တနေ့ကပဲ Hive Myanmar Mess Groupထဲမှာ @Hein khant Maung (or) ကိုဟိန်းက ကိုသက် (or) ကိုသက်ကိုဇော် ဆေးရုံတက်နေတယ် ပြောပါတယ်။ မနေ့က ညကတော့ ဆုံးပါးသွားပါပြီတဲ့။ ကျမတို့ Hive Myanmar မိသားစုအားလုံးလည်း ကာယကံရှင်တွေနဲ့ ထပ်တူ ဝမ်းနည်းရပါကြောင်း ပြောချင်ပါတယ်။
ကိုသက်ကိုဇော်က အခု Hive မှာ စာတွေ မရေးတော့ပေမဲ့ အရင် Steemတုန်းက Admin Teamထဲမှာ ပါဝင်ပါတယ်။ ကျမနဲ့က Groupထဲမှာ သိပ်ရင်းရင်းနှီးနှီးမရှိပေမဲ့ မန္တလေးမှာ MSC Meeting လုပ်တုန်းက ကိုဟင်ရေးထားတဲ့ ပိုလ့်တွေကနေ ကိုသက်ရဲ့ ပုံရိပ်အချို့ကိုရင်းနှီးနေခဲ့ပါတယ်။ မန္တလေးသားဖြစ်ပြီး ဆိုင်ကယ်အမောင်းကြမ်းတာတော့ မှတ်မိနေပါသေးတယ်။ ကျမနဲ့ အပြင်မှာတော့ တွေ့ဆုံဘူးခြင်း မရှိပါဘူး။
ကိုသက်ရဲ့ မိသားစုဝင် အဖေ အကို သားလေးတို့ကလည်း မရှေးမနှောင်းမှာ ဆက်တိုက်ဆိုသလို ဆုံးပါးသွားရတဲ့အတွက် ကျမ အပါအဝင် Hive Myanmar မိသားစုတွေ အားလုံး ထပ်လောင်းပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ အခုခေတ်ကာလမှာ နေ့မြင် ညပျောက်တောင် မဟုတ်ပဲ နေ့မြင် နေ့လည်ပျောက်လို့တောင် ဆိုရိုးပြောင်းလိုက်လို့ ရနေပါပြီ။ သံသရာခရီးကို လျှောက်လှမ်းရတဲ့အခါ လူတိုင်း လူတိုင်း မဖြစ်မနေ လျှောက်လမ်းရမည့် လမ်းဟာ သေခြင်းတရား ဖြစ်ပါတယ်။ အရင်သွားနှင့်သူနှင့် နောက်မှ သွားသူသာကွာခြားပါလိမ့်မယ်။ ကောင်းရာဘုံ ဘဝမှာ အေးချမ်းပါစေ ကိုသက်ကိုဇော်။