မဂ်လာပါ ဟိုက်ဗ် အဖွဲ့သားတို့ခင်ဗျား။
ဒီနေ့တော့ ခေါင်းစဉ်ပါအတိုင်း စာရေးရန် ကြံရာမရဖြစ်နေတော့ splinterlands game လေးထဲဝင်ပီး အချိန်ဖြုန်းနေမိပါတယ်။ အရင်ကတည်းက မဆော့ဖြစ်တော့ ပါဝါကနဲနဲပဲရှိ SPS ကလဲ နဲနဲပဲရသေးတော့ ပွဲစဉ်အားလုံးနီးပါး ဆော့တိုင်းရှုံးနေတော့တာပေါ့။
ဒါနဲ့ မိမိ လက်ရှိ Rank ကိုကြည့်လိုက်တော့ Bronze III မှာပဲ တန့်နေတာ တွေ့ရတယ်။ တနေ့က ကိုဒိုမီ ချက်ဘောက်မှာ ပြောထားတာကို အမှတ်ရမိပြန်တယ် ပါဝါနဲနေရင်တောင် League အမြင့်မှာ ရှိရင် Season Reward box လေးတွေ ပိုရနိုင်တာ သိရပြန်တော့ season timer ကလဲ ပီးကာနီးနေပီ နာရီပိုင်းပဲကျန်တော့တာလေ။
အမှတ်က Bronze II ကိုရောက်ဖို့ ၂၀၀ လောက်လိုနေသေးတာတွေ့ပြန်ရော ကဲ မထူးပါဘူး Bronze II မှာဆိုရင် Reward box က ၇ ခုတောင်ရမှာဆိုတော့ ကြိုးစားကြည့်မယ်ဆိုပီး battle ချရတော့တာပေါ့။ အချိန်အားဖြင့် နာရီပိုင်းသာကျန်တော့ နိုင်အောင်ချမှကို ရတော့မှာလေ။
ကံကောင်းချင်တော့ 7 ပွဲဆက်တိုက် နိုင်အောင်ချနိုင်ပါရောဗျာ ကံကောင်းတာ လို့ပဲကိုယ့်ကိုကိုယ်ပြောရင်း ပျော်နေမိတယ်။ season end time မတိုင်မီ မိနစ်ပိုင်းအလိုမှာပဲ Bronze II အမှတ် 400 ကိုရောက်ရှိသွားနိုင်လိုက်တော့ ဆက်မတိုက်ရဲတော့ဘူး ၁ ပွဲရှုံးတာနဲ့ league အမှတ် ကျသွားရင် reward box ၇ ခု မရမှာစိုးတာနဲ့ အသာလေး ထိုင်ကြည့်နေလိုက်တော့တယ်။
ကံကောင်းတုန်းလေး ရပ်ထားမှဆိုပီး ဘာမှမလုပ်ပဲ စောင့်နေလိုက်တယ်။ Season timer လဲပီးရော reward box လေး ၇ ခုကို မျော်လင့်ချက်ကြီးစွာနဲ့ ဖွင့်လိုက်မိတယ်။
Wow Wow ကဒ်အသစ်လေးတွေနဲ့အတူ ဆုလေးတွေရလိုက်တယ်ဗျို့။
ကိုယ်တွေက မဆော့ဖြစ်တော့ Splinterlands မှာ နောက်ကောက်ကျကျန်နေခဲ့ရပေမယ့် တစ်ချို့တွေ ပါဝါများများစုထားဖြစ်သူတွေကျတော့ SPS တွေ တော်တော်များများ ရရှိ တွက်ချေကိုက်နေကြကြောင်းကြားသိရ၍ သူတို့တွေအတွက် ဝမ်းသာမိပါတယ်။
ကျွန်တော်ကွီးရွှေကတော့ အချိန်လဲမရ၊ လိုင်းတက်ချိန်လဲနည်း၊ စာလဲမရေးဖြစ် အဆက်သွယ်ကလဲပြတ်နေတော့ Hive ပလက်ဖောင်းပေါ်မှာ မီရာကားနဲ့ လိုက်နေရတာပေါ့ဗျာ။
ဒီပိုစ်ကတော့ စာမရေးဖြစ်လို့ ကြံမိကြံရာ Splanter လေးနဲ့ ပိုစ်ဖြစ်အောင် ရေးလိုက်ရတယ်ဗျို့။
မြန်မာဟိုက်ဗ်အဖွဲ့သားများ ပါဝါများများပိုင်ဆိုင်ပီး ကြီးပွားတိုးတက်ကြပါစေကြောင်းဆုတောင်းရင်း--
@nyinyiwin
30.9.2021 PM