စစ်မှန်သော ချစ်မေတ္တာ

        (  တစ်)

ကျွန်မ ကံဆိုးမှုတွေ နဲ့ အတူမွေးဖွားလာခဲ့လေသလား
ကံကောင်းခြင်းဆိုတာ ဘာလဲ မသိလောက်အောင် ကျွန်မဘဝက ကံဆိုးခဲ့တယ်
ကျွန်မကိုမမွေးခင် ရက်ပိုင်းအလို အဖေက
ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တယ်
ကျွန်မကို မွေးပြီးပြီးချင်း အမေကလည်း ဆုံးပါးခဲ့တယ်
အမေ့ညီမ အဒေါ် အပျိုကြီးက ​ကျွေးမွေးခဲ့လို့
အသဲငယ်ဆိုတဲ့ ကျွန်မ လူ့ဘဝမှာ မှီခိုစရာလေး ရှိနေခဲ့တယ်
ကျွန်မ နာမည် အသဲငယ်
ကျွန်မနာမည်နဲ့လိုက်အောင် အသဲငယ်လွန်းတယ်
နေရာတကာ ယုံကြည်မှုနည်းတယ်
အရမ်းကြောက်တတ်တယ် ကျွန်မမှာ
အပေါင်းအသင်းမိတ်ဆွေလည်း နည်းပါးတယ်
ဒီလိုကောင်မလေးက သဘာဝအလှတွေကို အရမ်းချစ်တယ် အရုပ်လေးတွေကိုချစ်တယ်
သစ်ရွက်တွေကြွေ ဥသြတွေ တွန်ကြူးတဲ့ နွေကာလကိုလည်း အသဲငယ်ချစ်တယ်
အသဲငယ်မှာ
စကားပြောဖော် လူရာသွင်းပြီး စကားပြောမယ့်သူ ရွယ်တူသူငယ်ချင်းနည်းပါးတယ်လေ
ချစ်ခြင်းမေတ္တာ တွေ နည်းပါးတဲ့ ဒီကောင်မလေးဘဝ ဒီကလေးလေးဘဝက ပျော်စရာတွေ ဘယ်ရှိပါ့မလဲကွယ်
ဒီလိုနဲ့
ရာသီတွေ အလီလီပြောင်းလို့ယခုဆိုရင် အသဲငယ်လေး ဆယ်တန်းအောင်ပြီး
တက္ကသိုလ် တက်ရမယ့်အရွယ်ပင်ရောက်လာပါပြီ။
အသဲငယ်ဒေါ်လေးက ကျောင်းဆရာမပါ
ဒေါ်လေးတာဝန်ကျတဲ့ နေရာတွေ အသဲငယ်လိုက်ပြီး ကျောင်းတက်ခဲ့ရတယ် အခု သဲငယ် ဆယ်တန်းအောင်ခဲ့ပြီလေ
" အသဲငယ်ရေ "
ဒေါ်လေးခေါ်တဲ့ အသံ
"ရှင် ဒေါ်လေး"
"သဲငယ် ဆယ်တန်းအောင်တဲ့ထိ ဒေါ်လေး စောက်ရှောက်ထားပြီနော်
ဒေါ်လေးက သဲငယ်ကို
ပညာရေးကောလိပ်ပဲတက်စေချင်တယ်
ဒေါ်လေးမရှိတော့ရင် သဲငယ် တစ်ယောက်ထဲ
ရင့်ကျက်ပြီး တည်ငြိမ်တဲ့ အလုပ်တစ်ခုနဲ့ ကျန်ခဲ့စေချင်တယ်" ဒေါ်လေးက ခုတလော ကျန်းမာရေးချူချာတယ်
သဲငယ်ခေါင်းငြိမ့်လိုက်တယ်
"ဒေါ်လေး သဘောပါ "
ဒေါ်လေးကျေးဇူးနဲ့ အမိပညာရေးကောလိပ်တက်ရောက်ခဲ့ပါတယ်။

img_0.542171769805528.jpg

(နှစ်)
ကျွန်မဘဝ ကံဆိုးလှတယ် အထီးကျန်လှတယ် အားငယ်လှတယ် ဆိုတဲ့အတွေးတွေ ဘယ်ဆီရောက်မှန်းမသိအောင်
အမိပညာရေးကောလိပ်က လေ့ကျင့်သင်ကြားပေးတယ်
စည်းလုံးညီညွတ်မှုတွေ နဲ့ အချင်းချင်း ပူးပေါင်း
ဆောင်ရွက်တတ်လာတယ်
ကျွန်မငယ်ငယ်က ဘယ်သူနဲ့မှ မကစားပဲ အမြဲဘေးထွက်ရပ်နေတာ
အခုတော့ ဘေးလွယ်အိတ် အဖြစ်မခံတော့ပါ
ကျောင်းလှုပ်ရှားမှု တိုင်း ပါဝင်ဆောင်ရွက်တတ်ပြီး
ပေါင်းသင်းဆက်ဆံတတ်လာတယ်
ချိုသာယဥ်ကျေးပြီး တည်ငြိမ်လာတယ်
ပြောစရာရှိရင်လည်း ရဲဝံ့စွာ ထုတ်ဖော်ပြောတတ်လာတယ်
ဟိုတုန်းက စကားတခွန်းပြောဖို့ အနိုင်နိုင် ဒီကောင်မလေး
အခု အရာရာ ပြောင်းလဲခဲ့ပြီလေ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center