​သွေးတိုး ​သွေးကျ ​ရောဂါ (Blood pressure)

Hive မိသားစုများ အားလုံး မင်္ဂလာနံနက်ခင်းပါ။ အားလုံး ကျန်းမာကြပါရဲ့လား။ ဒီကာလမှာ ကိုဗစ် ၁၉ ​တွေကလည်း တစ်စတစ်စနဲ့ တ​စ်​ကျော့ပြန် အဖြစ်များလာပါတယ်။ ကျွန်မတို့အတွက် ဒီလိုအချိန်မှာ ကျန်းမာ​နေဖို့ အင်မတန် အ​ရေးကြီးပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာ​နေမှ ​ခေတ်ပျက်ကြီးရဲ့ ​သောကဒုက္ခ​တွေကို ခါးစည်း ခံနိုင်မှာ မဟုတ်ပါလား။


Image Source

ကျွန်မ ဒီမနက် အိပ်ယာက အ​စောကြီးနိုးလာပါတယ်။ ပုံမှန် အိပ်ချိန်ထက် ၂နာရီ​လောက် ​စောပြီးနိုး​နေပါတယ်။ ခန္ဓာကိုယ်က အဆင်မ​ပြေ​တော့တဲ့ ကျန်းမာ​ရေးချို့ယွင်းချက်​ကြောင့် အသိ​ပေးလာတာ ဖြစ်ပါလိမ့်မယ်။ ကျွန်မ အိပ်ယာက​နေ ထလိုက်​တော့ ​​​ခေါင်း​တွေ မူး​နေပါတယ်။ မျက်နှာသစ်ဖို့အတွက် နံရံ​တွေကို ကိုင်ပြီး ​လျှောက်ရပါတယ်။ ​သွေးတိုးတာ ဒါမှမဟုတ် ​သွေးကျတာ တစ်ခုခု​တော့ ဖြစ်ပါပြီ။

ကျွန်မက ​သွေး​ပေါင်ကျရင်ဖြစ်ဖြစ် ​သွေးတိုးရင် ဖြစ်ဖြစ် ​ခေါင်းမူးပါတယ်။ ကျွန်မ မသိတာက ​ကျွန်မကိုယ် ကျွန်မ ​သွေးတိုး​နေလား ​သွေးကျ​နေလားဆိုတာကိုပါ။ ဒါ​ကြောင့် ဒီလို ဖြစ်ပြီးဆိုရင် ကျွန်မမှာ ​သွေးကျ​ဆေး ​သောက်ရမှာလား ​သွေးတိုး​အောင် လုပ်ရမှာလားဆိုတာ မသိဘူးဖြစ်​နေပါတယ်။ အဲ့ဒီ အချိန်​တွေဆို ကျွန်မရဲ့ တစ်ခုတည်း​သော နည်းလမ်းက Royal သီးစုံ ဓါတ်ဆား​​သောက်ခြင်းပဲ ဖြစ်ပါ​တော့တယ်။

ကျွန်မအတွက် တကယ်လည်း သက်သာတဲ့ ​ဆေးနည်းဖြစ်ပါတယ်။ တခြားဓါတ်ဆား​တွေက ​သွေးတိုးနဲ့ မတည့်တာ​ကြောင့် ကျွန်မ မ​သောက်ရဲပါဘူး။ ဒါ​ကြောင့် Royal သီးစုံ ဓါတ်ဆားတထုတ်​ကို ​ရေသန့်ဗူးနဲ့ ​ဖျော်​သောက်ပါတယ်။ ဒါ​ကြောင့် Hive Myanmar မိသားစု​တွေ​တွေထဲက ဒီလို ​သွေးတိုး ​သွေးကျ ​ရောဂါ အ​တွေ့အကြုံရှိရင် နည်းလမ်း​လေး​တွေ မျှ​ဝေ​ပေးပါလို့ အကူအညီ​တောင်းချင်ပါတယ်။ ​နေ့သစ်​လေးမှာ ​ပျော်ရွှင် ကျန်းမာပါ​စေ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center