မနက်စာ ပေါင်မုန့် တစ်ချပ်

Hive Myanmar အဖွဲ့သားများ မင်္ဂလာပါရှင့်။

ဒီနေ့တော့ သင်တန်းရဲ့ ၇ ရက်မြောက်နေ့လေးတစ်နေ့ဖြစ်ပါတယ်။ ညီမ အခု လက်ရှိလုပ်နေတဲ့အလုပ်ကနေ အနားယူပြီး သင်တန်းတစ်ခုတက်ဖြစ်နေပါတယ်။ သင်တန်းကတော့ အခြေခံ စီးပွားရေးနဲ့ပက်သတ်တဲ့ သင်တန်းလို့ပဲ ပြောရမှာပါရှင့်။ NEI ( National Enlightenment Institute) ကဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။

အခုလက်ရှိတော့ သင်တန်းက နေစရာပေးထားသလို စားစရာကို မနက်စာ Tea နဲ့ နေ့လည်စာ ကျွေးမွေးပါတယ်ရှင့်။ ညနေစာကိုတော့ စုပေါင်းချက်ပြုတ်စားသောက်ရပါတယ်။


တစ်ခါတလေ တော့လည်း မနက်စာကို ကိုယ့်ဘာသာ ၀ယ်ထားတဲ့ မုန့်အချို့နဲ့ အလွယ်တကူပဲ ဖြေရှင်းဖြစ်ခဲ့ပါတယ်။ ဒီနေ့အတွက်ကတော့ ယိုဘူးလေးနဲ့ ပေါင်မုန့်လေး တချပ်ပါပဲရှင့်။

ပေါင်မုန့်နဲ့အလွယ်တကူဖြေရှင်းလိုက်တယ်လို့ဆိုပေမယ့် အပြင်မှာ ဖြစ်နေတဲ့ ကုန်စျေးနှုန်းတွေကြောင့် ပေါင်မုန့်လည်း အရင်လို စျေးမသက်သာတော့ပါဘူး။ တနေ့တနေ့ တရိပ်ရိပ် တက်လာတဲ့ ကုန်စျေးနှုန်းအောက်မှာတော့ လူတွေလည်း အနေခက် အစားခက်ပါပဲရှင့်။

နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးအောက်မှာ လူတန်းစားအစုံ အလွှာစုံကတော့ အလူးအလဲ ဆိုပေမယ့် လူနည်းစု ကောင်းစားနေတာကတော့လည်း .......

နိုင်ငံ အမြန် ကျန်းမာပါစေ.....

H2
H3
H4
3 columns
2 columns
1 column
Join the conversation now