Unakite Bracelet သို့မဟုတ် လိုတရလက်ကောက်

ဒီနေ့က မှတ်မှတ်ရရ ဖေဖော်ဝါရီ ၂၉ရက်ဆိုတော့ facebookမှာ
Memory က နောက်၄နှစ်မှ ပေါ်လာမယ်ဆိုပြီး
အလုအယက် ပုံတွေ တန်းစီတင်နေကြရဲ့

တကယ်တော့ ကျွန်မအနေနဲ့
Facebookထက် Hive community ကို
ပိုနှစ်ခြိုက်ပါတယ်

ဒီနေ့ ကျွန်မ ပျော်ရွှင်စွာ ဝေမျှချင်တာက
ကျွန်မရဲ့ လိုတရလက်ကောက်လေး အကြောင်းပါပဲ

Unakite လို့ခေါ်တဲ့ ဒီကျောက်လေးကို
Lucky stone လို့ လူသိများသလို
တချို့က ထီပေါက်ကျောက်လို့
ခေါ်ပါတယ်တဲ့

မြင်နေကျမဟုတ်ဘဲ
စိမ်းရည်လဲ့ပုံက ကျောက်စိမ်းနဲ့မတူ
ကွဲပြားနေပြီး
ဆွဲဆောင်မှုရှိလို့

မြင်မြင်ချင်းသဘောကျမိပြီး
ဂျပန်လေလံပုံးကနေ
ဝယ်လာခဲ့တာပါ

ကျွန်မကတော့ လိုတရကျောက်လို့ပဲ
ခေါ်လိုက်တယ်
ဘာလို့လဲဆိုတော့

Energy ကို လေ့လာလိုက်စားတဲ့သူတွေဆို
သိမှာပါ ကျောက်ခပ်များများက
Chakra တစ်ခုစီကိုသာ
အကျိုးပြုစေတာ များပေမယ့်

ဒီ Unakiteမှာက
Root chakra (အခြေခံ စားဝတ်နေရေး ငွေကြေး ကျန်းမာရေး)
Heart chakra (စိတ်နှလုံး ခံစားချက်)
Third Eye chakra (ကြိုတင် မှန်းဆချက်နှင့် အတွေးအမြင်)
၃ခုကို
balance and supportဖြစ်စေကြောင်း
Googleကနေ ရှာဖတ်ခဲ့ရတယ်

ထူးမထူးတော့ မသိဘူး

ဒီနေ့ ကျွန်မဆီ ရောက်ရောက်ချင်း
ဘယ်လက်မှာ ဝတ်ဆင်ပြီး
တစိမ့်စိမ့်ကြည့်ရရင်ကို
ပျော်ရွှင်လာတာ ခံစားရတယ်

တိုက်ဆိုင်မှုပဲဆိုမလား
ဒီနေ့ ကျွန်မဆိုင်ကလည်း
စျေးရောင်းကောင်းလိုက်တာရှင့်

ဒီအကြောင်းလေးကို
စာသင်နေရင်း ဖျတ်ကနဲတွေးမိပြီး

Hiveက မိသားစုတို့ကို
ကြွားချင်မိလာလို့
လာတင်ပါတယ်ရှင့်

ကျန်းမာရွှင်လန်းကြပါစေ
မေတ္တာပို့သလျက်

ချစ်တဲ့ တီဖြိုး

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center