အဖြူရောင်နှလုံးသားလေး II

ပတ်ဝန်းကျင် ကတော့ ခိုင်းတိုင်းရ ပြောတိုင်းယုံတဲ့ ငအမလေးလို့ သတ်မှတ်ထားကြလေရဲ့။တခါတလေ တချို့လူတွေက သူတို့စိတ်နဲ့ နှိုင်းပြီး သူတို့လို ထင်ပြီး
ဆဲကြသေးတယ်။
အလုပ်အတူလုပ်ကြရင်း ဝါဂွမ်းပစ္စည်းလေး မတော်တဆ လွှတ်ကျရင် နင်ငါ့ကို ဆောင့်အောင့်တာလား ဘာညာနဲ့ အေးလွန်းတဲ့ ဒီကောင်မလေးကို စောင်းပြောကြ ဒဲ့ပြောကြ ဝါဂွမ်းက ဘာမှပြန်မပြောပါဘူး။ တခါကလည်း ကောင်မလေးတစ်ယောက်နဲ့ အလုပ်အတူလုပ်ကြရင်း ပစ္စည်းတခု လွှတ်ကျတာ ငါ့ကိုဆောင့်အောင့်တာလား ပြောခံရပြီး ဝါဂွမ်းဖြူ ကို မြင်တိုင်းအဲ့ကောင်မလေးက
အမြဲစောင်းမြောင်းနေတော့တာပဲ ဝါဂွမ်းဖြူ က အဲ့လိုကျ အရမ်းစကားနည်းအေးပြီး ပြန်မပြောဘူးလေ
အလုပ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက်
စကားရောင်း စကားဝယ်
စကားတွေရှုပ် ပြသနာတက်ကြရင်
အေးလွန်းပြီး မဖြေရှင်းတတ်တဲ့ ဝါဂွမ်းကို လွှဲချကြတယ်လေ
ဝါဂွမ်းက ပြန်မ​ပြောတတ်တော့
ဝိုင်းဆဲတာ
ခနခနခံရလေရဲ့။

img_0.48384961672493143.jpg

တခါတလေ ကျွန်မက facebook မှာ စာတွေတင်မိရင်လည်း သူတို့ကို
မပြောပဲ သူတို့စိတ်နဲ့နှိုင်းပြီး
ညီမလေး မမကို ရေးတာလားဆိုပြီး blockတဲ့သူကblock
unfollow လုပ်တဲ့သူက
လုပ်ကြတယ်လေ
ဝါဂွမ်းကတော့ ဘာမှမဖြေရှင်းခဲ့ပါ။ကျွန်မရိုးသားသူဆိုတာ ဘုရားကသိတယ်လေ။ကျွန်မက အပြင်မှာ စကားနည်းတော့ တခါတလေ facebook မှာ စာလေးတွေ အပျော်ရေးရင်း အဖော်ပြုရတာပေါ့။

အပြင်မှာ စကားများတဲ့သူထက် စကားနည်းတဲ့သူကလည်း facebook မှာ
စာပိုရေးတတ်ကြတယ်မလားရှင်။တခါတလေ ဝါဂွမ်းလုံးဝမကြားဖူးတဲ့သူနဲ့ ဝါဂွမ်းကြိုက်နေသလားလို့ စွပ်စဲွပြီး အတင်းပြောခံရသေးတယ်လေ။
ဒီလိုကောင်မလေးရဲ့ နှလုံးသားဟာ အချစ်ရေးမှာတော့ မာနကြီးပြီး အခုထိ မချစ်တတ်သေးတာ ဘယ်သူမှ မသိကြပါ။
ဒီကောင်မလေးရဲ့ စိတ်ကိုရော အခြေအနေ အားလုံးကို နားလည်ပြီး မြတ်နိုးစွာ ချစ်နေသူလည်း ရှိနေတယ်လေ။

img_0.7721664474635423.jpg

သူက ကောင်မလေး အလုပ်ရှင်ရဲ့သား
ကောင်မလေးကတော့ သူ့ကို မသိပါ။
စိတ်လည်းမဝင်စားခဲ့ပါ။
သူ့နာမည်က ကောင်းကင်။
နာမည်နဲ့လိုက်ဖက်စွာ အရာရာကို လွမ်းမိုးနိုင်သူ။
တည်ကြည်ခန့်ညားပြီး လေးစားချင်စရာလူ။သူကိုဘယ်သူကမှ ခပ်ရောရော ပေါပေါ မဆက်ဆံရဲပဲ ။လူကိုမြင်တာနဲ့ ရှိန်ကြတယ်လေ။သူကလည်း ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူ။ဒါပေမယ့်
သူနှလုံးသားက ကြင်နာတတ် စာနာတတ်သူပါ။မာနမကြီးပေမယ့် ဒီခေတ်မှာ ခပ်တည်တည်နေမှ လူတွေက မစော်ကားရဲကြမှာလေ။
တနေ့ ဝါဂွမ်းဖြူ အလုပ်က အပြန် မိုးကလည်း
အရမ်းသဲသဲမဲမဲ ရွာလာတယ်။သူများတွေက ဘယ်သူကမှ ဝါဂွမ်းကို အဖက်လုပ်ပြီး ထီးမငှါးပေးကြသလို ထီးအတူလာဆောင်းဖို့မပြောကြ။ မိုးတိတ်တဲ့ထိ စောင့်နေရင် အိမ်ပြန်နောက်ကျပြီး အိမ်ကသံသယဝင်မယ် မလား ရီးစားထားနေပြီလား ရီးစားချိန်းနေလားအမေက ခနခနမေးတော့ ဝါဂွမ်းစိတ်ညစ်တယ်လေ အမေက တွေ့ကရာလူနဲ့ သံသယဝင်နေတာ။တကယ်ကဝါဂွမ်း အရမ်းအ အရမ်းအေးတယ်ထင်လို့ အမေက စိတ်ပူလွန်တာပါ။
ဝါဂွမ်းမိုးရေထဲ ပြေးထွက်လိုက်ပါတယ်။
ဟယ် မိုးက ဝါဂွမ်းကိုယ်ပေါ် မကျပါလား ။
ဝါဂွမ်းမော့ကြည့်လိုက်တော့
အရပ်ရှည်ရှည် အသားဖြူဖြူနဲ့
ထိုင်းမင်းသားလိုလို တကယ်ကြည့်ကောင်းတဲ့ သူ ထီးလေးနဲ့ ဝါဂွမ်းကို မိုးထားပေးတယ်။

ဆက်ရန် . . .

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center