ကျွန်တော်နှင့် ထိုအရာ

မဂ်လာပါ ဟိုက်ဗ်အဖွဲ့သားများခင်ဗျား။

img_20190717_102851.jpg
(လွန်ခဲ့သော သုံးနှစ်ခန့်က ပြင်ဦးလွင်လမ်းတနေရာအမှတ်တရ)

ဒီချိန်ရောက်လာရင် ကျွန်တော့စိတ်တွေ မရိုးမယွနဲ့ တစ်စုံတစ်ခုကို မြင်ရလေမလား၊ ကြားရလေမလားဆိုတဲ့ မျှော်လင့်ချက်စိတ်ကလေးနဲ့ အိမ်ရှေ့ဘက် ကွပ်ပျစ်လေးဘေးမှာ လူးလာခေါက်တုံန့် လမ်းလျှောက်နေမိပါတယ်။

မျှော်ရသူအဖို့ မည်မျှပင်ပမ်းရသည်ကို စာရှုသူတို့ သိကြမည်ထင်ပါသည်။ ယခုကျွန်တော်သည်လည်း ထိုတစ်စုံတစ်ခုကို မျှောင်လင့်စောင့်စားနေရပါသည်။ ရင်မောရပါလားဗျာ။ အချိန်ကမနဲတော့ဘူး ဖုန်းစကရင်ပေါ်ကနာရီလေးကြည့်လိုက်တော့ ကိုးနာရီလေးဆယ့်ငါး ရှိနေပါပေါ့လား။

ကွပ်ပျစ်လေးနံဘေး လူးလာခေါက်တုန်ံ လမ်းလျောက်ရသည်ကလည်း ခြေသလုံးကြွက်သားများပင် တောင့်တင်း၍လာသည် ယခုထိ ကျွန်တော်မျှော်လင့်နေသောအရာ၏ အရိပ်အယောင်ကို မမြင်ရ မကြားရသေး။ အိမ်ရှေ့ပိုင်း လျှပ်စစ်မီးလုံးကလေးများကို ပိတ်ထား၍ ကျွန်တော့အနီးတဝိုက်မှာ သွေးဆာနေကြသော ခြင်များက တဝီဝီနှင့် တက်ညီလက်ညီ ကျွန်တော့အား ဝိုင်း၍ တိုက်ခိုက်နေကြသည်။

ဖုန်းစကရင်လေးကို ဖွင့်ကြည့်လိုက် လက်တစ်ဖက်ဖြင့် ဝဲသီနေသော မှောင်ခိုခြင်များကို ဝှေ့ယမ်းမောင်းထုတ်လိုက်နှင့် ကျွန်တော်တစ်ယောက်တည်း ဗျာများနေရသည်။ အိမ်ဦးခန်းမှ အမေကလှမ်း၍အော်သည် "သားငယ်ရေ အိမ်ယာဝင်တော့လေ၊ အပြင်မှာ မှောင်တယ် ခြင်ကိုက်တယ်လေ"။ အမေ့၏ စိုးရိမ်စိတ်တဝက်အသံလေးနှင့် လှမ်းခေါ်သံအား ကျွန်တော်မသိကျိုးကျွံပြုလျက် ကျွန်တော်၏ တစ်စုံတစ်ရာအား ဆက်လက်မျှော်လင့်နေမိသည်။

နောက်ထပ် အချိန်နာရီဝက်ခန့် ထပ်မံကုန်လွန်သွားပြန်သည်၊ ကျွန်တော်ဇွဲမလျော့လိုသေး ဆက်လက်ဆောင့်ဆိုင်းလိုသေးသည်။ သည်တစ်စုံတစ်ခုသော အရာကိုမှ ကျွန်တော် မတွေ့ရ မမြင်ရ မကြားရလျှင်ဤညအဖို့ အိပ်ပျော်ဖို့ရန်မလွယ်။ တလူးလူးတလိမ့်လိမ့်နှင့် အိမ်မပျော်နိုင်ဖြစ်ရမည်။ နိုးတဝက်အိမ်မက်သော်လည်း မက်ချင်မက်နေလိမ့်မည်။ အို တစ်စုံတစ်ရာရယ် အမြန်သာ ကိုယ်ထင်ပြ ကိုယ်ယောင်ပြ အလင်းပြလိုက်စမ်းပါ့။

"အုန်း-ဒုန်း-" "ဟော-ကြားလိုက်ရလား" "အင်းကြားရတယ်မိန်းမရေ" မြေကြီးတုန်ခါသွားအောင် မြည်ဟည်းသံကြီးနှင့်အတူ မဟေသီ၏ ပြုံးစစနှင့်အကြည့်သည် တစ်ပါတည်းကပ်၍ပါလာသည်။ "ကဲ ကိုရွှေချောရေ ရှင့်ဆုတောင်းပြည့်ပါပီတော်"တဲ့။

ဟုတ်ပါသည်။ ကျွန်တော်ဤအသံ၊ ဤတုန်ခါမှု၊ ဤပေါက်ကွဲသံလေးအား မျှော်လင့်နေခြင်းဖြစ်သည်။ ညစဉ် ဤအချိန် ရောက်တိုင်း ကျွန်တော်ကြားနေကြ ဤသည့်အသံနှင့် တုန်ခါမှုလှိုင်းကို စောင့်စားနေရပါသည်။ နေ့စဉ်ညစဉ် ကြားနေကြအသံအား မကြားရလျှင် စားမဝင်အိပ်မပျော်ပင်ဖြစ်၍လာရသည်။

ယခုတော့ ကြားရပါပီ "အုန်း-ဒုန်း"ဆိုပဲ ခါတိုင်းလို တချက်ထဲမဟုတ် အခုက နှစ်ချက်ဆင့်ကွဲတာ အားရလိုက်ပါဘိ။ သေချာပါပီ ယနေ့ည ကျွန်တော် ကေင်းကောင်းအိပ်ပျော်ပါပီ။ မိတ်ဆွေများအားလုံးကိုလည်း ကောင်းသောညပါလို့ နှုတ်ခွန်းဆက်ရင်းကျွန်တော်အိပ်ယာဝင်ပါပီခင်ဗျာ။

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။

@nyimwa
25.10.2021 : PM
dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center