နွေဦးတော်လှန်ရေး
နွေဦးတဲ့ မနက်ခင်းဟာ နှင်းရည်လူးရမဲ့အစား...
ကမ္ဘာမကြေဘူး ဆိုတဲ့ ဟစ်ကြွေးသံတွေနဲ့ ဖုံးလွမ်းနေတယ်။
ဒီအသံ ကမ္ဘာကြော်ရမယ်။
နွေဦးတဲ့ ဥသြသံတွေ ချိုသာရမဲ့အစား...
သေနက်သံတွေနဲ့အတူ ပြည်သူ့သွေးတွေ ခါးသီးစွာယိုစီးနေတယ်။
ဒီသွေးတွေဟာ ကြောက်သွေးမဟုတ်ဘူး။
နွေဦးတဲ့ မနက်ခင်းမှာ နှင်းမြူတွေဘယ်လောက်ဖုံးဖုံး
နေမင်းလာရင် ပျောက်ကွယ်ကြရစမြဲ...
တော်လှန်ရေးတဲ့ မတရားမှုတွေဘယ်လောက်နိုင်နိုင်
အမှန်တရားဆိုတဲ့ ဒီမိုကရေစီ ထွန်းလင်းလာရင်
ရှုံးနှိမ့်ကြရစမြဲပါ...
သစ်အယ်သီး