တူမလေး "မြတ်ဧကရီ" မွေးနေ့

မိတ်ဆွေတို့ရေ ဒီနေ့မှာတော့ ကျွန်တော်ရဲ့
တူမလေးဖြစ်တဲ့ မြတ်ဧကရီ ရဲ့မွေးနေ့
အထိမ်းမှတ်ပွဲကလေးအကြောင်းမျှဝေပေး
ချင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က
တူမလေး မြတ်ဧကရီ မွေးနေ့ပါ။ အိမ်မှာ
အတိုချုံ့ပါတီပွဲကလေး ကျင်းပဖြစ်ခဲ့
ပါတယ်။ ဒါက တူမလေးရဲ့ ၃နှစ်ပြည့် မွေး
နေ့ဖြစ်ပါတယ်။ နေအိမ်မှာပဲ ကိတ်ကလေး
ခွဲပြီး မိသားစု ဆုံဆုံညီညီ ပျော်စရာမွေး
နေ့ပွဲကလေး ကျင်းပဖြစ်ခဲ့ပါတယ်။

တူလေးက ၃နှစ်အရွယ်လေးနဲ့ မလိုက်
အောင် စကားတက်ပါတယ်။ ဒီအရွယ်လေး
တွေဆိုတာက အတုမြင် အတက်တင်ချင်
ကြတဲ့ အရွယ်ဆိုတော့ လူကြီးမိဘတွေ အ
နေဖြင့် ကလေးငယ်ရှေ့မှာ ဆင်ဆင်ခြင်ခြင်
သတိထားနေထိုင်သင့်ပါတယ်။ အထူးသ
ဖြင့် ဆဲဆိုခြင်းများကို ကလေးငယ်ရှေ့မှာ
ရှောင်ရှားသင့်ပါတယ်။

ကဲမိတ်ဆွေများလည်း ကျွန်တော်မျှဝေပေး
သော ပုံများကို ကြည့်ရှုပြီး အပျော်များ
ကူးစက်ကြပါစေ...

ကိုကိုမိုးဟိန်း
@myanmarkoko

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency