသလို တေးသံလည်း မကြားခဲ့ရပါဘူး။

ရေအိုင် ထဲမှာ ကျွဲတွေ ရေဆင်းချိုးနေကြတယ် ထင်ပါတယ်။
ကျွဲ ဆိုတဲ့ သတ္တဝါက ရေကြိုက်ပါတယ်။
ရေဗွက်ထဲ လူးနေရတာကိုလည်း ကျွဲတွေ သဘောကျကြပါတယ်။
ကျွဲတွေက နေအပူဒဏ်ကို ရေဗွက်ထဲ လူးကာ ကာကွယ်ကြတယ် ထင်ပါတယ်။

ပန်းခရမ်းပြာဗေဒါတွေ၏ အလှ နှင့် ကျွဲတွေ၏ အရောင်မဲနက်ခြင်း က လိုက်ဖက်မညီပါဘူး။
သို့ပေမယ့် ဒီလို ရှုခင်းမျိုးက ကျေးလက်သဘာဝမြင်ကွင်းပါပဲ။
လိုက်ဖက်ခြင်း မလိုက်ဖက်ခြင်းက ကြည့်မြင်သူတို့၏ သုံးသက်ချက်ရယ်ပါ။
ပန်းတွေ၏ အလှကို ခံစားတတ်ရင် သဘာဝဟာ သာသာယာယာရှိနေမှာပါပဲ။
ကဲ ကျွန်တော်ကတော့ ကျေးလက်ဒေသမှာ နေရခိုက် ကျေးလက်သဘာဝရှုခင်းကို မျှဝေပေးလိုက်ပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center