ရှားရှားပါးပါး ကံကောင်းခြင်း - ၂

ဒီနေ့ကံကောင်းခြင်းတစ်ခုနဲ့ကြုံခဲ့ရသည်။ ရှားရှား
ပါးပါး ကြုံတောင့်ကြုံခဲပင်။ ဘဝမှာ ပထမဆုံးတွေ့
ကြုံခြင်းလည်းဖြစ်သည်။

နေ့ခင်းနေပူပူတွင် ကျွန်တော်တစ်ယောက် ဗိုက်ဆာ၍
လမ်းဘေး စမူဆာသုပ်ဆိုင်၌ စမူဆာသုတ်အား
ခေါင်းမဖော်တန်းစားနေ၏။ ထိုစဥ် လူကြီးတစ်
ယောက် ရောက်လာပြီး စမူဆာသုပ် ပါဆယ်မှာနေ
သည်ကို မကြည့်ပေမဲ့ မြင်၏။ ဘာမှထူးထူးခြားခြား
မဟုတ်၍ စမူဆာသုပ်သာ မဲနေလိုက်သည်။

စမူဆာသုပ်က ကုန်သွားပြီ။ ဗိုက်ကားမပြည့်သေး။
သို့သော် နောက်တစ်ပွဲစားဖို့ မဖြစ်ပေ။ ဝင်ငွေက
ချိန်ရသေးသည်။ ထို့ကြောင့် ပြောတလင်းခါနေသော
လက်ထဲက ပန်းကန်ကိုကြည့်ရင်း ငွေရှင်းဖို့ ဆိုင်ပိုင်
ရှင်အား ခေါ်လိုက်၏။

ညီလေး ၅၀၀ ပဲကျတယ်။

ဗျာ ။ ၁၀၀၀ မဟုတ်ဘူးလား။

ဟုတ်တယ် ။ ခုနက အကိုက ညီလေးတွက် ၅၀၀
ရှင်းပေးသွားတယ်။ ညီနဲ့အသိမဟုတ်လား။

ဟာ ဟုတ်လား။ အဲ့ဒီအကို မသိဘူးဗျ။

ညီနဲ့အသိထင်နေတာ။

သြော် ဟုတ် မသိဘူးဗျ။ သူမွေးနေ့မို့ ကုသိုလ်လုပ်
သွားတာနေမှာ။ နောက်များလာဝယ်ရင် ဟိုညီလေး
က ကျေးဇူးတင်ကြောင်းပြောသွားတယ်လို့
ပြောပေးပါဦး။

ဟုတ်ကဲ့ပါ။

ဖြစ်ပုံက အဲ့သလိုပင်။ မိမိအားငွေစိုက်ရှင်းပေးခဲ့သော
ထိုအကို၏ မျက်နှာကိုပင် မိမိမှာ မမြင်လိုက်ရ။
သြော် လောကကြီးသည် အဆိုးတွေကြီးပဲ မဟုတ်ပါ
လား။ ခုလို လူကောင်းတွေလည်း ရှိသေးပါလားဟု
မိမိဖာသာတွေးမိသည်။

ဤအဖြစ်ပျက်လေးသည် ဘဝမှာ ပထမဆုံးကြုံဖူး
ဖြင်းဖြစ်၍ ရှားရှားပါးပါး ကံကောင်းခြင်း စရင်းထဲ
၌ ထဲ့သွင်းလိုက်မိပါတော့သည်။

ကိုကိုမိုးဟိန်း
သစ်အယ်သီး

<<---(Myanmar Language)--->>


# The future is in your hand# Do not kill the time# If you love yourself
# Never give up!# Try your BESTScreenshot_2021_0706_202202.png

Untitled13.png


Connect to me>>> Touch Image

KoKoMoeHeinMyanmarkoko5kokomoehei7
26-261903_facebook-f-logo-transparent-background-download-facebook.pngimage.png5a4e9e5b232b9ff0848852b19665cf59.jpg


Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
15.09.21


Screenshot_2021_0706_191708.png


H2
H3
H4
3 columns
2 columns
1 column
23 Comments
Ecency