ကျွန်တော်တို့ရွာရဲ့ ဓလေ့စရိုက်

ရွာမှာစကားပြောရင် ကျယ်ကျယ်ပြောမှာ ကြောက်ကျတယ် သူများတွေကြားသွားလိမ့်မယ် တိုးတိုးပြော ဆိုတာ ဓလေ့စရိုက်ပါ။ ဒါပေမဲ့ လူကြားမှာကြောက်လို့ ပြောလည်း အင်တာနက် လိုင်းပေါ်တင်တာထက် သတင်းမြန်တယ် ချက်ချင်းကို ပြန့်လို့ ဘာပစ္စည်းရောင်းမယ် အသံထုတ်လိုက်တာနဲ့ ပွဲစားတွေချက်ချင်းရောက်လာတာပဲ။

တောထဲ ချိန်းတွေ့တဲ့ ရည်စားအတွဲ ရွာပြန်မလာသေးဘူး ရွာထဲသတင်းပြန့်နေပြီ မိန်းမခိုးလို့ ခိုးသွားတဲ့အိမ်တောင်မရောက်သေးဘူး ရွာထဲသတင်းပြန့်နေပြီ ထူးခြားမှုတွေပေါ့။ ညအခါ လမ်းလယ်ထွက် ဆူးညံနေလို့ နားပဲစွန့်နေကြတယ် ထွက်မလာရဲကြဘူး နောက်နေ့မနက်ကတော့ ရွာထဲသတင်းကောင်းမွေးနေရောပဲ။ ဘာပြုတာတဲ့ ညာပြုတာတဲ့ တဲ့တဲ့တဲ့တဲ့ ဆိုတဲ့စကားလုံးတော်တော်သုံးကြတယ်ဗျ အခုအခါ အရင်ကလို အိမ်လည်သိပ်မရှိတာတောင် သတင်းကအရမ်းမြန်တုန်းပဲ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center