အဖြူရောင်နှလုံးသားလေး

ကျွန်မနာမည်က ဝါဂွမ်းဖြူ ။ လူတွေက ကျွန်မကို အတီးအတလေး ကျပ်မပြည့်သူလေးလို့ ကွယ်ရာမှာ အတင်းပြောကြတယ်လေ။ဘာလို့လဲ ကျွန်မက ဖြူစင်လွန်းလို့။ကျွန်မဘာကိုမှ လျှို့ဝှက်ချက် မထားတတ် ကျွန်မအမှန်တရားကို ချစ်မြတ်နိုးသူ။ကျွန်မက လူတိုင်းကို ကိုယ့်စိတ်နဲ့တွေးပြီး အားလုံးကို ချစ်ခင်ပြီး ယုံတတ်တယ်လေ။ကိုယ့်ကိုချိုချိုသာသာလေး ပြောနေရင် ငါ့အပေါ်ကောင်းလိုက်တာလို့ ထင်တတ်သူ။သူငယ်ချင်းက "ဟဲ့ ဝါဂွမ်းဖြူ နင်ဒီအိတ်လေး ဝယ်ထားတာ လှလိုက်တာ ငါယူလိုက်မယ်နော်"ဆိုလည်း ချက်ချင်းစဥ်းစားမနေပဲ ပေးလိုက်တဲ့သူ။"ဝါဂွမ်းဖြူ ငါ့ကိုပိုက်ဆံ ချေးစမ်း"
ဆိုလည်း တုံ့ဆိုင်းမနေပဲ ချေးတတ်တဲ့သူ။ပြီးရင်ပြန်မတောင်းဘူးလေ ဒီလိုကောင်မလေးကို လူတွေက ကွယ်ရာမှာ
အတီးအတလေး ကျပ်မပြည့်ဘူးလားပ "ငါပြောတိုင်းယုံနေတယ် ငါကပေးဦးပြောတာ အဲ့ကောင်မပေးခဲ့တယ်တော့ "ဆိုပြီး ဟားကြသတဲ့။

img_0.7721664474635423.jpg

တကယ်တော့ ဝါဂွမ်းဖြူစိတ်က
မျှဝေချင်တာ သနားတတ်တာ ကူညီချင်တာ
ပြီးတော့ စာနာတတ်တာ။တချို့သူငယ်ချင်းတွေ ယုံတမ်းစကားတွေ လာလိမ်နေတာ သိရဲ့နဲ့ စိတ်မကောင်းဖြစ်သွားမှာစိုးလို့ ပြန်မပြောရက်တာ။
ဒါတွေကို လူတွေက ငပေါမလေး အယုံလွယ်တယ်လို့ထင် အရူးအပေါလို ဆက်ဆံခဲ့ကြတယ်ရှင်။

img_0.45361739193812395.jpg

ဝါဂွမ်းဖြူ ရဲ့ မိဘတွေကတော့ သာမာန်ရုံးဝန်ထမ်းတွေပါ။ဝါဂွမ်းက အနေအေးတယ် စကားနည်းတယ် လူတိုင်းအပေါ် မေတ္တာ ထားတယ်။လာဆဲနေတောင်ပြန်မဆဲတတ်ဖူး။ဒါကိုယောကျာ်းလေးတွေက အညှာလွယ်သလားလို့ အကဲစမ်းချင်တယ်လေ။ ဒါကို​ေတာ့ ဝါဂွမ်းဖြူ လုံးဝလက်မခံပါ။အဲ့လိုနေရာမျိုးကျတော့ ရဲဝံ့ပြတ်သားစွာ ငြင်းတယ်။
ကျွန်မမှာ မိန်းကလေး ဘဝကို ကာကွယ်ဖို့ အဖြူထည် မာနလေးတော့ ထားသင့်တယ်မလားရှင်။
ဒါပေမယ့် ဝါဂွမ်းက ခပ် အေးအေး နဲ့ နေရာတကာ
ကူညီတတ်လွန်း တော့ အိမ်ကလူကြီးတွေ က စိတ်မချ။ရီးစားထားမှာလည်း စိတ်ပူကြတယ်လေ။ဝါဂွမ်းကို ဘယ်သူနဲ့မှ သဘောမတူ။ ရီးစားထားမှာစိုးလို့ အမြဲမျက်စိဒေါက်ထောက်ကြည့်ခံနေရသူလေးပေါ့။တကယ်က ဝါဂွမ်းဖြူစိတ်ကို မိဘတွေက မသိကြတာပါ။တခြားနေရာ သနားတတ်တော့
ကောင်လေးတွေကို သနားပြီး ပြန်ချစ်မလား စိတ်ပူကြတာပါ။မကောင်းတဲ့သူနဲ့ဆုံမှာ စိုးရိမ်ကြတာ ပေါ့။

ဆက်ရန် . . . .😊😊

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center