စစ်မှန်သော ချစ်မတ္တာ ၃

ကျွန်မတို့ကျောင်းက ရွာကျောင်းလေးမို့ အတန်းတွဲ စနစ်နဲ့ သင်ရပါတယ်
ကျွန်မ KG. Grade-1 .Grade-2 သုံးခန်းတွဲသင်တယ်
ကျွန်မက နယ်မြို့လေးရဲ့ ရွာကျောင်းလေးမှာ တာဝန်ထမ်းဆောင်တာမို့ ဆရာအင်အားမလုံလောက်ဖူးလေ
ကျွန်မဘဝကလေးတွေကြား မမောနိုင် သင်ကြားကြိုးစားရင်း ပေါ့ အဲ့လိုနေလားရင်း

မမျှော်လင့်ပဲ ထူးခြားပြီး လေးနက်တဲ့ အချစ်နဲ့ ဆုံတွေ့ ခဲ့ရပါတယ်
သူက စာရေးဆရာလေး ရုပ်ရည်က တည်ကြည်ခန့်ညားတယ်
မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ လူပျိုကြီးပေါ့
အော် အချစ်အချစ်အချစ်
ထူးဆန်းလွန်းတဲ့ အချစ် နူးညံ့ညင်သာပြီး နွေးထွေးလွန်းတဲ့အချစ်
သူကိုအသဲငယ်က ဒီလိုခေါ်တယ်
ကိုကိုတဲ့ ငယ်ငယ်တုန်းကခေါ်တာပါ
ကိုကိုနဲ့ပြန်ဆုံတာ
​စာပေဟောပြောပွဲတစ်ခုမှာပေါ့
စာပေဝါသနာပါတဲ့ အသဲငယ် တပည့်လေးတွေခေါ်ပြီး စာပေဟောပြောပွဲရှိတုန်း လိုက်နားထောင်ခဲ့တယ်
စာပေဟောပြောပွဲလေးမှာသူနဲ့ ပြန်တွေ့ပြီး
ခင်မင်ခွင့်ရခဲ့တယ်
သူကစာရေးဆရာ ပေါက်စလေးပေါ့
သူလည်းစာပေဟောပြောပွဲတိုင်း လိုက်နားထောင်တဲ့သူ ဗဟုသုတယူတဲ့ စာရေးဆရာလေးပါတဲ့
စာပေဝါသနာတူချင်း မို့ ပိုမိုခင်မင်ခဲ့ကြတယ်
သဲငယ်ဟာ မြန်မာမိန်းကလေး သိက္ခာ ကြီးမားသူမို့
ခင်မင်ယုံ ကလွဲ အပိုစကားမပြော သူ့အကြည့်တွေကို သိနေလည်း တမင်ရှောင်ပြေးခဲ့တယ်
သူကသဲငယ်တို့
ဇာတိမြို့ကပါ ငယ်ငယ်ကတော့ သတိမထားမိခဲ့ဘူး
မြင်ဖူးယုံပေါ့
သူကသဲငယ်ကို ငယ်ထဲက စိတ်ဝင်စားခဲ့တာတဲ့ စာပေဝါသနာရှင်မို့ စာပေဟောပြောပွဲတွေလိုက်ရင်း
ချစ်သဲငယ်အကြောင်းစုံစမ်းရင်း ဒီရွာလေးကို ရောက်လာခဲ့တယ်တဲ့
သဲငယ်တို့ ရွာက ယခုဆိုရင် ပညာရေးအားပေးတဲ့ရွာလေးဖြစ်နေပါပြီ အတော်အတန်လည်းစည်ကားနေပါပြီ

img_0.7721664474635423.jpg

6
ာက်)

​နောက်လအကြာသူက
အသဲငယ်ကို ချစ်ခွင့်ပန်တယ်
" မြတ်နိုးရပါတဲ့ ချစ်သဲငယ်
ဆံနွယ်ရှည်နဲ့ ယမင်းရုပ်လေးအသွင်
မင်းကိုစတွေ့စထဲက ရင်ခုန်ပြီး
ကြင်နာယုယမှုတွေနဲ့ မင်းကိုပေးဆပ်ချင်တယ်
တသက်စာခိုလှုံပါတော့ကွယ်"တဲ့
အသဲငယ်ရဲ့ ဖုန်းလေးထဲ အချိန်မှန်စာပို့တတ်တယ်
" ချစ်သဲငယ်ကို ကို ငယ်လေးထဲက ချစ်ခဲ့တယ်
ချစ်သဲငယ်ရဲ့ ဘဝကို အရာရာ ကူညီအားပေးရင်း
ရာသက်ပန်စောက်ရှောက်ခွင့်ပေးပါ"
သူဆီက စာလေးတွေ ဖတ်ရင်း အသဲငယ် ကြည်နူးရပါတယ်
တခါတလေ လုပ်ငန်းခွင် မှာ စိတ်နည်းနည်းအားငယ်တတ်ရင်
သူကစိတ်ခွန်အားတွေပေးတယ်
မနက်တိုင်း ဘုရားရှိခိုးတိုင်း သတ္တဝါ လေးတွေကို
မေတ္တာ ပို့ခိုင်းတယ်
တရားထိုင်ဖို့ တိုက်တွန်းတတ်တယ်
ဘဝကိုအရှုံးမပေးဖို့
လူတိုင်းကို မုဒိတာ ပွားဖို့ဆုံးမစကားလေးတွေပြောတတ်တယ် လိုအပ်တဲ့ ပစ္စည်းလေးတွေ လူကြုံပါးပေးတတ်တယ် ကျွန်မတခုမှ အသုံးမပြုဖြစ်ခဲ့ပါ
မိန်းကလေးပီပီ အထာကိုင်တာမဟုတ်ပေမယ့် သိက္ခာထိန်းသလို အဖြူထည်မာနလေး နဲ့ စည်းချလိုက်တာလေ
တစ်နေ့ နွေရာသီပိတ်ရက် ကျွန်မမြို့လေးသို့ပြန်တယ်
ကိုကိုက ထမင်းအတူစားဖို့ပြောတော့
ခနခနငြင်းနေတာအားနာလို့ ဆရာမအဖော်တစ်ယောက်
ခေါ်သွားပြီး ထမင်းအတူစားကြတယ် ကျွန်မသိက္ခာကို တန်ဖိုးထားသူလေ ပတ်ဝန်းကျင် တမျိုးမြင်မှာ
ကြောက်ပါတယ်
ဆိုင်ရောက်တော့
သူကပြောတယ် " အသဲငယ် ကို့ကို မငြင်းပါနဲတော့နော် ကို့ကို သဲငယ်ကို ထာဝရ စောက်ရှောက်ခွင့်ပေးပါ လက်ထပ်ခွင့်ပေးပါ"
ခန့်ညားတည်ငြိမ်ပြီး မိန်းကလေးကိစ္စ အရှုပ်ရှင်းကင်းတဲ့သူ သူတသက်မှာ ပထမဆုံး ချစ်ခွင့်ပန်ဖူးတဲ့မိန်းကလေးဟာကျွန်မပါ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center