ဤကဲ့သို့ နံနက်စာဟု အမည်ပေးရခြင်းမှာ မနက်ပိုင်း
တွင် ရေးသားသော စာစုများဖြစ်သောကြောင့်
ဖြစ်ပါသည်။ ယခုကဲ့သို့ နံနက်ပိုင်း စာရေးရန် အလေ့
ကျင့် (ဝါ) စိတ်ကူးကို စာရေးဆရာကြီး သုမောင်
၏ နံနက်စာ ဆောင်းပါးတိုများကို ဖတ်မိပြီး ရရှိလာ
ခဲ့ပါသည်။ ထိုစာအုပ်၌ နံနက်ပိုင်းတွင် လူ၏စိတ်သည် ကြည်လင်၍ ရေးသော
စာများသည်လည်း သန့်ကာ စာချောများဖြစ်သွား
တက်သည်။ ထို့ကြောင့် မိမိကိုယ်တိုင်ကလည်း Hive Blog တွင်စာရေးသားနေသူတစ်ယောက်
ဖြစ်ရကား ဤကဲ့သို့ အလေ့ကျင့်ကောင်းတစ်ခုကို မွေးမြူဖြစ်ခဲ့ပါတော့သည်။
Photo Created in Canva
အသေးအဖွဲ့
သည်ကနေ့ မနက်ပိုင်းတွင် ပုံမှန်အတိုင်း စျေးရောင်း
နေသည်။ ဆောင်းကုန်ခါနီးပြီမို့ အအေးဓာတ်တို့က
အရိုးထဲထိကို စိမ့်ဝင်နေ၏။ စျေးသည်များကတော့
မျော်လင့်ချက်ကိုယ်စီဖြင့်(စျေးရောင်းကောင်းရန်)
အားကြိုးမာန်တက် ရှိလှသည်။ ကျွန်တော်သည်ကား
အေးလွန်း၍ စောင်ထဲသို့သာ ကွေးပြီးအိပ်ပစ်လိုက်
ချင်သော စိတ်ကားပိုနေသည်။ သို့သော်လည်း မိမိဆိုင်သို့လာရောက်စားသောက်ကြသော ဧည့်သည်
များကို ပြင်ဆင်ပေးရင်းဖြင့် အိပ်ချင်စိတ်ပျောက်ကာ
စိတ်သည် ကြည်လင်လာခဲ့သည်။
ဧည်သည်တစ်ယောက် ရောက်လာသည်။ ထမင်းကြော်မှာစားသည်။ ထိုဧည့်သည်ကို မှတ်မိနေ
ပြီ။ ပို၍မှတ်မိနေရခြင်းမှာ ထိုသူမှာ ကျွန်တော့်ကို
သိကြောင်း ကျွန်တော်မရှိခိုက် ကျွန်တော်၏မိခင်နှင့်
တွေ့၍ ပြောပြထားသော သူဖြစ်သည် အမှန်ဆိုရ
သော် ထိုသူကို မျက်မှန်းတန်း မိယုံသာရှိသည်။ ထိုသူကို ကျွန်တော်လုံးဝ မမှတ်မိပေ။ ခါတိုင်းနေ့များတွင် ဆိုင်သို့လာရောက်
စားသောက်ရင်းတွေ့ကြပေမဲ့ လူများစည်ကားနေ
သောကြောင့် စကားလက်ဆုံမကျပဲ ပြုံးပြနှုတ်ဆက်
ရုံလောက်သာ ရှိခဲ့သည်။ သည်ကနေ့တော့ ဆိုင်မှာ
လူရှင်းနေ၍ ထိုသူနှင့် စကားလက်ဆုံကျခဲ့သည်။
ထိုသူကကျွန်တော့်ကို ကောင်းကောင်းသိနေသည်။
ကျွန်တော်ငယ်ငယ်က ခရစ်ယန်ဘုရားကျောင်းသို့
မကြာခန သွားလည်ရာမှ ခင်မိခဲ့သော မိတ်ဆွေဖြစ်
သည်။ ယခုတော့ ထိုမိတ်ဆွေသည် အသက် ၂၉နှစ်
ရှိပြီး ကျွန်တော်က ၂၇နှစ် ရှိပြီဖြစ်သည်။ ငယ်ငယ်
တုန်းက အကြောင်းများကို ပြန်ပြောင်းပြောကြရင်း
စကားလက်ဆုံကြသည်။ ထိုမိတ်ဆွေက ကျွန်တော့်
နာမည်ကို သိနေသည်။ ထိုမိတ်ဆွေက ၄င်း၏နာမည်
အား မှတ်မိလားဟု မေးသည့်အခါ အားနားစွာနှင့်ပင်
အမှန်တိုင်း မမှတ်မိကြောင်း ပြန်ဖြေလိုက်ရသည်။
စိတ်ထဲတွင်တော့ မိမိ၏ မှတ်ဉာဏ်ကို အပြစ်တင်မိ
သည်။ ထိုလူ၏ နာမည်မှာ ခွန်လှမောင် ဖြစ်သည်။
တိုင်းရင်းသားဖြစ်ပုံရပါသည်။ ဘာလူမျိုးလဲဟု
ထပ်မေးဖို့ လုံးဝမကောင်းပေ။ အဲ့သလောက် ထိုသူ့အပေါ် မခင်မိရိုးဖြစ်သွားမည် စိုးသောကြောင့်
ဖြစ်ပါသည်။
ကိုခွန်လှမောင်ပြောသည်က မင့်ကိုသိပ်မှတ်မိတာ
ပေါ့ကွာ။ ငယ်ငယ်က မင်းဘုရားကျောင်းလာရင်
မင်းညီလေးကို ထိန်းရတာလေ။ မင်းညီလေးက
သိပ်တော့ပြီး ဆိုးတာ။ အခုရော မင်းညီလေး
ဘာလုပ်နေလဲ... ဟူ၍ဖြစ်သည်။
ညီလေးမှာ ဆယ်တန်းအောင်ပြီး အခုလျှပ်စစ်ပိုင်း
အလုပ်လုပ်နေကြောင်းပြန်ဖြေလိုက်ရသည်။ ကိုခွန်လှမောင်ကိုကား ယခုစာရေးနေချိန်ထိ ကျွန်တော် ဘယ်လိုခင်ခဲ့မိမှန်း မမှတ်မိသေးပေ။
ကိုခွန်လှမောင်ကတော့ ကျွန်တော့်အား မိတ်ဆွေရင်း
ချာပမာ မှတ်မိနေသည်။ ကိုခွန်လှမောင်၏ စိတ်ထဲ
တွင် ကျွန်တော်သည် ညီငယ်ကို မည်ကဲ့သို့ ထိန်းသိမ်း
ရကြောင်းကို မှတ်မိသည်။ ဘာမှကြီးကျယ်သော
အကြောင်းရာမဟုတ်ပေ။ လူဆိုသည်မှာ ကိုယ်က
ဘာမှ အရေးမကြီး၊ သေးဖွဲလေးဟု ထင်ထားသော
အကြောင်းရာသည် တစ်ပါးသူအတွက် တသက်
မမေ့နိုင်စရာ အကြောင်းရာဖြစ်နိုင်တယ်ဆိုတာကို
ဆင်ခြင်မိရင်း ယခုလို ရေးမိခဲ့ပါတော့သည်။
ကိုကိုမိုးဟိန်း
5.01.2021 / Tue.
We are meeting with a comment in here. We are lucky to be a friend and with the same goal. That is why leave a comment in this post below and get a vote
(=1 pal) from me.
Have a nice day!
You can connect to me free freely
Click here to go my FB account>>>
@myanmarkoko
KoKoMoeHein