2020လောက်က
ရေးထားတဲ့ပိုစ့်ဟောင်းလေး
ဝေမျှပါရစေရှင့်
ဒီရေဗူးမြင်ရင်
အားလုံးက
ငယ်ဘဝကို သတိရရုံပဲ
ကိုယ့်ဆီမှာကတော့
ဇာတ်လမ်းလေးရှိတယ်
ဒရမ်မာ ကျကျခင်းရရင်
သူငယ်တန်းကလေးဘဝက
ဒီရေဗူးကို မက်ခဲ့တာပေါ့
ဒီရေဗူးနဲ့ ကျောင်းတက်ချင်တယ်
အမားက မဝယ်ပေးနိုင်ဘူး
တစ်ရက် ကျောင်းဆင်းတော့
စာရေးစားပွဲထဲ ဒီဗူးလေး
ဘယ်သူကျန်ခဲ့မှန်း မသိပေမယ့်
ကလေးဆိုတော့
တပ်မက်စိတ်နဲ့
အိမ်ယူပြန်ခဲ့တယ်
ရေဗူးတစ်ကိုင်ကိုင်နဲ့
ပျော်လိုက်တာ
ဘယ်သူကတော့
ရေဗူးပျောက်လို့ ငိုမလဲ
ကျွန်တော် မသိခဲ့ဘူး
အိမ်ရောက်ခါနီး ကားလမ်းအကူး
တွဲထားတဲ့ အစ်ကို့လက်ကို ဖြုတ်ချ
အမားအမား အော်ခေါ်ပြီး
အမေကို ပြချင်ဇောနဲ့
လမ်းဖြတ်ပြေးတယ်
ဒုန်းဆိုတဲ့ အသံတစ်ချက်ပဲ
ကျွန်တော် သိလိုက်ပြီး
လူက ဆယ်ပေလောက်
လွင့်ခဲ့တယ်တဲ့
ငယ်ကနေ
သူတစ်ပါးပစ္စည်းကို
ဘယ်တော့မှ မယူဖို့
သင်ခန်းစာဖြစ်ခဲ့တယ်
ခုချိန်ထိ ပြန်ပြောဆို
ရိုးဂုဏ်ရှိတဲ့ မိဘနှစ်ပါးက
မွေးလာရတာကို
ကိုယ် တကယ်နှစ်ခြိုက်တယ်
စဥ်းစားကြည့်
ကိုယ့်သမီး ကားနဲ့တိုက်လို့
ဆယ်ပေလွှင့်ပြီး
၂နာရီလောက် သတိလစ်သွားတာ
အလျော်တစ်ချက်မှ မတောင်းဘူး
အိမ်ဘေးက ဘာတောင်းညာတောင်းသင်ကြတဲ့အခါ
အို ကားဆရာက
အမေအိုကို လုပ်ကျွေးနေတာ
ကျွန်တော့ကလေးလည်း
သွေးထွက်သံယိုမှ မဖြစ်တာဗျာ
ဘာလုပ်မှာလဲ
သူများစိတ်ဆင်းရဲရမယ့်ပိုက်ဆံ
လို့ အပါး ပြန်ပြောခဲ့တာ
အခုထိ အမှတ်ရနေတုန်းပါပဲ
ရာထူးတွေ
ငွေတွေနဲ့ ပတ်သက်လို့
ခုတ်ကြထစ်ကြ
ကွက်ကျော်ရိုက်ကြတဲ့အခါ
ကျွန်တော် ပြုံးတယ်
ကျွန်တော့်ကို
ကျော်ခွလိမ်သွားကြတဲ့သူတွေကတော့
သူတို့ လိမ်ထားတာတွေ
ဆက် ဖုံး ဆက်ဖာနေရတာ
ပင်ပန်းနေမြဲပဲ
Credit photo to original uploader
အမှတ်တရဝေမျှရင်း
ချစ်တဲ့ တီဖြိုး
May 6 2024