ဘက်ထရီဖြင့် ဖုန်းအားသွင်းကြိုး

Hive Myanmar Community မိသားစုဝင်များအားလုံး
မင်္ဂလာပါ...

ဘက်ထရီဖြင့် ဖုန်းအားသွင်းကြိုး

ဒီနေ့တော့ ဘက်ထရီဖြင့်(Battery) ဖုန်းအားသွင်းလို့ရတဲ့
ဖုန်းအားသွင်းကြိုး ကိုမျှဝေပေးပါ့မယ်။

ဒီပစ္စည်းကို ဝယ်ဖြစ်ခဲ့ပုံကတော့ မီးကစတာပါ။ မီးဆိုလို့
ထင်းမီး၊ဝါးမီး လောင်တဲ့မီးမဟုတ်ပါဘူး။ လျှပ်စစ်မီးကြောင့်ပါ။
ဟုတ်ပါတယ်။ ပြောရင် လူရယ်စရာဖြစ်နေမလားတော့မသိဘူး။ ကျွန်တော်တို့အိမ်က လျှပ်စစ်မီး မရဘူးဗျ။ ဆိုတော့
ကျွန်တော့်အိမ်က မီးမရတဲ့ရွာမှာ ရှိနေလို့လားဆိုတော့ မဟုတ်ပါ။ ဘေးအိမ်များအားလုံး လျှပ်စစ်မီးရကြပါတယ်။ သည်လိုဆို
ကျွန်တော့်အိမ်က ဘာလို့ မီးမရတာလဲဆိုတော့ ပိုက်ဆံမရှိလို့
မီးမရှိသေးတာပါ။ ကဲထားပါတော့ လိုရင်းကိုဆက်ပါတော့မယ်။😁

အိမ်မှာ မီးမရတော့ ဆိုလာမီးတော့ ရှိတယ်ဗျ။ ဆိုလာမီးက ဘက်ထရီနဲ့ချိတ်ပြီးသုံးရတာ။ ဖုန်းအားသွင်းချင်လျှင်
ရွာဦးဖုန်းကြီးကျောင်းကိုသာပြေးရပါတယ်။ အလုပ်လည်း
ရှုပ်တာပေါ့။ တစ်နေ့ကမှ သူငယ်ချင်းကအိမ်လာလည်ပြီး
ဘက်ထရီနဲ့ ဖုန်းအားသွင်းလို့ရတဲ့ ကြိုးရှိတယ်ပြောလို့ ဒီကနေ့ လျှပ်စစ်ပစ္စည်းဆိုင်မှာ ရှာမေးပြီး ဝယ်ဖြစ်ခဲ့ပါတယ်။

ZHTH DC charger

ဘက်ထရီနဲ့ ချိတ်ဖို့ ညှပ်နှစ်ခုပါတယ်။ ပြီးရင် ဖုန်းအားသွင်းဖို့
ကြိုးတစ်ခုပါပြီး USB နဲ့ချိတ်ဖို့ အပေါက်တစ်ခုပါရှိပါတယ်။
သုံးတာတော့အောက်ပုံပါ ပြထားတဲ့ လုံးဝအဆင်ပြေပါတယ်။
စျေးနှုန်းက ၂၃၀၀ မြန်မာကျပ်ဆိုတော့ လူတိုင်းသုံးနိုင်တဲ့ နှုန်းပါပဲ။
ကြော်ငြာကောင်းလို့ ဝယ်သုံးချင်နေပြီမလား?😋

img_0.8261550470591534.jpg

IMG_20210507_103129.jpg

မိတ်ဆွေတို့အတွက် အခုအသုံးမဝင်သေးပေမဲ့ နှောင်တစ်ချိန်
လျှပ်စစ်မီး ပျက်လို့ ဆိုင်ကယ် ဘက်ထရီနဲ့ ဖုန်းအားသွင်း ချင်ရင်
ကျွန်တော်ခုတင်တဲ့ ပိုစ့်ကို သတိရပေးရင်ပဲ ကျေနပ်ပါပြီဗျာ။

ပီတိများကို စားသုံးရင်းဖြင့်...

ကိုကိုမိုးဟိန်း

Remember!

**We are meeting here by one comment. I am very active in
comment section. Leave a comment and get some PIZZA! **

Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency