သမီးချစ်သော ကြက်တူရွေး

တနေ့က သမီး၏ ဝမ်းကွဲအမ အိမ်သို့ အလည်ရောက်ခဲ့သည်။
ထိုအိမ်၌ ကြက်တူရွေးတကောင် မွေးမြူထားသည်။

ကြက်တူရွေးငှက်လေးသည် လူနှင့်ယဉ်ပါးနေပါပြီ။
လူစကားတော့ မပြောတတ်သေးပါ။
သမီးက ကြက်တူရွေးငှက်လေးကို သဘောကျနေသည်။
သို့နှင့် အိမ်ရှင်က ကြက်တူရွေးလေးကို သမီး၏ အနားသို့ လာထားခဲ့သည်။

သမီးသည် ကြက်တူရွေး ကို မကြောက်ဘဲ ထိတို့ကြည့်သည်။
ကြက်တူရွေးငှက်လေးသည် သမီး၏ အိင်္ကျီကို နှုတ်သီးဖြင့် ဆိတ်သည်။
ကြက်တူရွေးငှက်လေးသည် ပဲစေ့တွေကို ကြိုက်နှစ်သက်သည်။
သမီးက ကြက်တူရွေးလေးကို ပဲဆံတွေ ကျွေးသောအခါ ခြေချောင်းလေးတွေဖြင့် ကိုင်ကာ နှုတ်သီးဖြင့် ဆိတ်ကာ စားပြသည်။
ကြက်တူရွေးလေးက ချစ်စရာကောင်းလို့ အမှတ်တရဓာတ်ပုံရိုက်ယူခဲ့သည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center