Leo (သိဟ်ရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ

astrology_signs.jpg

ဇူလိုင်လ(၂၃)ရက်မှ ဩဂုတ်လ(၂၂)ရက်အတွင်း မွေးဖွားသူများသည် သိဟ်ရာသီဖွားများ ဖြစ်ကြသည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် ပဉ္စမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ခြင်္သေ့တစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို တနင်္ဂနွေဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။

သိဟ်ရာသီဖွားများ၏ ပင်ကိုစရိုက်သဘာဝများ

သိဟ်ရာသီဖွားများသည် ဂုဏ်ကျက်သရေရှိသူများ ဖြစ်၏။ အစစအရာရာ ခေါင်းဆောင်လိုစိတ်ရှိ၏။ အစစ စွန့်ဦးတီထွင်ကြံဆနိုင်သော အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ စိတ်အားထက်သန်သူများ ဖြစ်ကြ၏။ မိမိကိုယ်ကို အလွန် အထင်ကြီးတတ်ကြ၏။ မည်သည့်ကိစ္စမဆို လိုသည်ထက်ပို၍ ပြောလို၊ လုပ်လို၊ သုံးစွဲလိုတတ်ကြ၏။ ပညာရှိ သုခမိန်ဖြစ်တတ်၏။ ရဲရင့်ထက်မြက်၏။ ရဲရင့်တည်ကြည်၏။ ယောက်ျားပီသ၏။

သိဟ်ရာသီဖွား အမျိုးသမီးများသည်လည်း ယောက်ျားဆန်ဆန် ထက်မြက်တတ်ကြ၏။ သစ္စာရှိတတ်ကြ၏။ ကတိသစ္စာကို အလွန်တန်ဖိုးထားတတ်ကြ၏။ ထက်မြက်ရုံသာမက စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။သူတစ်ပါးက မိမိအား မြောက်စားခြင်း၊ နေရာပေးခြင်း၊ ဆရာတင်ခြင်း၊ ဦးစားပေးခြင်း ဖြစ်လာက အချိန်ကုန် ငွေကုန်ခံ၍ ကိုယ်ကျိုးစွန့်၍ အားပါးတရ လုပ်တတ်၏။ အမုန်းခံစရာရှိက အမုန်းခံ၍ အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်၏။ ကိုယ့်ကို မြှောက်ပင့်မှန်းသိသိနှင့်ပင် သာယာနေတတ်၏။ ဟန်နှင့် ပန်နှင့် နေတတ်၏။အသေးအဖွဲကိစ္စများကို ငွေမည်မျှရပါစေ စိတ်မဝင်စား။ စမတ်ကျကျနှင့် လူအထင်ကြီးမည့်ကိစ္စများကိုဆိုလျှင် ငွေရနည်းသည်ဖြစ်စေ လုပ်ကိုင်လို၏။

သိဟ်ရာသီဖွားတို့၏ အားနည်းချက်မှာ ဘာပဲလုပ်လုပ် မလိုအပ်ဘဲ အကျယ်ချဲ့ခြင်း၊ အချိန်ဆွဲခြင်း၊ ဇီဇာကြောင်ခြင်း၊ သူတစ်ပါးအကြံလက်မခံခြင်း၊ သူတစ်ပါးစကားနားထောင် အကြံယူက အောက်ကျသည်၊ သိက္ခာကျသည်ဟု မာနတင်းကာ အကြံကောင်းများ လက်လွတ်ခံခြင်းတို့ပင်ဖြစ်၏။

သို့သော် သိဟ်ရာသီဖွားတို့သည် အမြင်ထူးခြား၏။ ဘယ်တော့မှ နောက်မတွန့်တတ်။ လူဖြောင့်စိတ်တိုများဖြစ်၏။ စိတ်မြန်သည်။ အားမနာတတ်။ မခံချင်စိတ်ကြီးမားသဖြင့် ခက်ထန်သည်။ မှန်သည်ထင်က မည်သူ့ကိုမှ သည်းမခံတတ်။ ရာသက်ပန် တစ်ခုတည်းသောဝါဒကို စွဲကိုင်ထားတတ်၏။ လူတွင်ကျယ်လုပ်လို၏။ လူရိုသေအောင်လည်း နေတတ်၏။

ထို့အပြင် သူများတကာနှင့် အမြင်မတူတတ်။ ကိုယ်ကိုင်စွဲသော ဝါဒအတိုင်း ခံယူလျှောက်လှမ်းတတ်၏။ ငြင်းခုံစရာရှိက အခိုင်အခန့်ငြင်းခုံ၏။ ဆန့်ကျင်စရာရှိက ရဲရဲဆန့်ကျင်၏။ ဥပဒေကိုဖြစ်စေ၊ စည်းကမ်းဘောင်များကိုဖြစ်စေ၊ အသစ်ပြုပြင် ပြောင်းလဲပစ်လိုသူများဖြစ်ကြ၏။ အခွင့်အရေးကိုလည်း မရရအောင် ယူတတ်ကြ၏။ မှန်သည်ထင်က ပြောရဲ၊ လုပ်ရဲသောသတ္တိရှိ၏။ သို့သော် သူတစ်ပါးကို ရန်လိုသောစိတ်မရှိ။ ကိုယ့်အပေါ် လျှို့ဝှက်ရန်သူများ ရှိနေတတ်ကြ၏။

စီးပွားရေးဘက်တွင် အားနည်းတတ်ကြ၏။ စိတ်ထိခိုက်လွယ်၏။ တစ်ယောက်တည်းကြိတ်ပြီးမွန်းကြပ်နေအောင် ခံစားရခြင်းမျိုး မကြာခဏကြုံရတတ်၏။ သူတစ်ပါးကို အားပေးစကား မပြောတတ်သလို ကိုယ်တိုင်ခံစားစရာရှိက ဖြေမဆည်နိုင်အောင် ခံစားချက်ကြီးတတ်၏။ ဘဝတွင် ကျွမ်းကျင်မှုတွေများပြီး ရွေးချယ်ရခက်နေသော အနေအထားတို့များစွာ ကြုံတတ်၏။ ဂမ္ဘီရပါရမီ ရင့်သန်၏။

စည်းကမ်းဘောင်အတွင်း နေမှကောင်း၏။ တစ်ခုခုစည်းဖောက်မိက သူတစ်ပါးထက် အထိနာတတ်၏။ ဥပမာ- ဥပဒေနှင့်မကင်းသော အလုပ်တို့ လုပ်မိက သူများထက်ပိုထိတတ်၏။ တွန်းတိုက်ပြီး ကြိုးစားရချိန်တွင် အားမာန်အပြည့်ရှိသလောက် အောင်မြင်သွားချိန်တွင် စိတ်ပျံ့လွင့်ပြီး အပျော်အပါးဘက် လိုက်သွားတတ်၏။ ဘဝသက်တာတွင် ငွေကိုအားတိုက် ကိုယ်စွမ်းဉာဏ်စွမ်းနှင့် ကြိုးစားပြီးရှာရတတ်၏။ စိတ်သဘောထားကောင်းမွန်ခြင်း၊ အကင်းပါးခြင်း၊ လိမ္မာပါးနပ်စွာ ပြောဆိုပြုလုပ်တတ်ခြင်း၊ စာပေဗဟုသုတ အသိဉာဏ်နှင့်ပြည့်စုံခြင်းတို့ကြောင့် ဘဝတွင် လူတစ်လုံး သူတစ်လုံးဖြစ်အောင်ကြီးမြင့်တတ်ကြ၏။

မှတ်ချက် - ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
13.02.2022

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center