ကျွန်တော်၏ HIVE Blockchain ဝင်ငွေအား ဆန်းစစ်ခြင်း

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
img_0.6609075927518892.jpg
မနေ့က 2022 ခုနှစ် နှစ်သစ်ကို ရောက်ရှိခဲ့ပါပြီ။
နှစ်တစ်နှစ် အစမှာ မိမိကိုယ်ကို ဆန်းစစ်စရာတွေ ရှိပါတယ်။
ပြီးခဲ့သည့်နှစ်မှာ ဘာတွေ ပြုလုပ်ပြီး ဖြစ်မြောက်‌အောင်မြင်ခဲ့ပါသလဲ။
ယခုနှစ်မှာ ဘာတွေ ဖြစ်မြောက်အောင် လုပ်ဆောင်ရန် ပန်းတိုင်တွေ ချမှတ်မလဲ။

မနှစ်ကတော့ ကျွန်တော်သည် HIVE Blockchain မှာ Goal Setting 2021 ကို ချမှတ်ခဲ့ပါတယ်။
၎င်း Goal Setting မှာ HIVE Power 5000 and LEO Power 5000 ပြည့်မြောက်နေရန် ဖြစ်ပါသည်။
သို့သော် ထို Goal Setting အတွက် ကျွန်တော် အောင်မြင်မှု မရရှိခဲ့ပါ။
2021 ခုနှစ် ကုန်ဆုံးသောအခါ HIVE Power 2700 နီးပါး, HBD 250, LEO Power 3000 and LEO 1000 ကျော်မျှသာ ရရှိခဲ့ပါသည်။

ကျွန်တော်၏ Account သည် LeoFinance မှ အစပြုခဲ့သည် ဖြစ်သောကြောင့် ပထမတော့ LEO ကိုသာ ဦးစားပေးပြီး လုပ်ဆောင်ကာ စုဆောင်းခဲ့ပါသည်။
သို့သော် LeoFinance သည် ပင်မ LEO အပြင် WLEO , bLEO and CUB စသည်ဖြင့် အလွှာများစွာ ဖန်တီးလုပ်ဆောင်နေရင်း LEO ဈေးကွက် ကောင်းကောင်း မအောင်မြင်ခဲ့ဟု ထင်ပါသည်။
LEO သည် 2021 နှစ်ဝက်နီးပါးအရောက်၌ 1$ အထက်သို့ ရောက်ရှိခဲ့သော်လည်း နှစ်ကုန်သည်အထိ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါ။
ယခုအခါ LEO price သည် cent 20 ဝန်းကျင်၌သာ ရှိပါသည်။

ကျွန်တော် LEO အပေါ် စိတ်အားထက်သန်နေစဉ်က ကျွန်တော်၏ Hive-engine Token Rewards မှာ တစ်လလျှင် $100 ကျော်မျှ income ရရှိခဲ့ပါသည်။
ထိုစဉ်က HIVE Reward income မှာ $20 ဝန်းကျင်မျှသာ ဖြစ်ပါသည်။

ကျွန်တော် LEO အပေါ် အာရုံနည်းသွားပြီးနောက် Hive Blockchain Games ဘက်သို့ ဦးတည်ခဲ့ပါသည်။
ပထမဆုံး ကစားခဲ့သော Game မှာ CryptoBrewMaster ဖြစ်ပြီး ယခုအခါ ၎င်း game ကို ဆက်လက်၍ မကစား ဖြစ်ခဲ့ပါ။
ထိုနောက်တော့ Splinterlands, RisingStar , dCity and dCrops Game များကို ကစားခဲ့ပါသည်။

dCity ကို Phone ဖြင့် ကစားရတာ အဆင်မပြေသောကြောင့် ဆက်လက်မကစားဖြစ်သော်လည်း dCrops Game ကိုတော့ တစ်ရာသီလျှင် တစ်ကြိမ်မျှ ဝက်ရောက် ကစားနေပါသည်။
ကျွန်တော် နေ့စဉ် ကစားဖြစ်သော Games မှာ Splinterlands and RisingStar တို့ ဖြစ်ပါသည်။
Splinterlands မှာ ယခုအချိန်ထိ အကျိုးအမြတ် ကောင်းကောင်း ရရှိခြင်း မရှိသေးပါ။
သို့သော် Splinterlands Game ထဲမှာ $50 လောက် ရင်းနှီးထားပြီး ၎င်းထဲရှိ NFT cards ၏ တန်ဖိုးမှာ $70 နီးပါးမျှ ရှိပါသည်။
img_0.4456386235175273.jpg
Rising Star မှာတော့ ပထမ ရင်းနှီးထည့်ဝင်မှု HIVE 350 ကျော် ဖြစ်ပြီး ယခုအခါ Risingstar NFT cards 199 နှင့် Starbits 1130000 မျှ ရှိပါသည်။
img_0.560951450305031.jpg
NFT 199 cards သည် CardsPack ပေါင်း 66 ကျော်မျှ ဖြစ်သောကြောင့် ဝယ်ယူဈေးနှုန်းဖြင့် ယေဘုယျ တွက်ကြည့်ပါလျှင် Starbits 660000 ဖြစ်ပါသည်။
သို့ဖြစ်၍ Rising Star Game ထဲမှ NFT cards များ၏ တန်ဖိုးသည် $120 မျှ ဖြစ်ပါသည်။

img_0.9946753010305412.jpg
ယခုအခါ ကျွန်တော်၏ HIVE Wallet တန်ဖိုးမှာ $4323 , Hive-engine wallet တန်ဖိုးမှာ $1596 , Splinterlands Game cards တန်ဖိုးမှာ $70 နှင့် Rising Star Game cards တန်ဖိုးမှာ $120 ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်၏ Hive Account တန်ဖိုးမှာ ယေဘုယျအားဖြင့် $6100 ကျော် ဖြစ်ပါသည်။
img_0.9635819205482166.jpg
ယခုအခါ ကျွန်တော်၏ Hive Account သက်တမ်းမှာ 14 monthes မျှ ရှိပါပြီ။
သို့ဖြစ်၍ HIVE Blockchain မှာ ကျွန်တော်သည် တစ်လလျှင် $435 ကျော် ဝင်ငွေ ရရှိခဲ့ပါသည်။
ဤသည်မှာ လက်ရှိ HIVE and Hive-engine Tokens ၏ ဈေးနှုန်းအပေါ် အခြေခံပါသည်။

hivestat.io ၏ တွက်ချက်မှုမှာတော့ ကျွန်တော်သည် Authoring and Curation Rewards အဖြစ် Hive and Hive-engine Tokens များ၏ ဝင်ငွေမှာ တစ်လလျှင် $300 မျှသာ ဖြစ်ပါသည်။

Hivestat.io ၏ ဖော်ပြမှုသည် Games မှ ဝင်ငွေ နှင့် Delegations မှ Passive Incomes မပါဝင်သောကြောင့် ကျွန်တော်၏ ယေဘုယျတွက်ချက်မှုအောက် လျော့နည်းနေခြင်း ဖြစ်ပါသည်။

2021 ခုနှစ်သည် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အတွက် ကံဆိုးမိုးမှောင်ကျသောနှစ် ဖြစ်ပါသည်။
ကျွန်တော်တို့မြန်မာနိုင်ငံသားများသည် အကြမ်းဖက်စစ်တပ်၏ လက်အောက်၌ လူမှုဘဝများကို ပုံမှန် မလည်ပတ်နိုင်ကြပါ။
အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူပေါင်း 2000 နီးပါးမျှ သေဆုံးကြရပါသည်။
ဖမ်းဆီးခံထားရသူများမှာ သောင်းဂ‌ဏန်းမျှ ရှိ၍ ပြည်သူပေါင်း သိန်းချီကာ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။
ကျွန်တော်တို့မိသားစုသည်လည်း နိုင်ငံဝန်ထမ်းအလုပ်မှ ထုတ်ပယ်ခံရကာ ဝင်ငွေရလမ်း လုပ်ငန်းများကို ပုံမှန် မလုပ်ဆောင်နိုင်ပါ။
ယခု နှစ်သစ် 2022 ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံသားများ အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးမည် ထင်ပါသည်။
ကျွန်တော်တို့ပြည်သူများ၏ ဒီမိုကရေစီ လိုလားမှု၊ တရားမျှတမှုကို ရယူလိုမှု နှင့် လူ့အခွင့်အရေးကို တန်ဖိုးထားမှုတို့သည် စစ်အာဏာရှင် အကြမ်းဖက်စစ်တပ်ကို အောင်မြင်စွာ တွန်းလှန်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

သို့သော် ကျွန်တော်သည်ကား ယခုနှစ်စမှာတော့ Goal Setting မချမှတ်နိုင်သေးပါ။
မိတ်ဆွေတို့ရော အဘယ်သို့ ရှိကြပါသလဲ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center