စစ်မှန်သော ချစ်မေတ္တာ ၂

ကျွန်မပညာရေး ကောလိပ် သင်တန်း ပထမနှစ်ပြီးလို့ ပြန်လာတော့ ဒေါ်လေးကပါ အံ့သြနေတယ်
"အသဲငယ် ငါ့တူမလေး လှလိုက်တာ မြန်မာဆန်ဆန် လေး စကားပြောလည်း ချိုသာပြီး ရဲရင့်လာတယ် မနက်ဖြန်ဆို တန်းပြဆင်းရမယ် မလား စာတွေလေ့လာပါဦး"တဲ့
ကလောင်ကလောင်ကလောင်
စာသင်ကျောင်းက ကျောင်းတက်
ခေါင်းလောင်းသံလေး ချိုသာနေလိုက်တာ
ပထမဆုံး စာသင်ရမှာမို့ အသဲငယ်ပျော်နေတယ်
အသဲငယ်တန်းပြဆင်းရမယ့် အတန်းက မူလတန်း
ဒီနေ့ မနက်က Grade1 အတန်းကို
ဝင်ရမှာပါ
အသဲငယ်စာသင်ခန်း ကို ဝင်လိုက်တာနဲ့
သနပ်ခါးလေးတွေ လူး အဖြူစိမ်းလေးတွေနဲ့ ရိုးသားတဲ့ ကလေးလေးတွေ မျက်နှာ မြင်ရတာ
ရင်ထဲ တကယ်အေးမြလွန်းလှပါတယ်

မဂ်လာ ပါ ဆရာမ

ကလေးများမတ်တပ်ရပ် လက်ပိုက်နှုတ်ဆက်ကြတယ်
"မဂ်လာပါ သားတို့ သမီးတို့ "
"ဆရာမနဲ့ သားတို့ သမီးတို့ တစ်ယောက်နဲ့တစ်ယောက် နာမည်လေးတွေ မိတ်ဆက်ကြရအောင်
ကဲ ဆရာမက အရင်မိတ်ဆက်မယ်နော်
ဆရာမနာမည်က ဒေါ်အသဲငယ်ပါ"
""အားလုံးမှတ်မိလား
"မှတ်မိပါတယ်ဆရာမ "
"ကဲဟုတ်ပြီ ဒါဆို
အရှေ့ဆုံးက သားလေးထပါဦး"
ပါးဖောင်းဖောင်း အသားဖြူဖြူလေး နဲ့ သားလေးထ တယ်
"သားနာမည်က ဖြိုးဝေအောင် ပါ "
ကဲ ကျယ်ကျယ်လေးပြန်ပြောပါဦး
ဟုတ်ပြီ
ကဲနောက်တစ်ယောက်
ဒီလိုနဲ့ တခန်းလုံး မိတ်ဆက်ကြတယ်
ဖြူစင်တဲ့ အပြုံးတွေနဲ့ ကလေးလေးတွေကြား
မေတ္တာ ပေးဝေရင်း အသဲငယ် စာသင်ခဲ့တယ်
ကျောင်းသားကျောင်းသူတွေက လည်း အသဲငယ်ကို အရမ်းချစ်ကြတယ်
ပန်းတွေ မုန့်တွေ စားစရာတွေ လာလာပေးကြတယ်
အသဲငယ်လည်း ကျောင်းသွားတိုင်း မုန့်တွေဝယ်သွားပြီး စာသင်ခန်းထဲဝေတယ်
အရမ်းကြည်နူးပီတိဖြစ်ရတယ်
ဘာလိုလိုနဲ့ တန်းပြဆင်းချိန်လေးပြည့်လို့ အသဲငယ်
ဒုတိယနှစ်
သင်တန်းပြန်သွားရမယ်
သဲငယ် ရာထူးတွေ မလိုချင်တော့သလို ဘာမှလည်း မမက်မောဘူး ဖြူစင်တဲ့ ကလေးလေးတွေကိုသာ
မေတ္တာ အပြန်အလှန်ပေးဝေရင်း ရောက်ရာဒေသမှာ တာဝန်ကျေစေရမယ် လို့

img_0.33702780018700906.jpg

                       (လေး)

အသဲငယ်ဒုတိယနှစ် သင်တန်း မတက်ခင် ရက်ပိုင်းအလို အသဲငယ် ဒေါ်လေး  

ဆုံးပါးခဲ့တယ်
အသဲငယ် သံဝေဂရမိတယ် ဘဝဆိုတာ ခနတိုတိုလေးပါလား
ဘာကိုမှ ကြိုမမြင်နိုင် ခု အသဲငယ်ဘဝ လည်း ဆွေးမျိုးမိဘ မရှိတော့ပါဘူး
ဘာမှကြိုမသိနိုင်တဲ့ ဒီလောကမှာ အားငယ်တတ်တဲ့အသဲငယ် ခုတော့ ရင့်ကျင့်စပြုလာပြီ
ဒေါ်လေးကို နောက်ဆုံးအကြိမ် ကန်တော့လိုက်ပါတယ်
အသဲငယ် ဒုတိယနှစ် သင်တန်းဆက်မတက်ဖြစ်ခဲ့ပါ မူလတန်းပြ ဘဝနဲ့ တာဝန်ကျရာ ဒေသလေးကို တာဝန်ထမ်းဆောင်ရန်သွားခဲ့ပါသည်
ကျွန်မ မူပြဘဝမှာ အရမ်းပျော်တယ် ကလေးတွေကို ရင်ခွင်ပိုက် လက်သည်း ခြေသည်းညှပ်ပေး
လက်ချောင်းလေးတွေ သန်မာအောင် လေ့ကျင့်ပေး
ကဗျာတွေ ဆို ကကြရင်း
ကျွန်မ မူ​လတန်း ဆရာမလေးဘဝမှာ
နေသားကျခဲ့ပါပြီ
သန့်စင်တဲ့ ကလေးတွေရဲ့ ချစ်မေတ္တာကိုကျွန်မကြည်နူးပီတိဖြစ်ရတယ်
ကျွန်မရဲ့ငယ်ဘဝက အဖော်မဲ့ပြီး မှောင်မိုက်နေသလောက် ခုချိန်မှာ ချစ်စရာ ခင်မင်စရာ အပြစ်ကင်းတဲ့ ကလေးတွေ ရှိနေပြီလေ သူတို့ဘဝတွေ လင်းလက်နေအောင် ကျွန်မကြိုးစားရမယ် ကျွန်မလို အရာရာ ကြောက်တတ်တဲ့သူမဖြစ်အောင် လေ့ကျင့်သင်ကြားပေးရမယ် အခြေခိုင်အောင် မူလဆောင်အံ့ မဟုတ်လားရှင်
ကျွန်မရာထူးတိုးဆက်မယူပဲ မူလတန်းကိုပဲ ကျွမ်းကျင်ပိုင်နိုင်စွာ ကလေးများရဲ့ သဘာဝ စရိုက် အကျင့် ဖွံဖြိုးမှု အမျိုးမျိုး လေ့လာပြီး အခြေခံ ပိုင်နိုင်အောင် လေ့ကျင့်ပေးခဲ့တယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center