ရေသန့်စက်ဆင်မယ်

အားလုံး မင်္ဂလာပါ။

မနေ့ကပဲ အိမ်မှာ ရေသန့်စက်ကလေး ဆင်တာပြီး လို့ စပြီးအသုံးပြုခဲ့ပါတယ်။ အသုံ:မပြုခင်မှာတော့ ရေစစ်တွေက ပလတ်စတစ်တွေဖယ် ပြီးတော့ RO ရေစစ်ထည့်ပါတယ်။ အဲနောက်မှာတော့ ရေစစ်တွေက ဖုန်တွေ ကို ဖယ်ဖို့ ၅ မိနစ်စက်ကို မောင်းပေးပါတယ်။ အဲဒါပြီးမှ ရေသန့်ကို စပြီးခံတာဖြစ်ပါတယ်။ စက်က တစ်နာရီကို လီတာ ၆၀ ထွက်တယ်ဆိုပေမယ့် တကယ်တမ်းကျတော့ အဲထက် အနည်းငယ်ပို တာကို တွေ့ရပါတယ်။ ၁၆ မိနစ်ကို လီတာ ၂၀ ပုံ:တစ်ပုံး ပြည့်အောင်ဖြည့်နိုင်တာတွေ့ရပါတယ်။ ကျွန်တော်တော့ နောင် ဆားဗစ်လုပ်ဖို့ လွယ်အောင် မှတ်တမ်းလေးထားထားပါတယ်။ ရေစစ်တွေကို သူ့သက်တမ်းနဲ့ သူ လှဲရမှာမို့ပါ။

ပြီးတော့ အဝင် မီးပလတ်မှာ တိုင်မာလေး တပ်လိုက်ပါတယ်။ တစ်ခါမောင်းရင် ၁၆ မိနစ် ပဲ မောင်းမှာဖြစ်ပါတယ်။ ပုံးတစ်ပုံ:စာပေါ့။ လူက စောင့်ကြည့်စရာမလိုအောင်လို့ပါ။ အဲလိုလုပ်ထားတော့အဆင်ပြေပါတယ်။ မနေ့က ပုံ:သုံးပုံ:စာရေသန့်ဖြည့်ထားလိုက်ပါတယ်။

ကျွန်တော့် ရေသန့်စက်ကတော့ ထုံးစစ်အိုးအပါ ၁၅ သိန်လောက်ကျပါတယ်။ ရေသန့်စက်က ​ခြောက်သိန်:ခွဲပါ။ ဆင်တာကတော့ ကိုယ့်ကိုယ်ကို ဆင်တာဖြစ်ပါတယ်။ မောင်းနှင်ဖို့လျှပ်စစ်မီးတော့လိုပါတယ်။ အိမ်မှာက ဆိုလာလဲ ရှိပြီးသားမို့ အဆင်ပြေပါတယ်။ ထိန်းသိမ်းဖို့အပိုင်းကျတော့ ကာဗွန်စစ်က ၆လကနေ ၁ နှစ်အတွင်းလှဲရမယ်ဆိုပါတယ်။ ရိုးရိုးရေစစ်တစ်ခုကတော့ သုံးပါတ်တစ်ခါလောက်လှဲရမယ် ပြောပါတယ်၊ သုံးရင် သုံးသလို ထင်ပါတယ်။ service life တွေကို လဲ သုံးတဲ့ လီတာအနေနဲ့ ရေးထားပေးတာကို တွေ့ရပါတယ်။ ဒီလို စက်ဆင်ထားတော့ ရေသန့်ကို အသီးအနှံဆေးတာ စတာတွေမှာပါ ပေါပေါများများ သုံးနိုင်မှာဖြစ်ပါတယ်။ ရေသန့် အရသာကတော့ ကျွန်တော်တို့ ဝယ်သုံးတဲ့ ရေအရသာနဲ့ သိပ်မကွာတာကိုတွေ့ရပါတယ်။

အားလုံးကျန်းမာကြပါစေ။

@princekham
1st Oct 2024
Myanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center